𝐦𝐨𝐦𝐞𝐧𝐭

365 47 38
                                    

၂၀၀၁ခုနစ် ၊ ဩဂုတ်လ ၂၃ရက်နေ့

‌သေချာလျှော်ပြီးတော့ သံလွင်ဆီလိမ်းထားတဲ့သူ့ဆံပင်တွေကို ဘီးအခုံးလေးနဲ့သပ်သပ်ရပ်ရပ်ဖြစ်အောင်ဖြီး‌လိုက်ရင်းနဲ့ ‌သူ့လည်ပင်းထပ်ကကော်လံစကို သေချာဖိချလိုက်ပြီး ဗီရိုနဲ့တွဲနေတဲ့ကိုယ်လုံးပေါ်မှန်မှာ သူ့ကိုယ်သူတစ်ချက်ကြည့်လိုက်တယ် ။ အစိမ်းနုနုလက်တိုရှပ်အင်္ကျီကိုဂျင်းအပျော့သားနဲ့တွဲဝတ်ထားတာက တကယ်လိုက်ဖက်တာပဲလို့တွေးနေမိတယ် ။ နောက်ဆုံးအနေနဲ့ သူ့အမရဲ့အလှပြင်ပစ္စည်းတွေထဲက နှင်းဆီနံ့သင်းတဲ့ရေမွှေးကိုတဖြတ်ဖြတ်မြည်အောင် တစ်ကိုယ်လုံးမှာဆွတ်လိုက်ပြီးတော့ သူကအိမ်ခန်းလေးထဲကထွက်လို့လာတယ် ။

ဂျွန်ဂယူ့ရဲ့ခြေလှမ်းတွေက တက်ကြွလို့နေတယ် ။ သူဟာ လေးပတ်တိတိအမေပေးတဲ့မုန့်ဖိုးတွေကိုစုခဲ့ပြီးတဲ့အခါမှာ ယန်း ၂၀၀ ဆိုတဲ့ပိုက်ဆံကိုလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားနိုင်ပြီ ။ တိုက်ခန်းတွဲလေးကိုသူတို့တွေပြောင်းနေခဲ့တာရော ၊ ဟာရူတိုနဲ့သူငယ်ချင်းဖြစ်တာရော နှစ်လတင်းတင်းပြည့်ခဲ့ပြီ ။ 

ထိပ်ချွန်ချွန်ဘွတ်ဖိနပ်ကိုစီးထားတဲ့သူ့ခြေထောက်တွေက လှေကားထစ်တွေ တစ်ထစ်ပြီးတစ်ထစ်ကို ခပ်မြန်မြန်ပဲဆင်းချလို့လာတယ် ။ အောက်ထပ်လဲရောက်ရော သူမမျှော်လင့်ထားတာတစ်ခုက သူ့ကိုရေခဲရေနဲ့ပတ်လိုက်သလို အိပ်မက်ကနေနိုးထဖို့အတွက်စီးကြိုတယ် ။

ညနေသုံးနာရီဖြစ်ပြီမို့ သူ့အမဟာကောလိပ်ကနေပြန်လို့လာပြီ ။ ခပ်ကျဉ်းကျဉ်းတိုက်ခန်းဝမှာဟာရူတို့အမေက သူ့အမနဲ့စကားရပ်ပြောရင်း ရယ်လို့မောလို့ ။ သူတို့ဘေးမှာတော့ ကီမိုနိုဝတ်စုံနဲ့တုန်းကလို သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ ဟာရူတိုကရပ်လို့နေတယ် ။ စောနကထိပျော်ရွှင်နေတဲ့သူ့ခြေလှမ်းတွေက ငြိမ်သက်သွားတယ် ။

ထုတ်ပြောမရတဲ့တိုင်အောင် သူ့အမနဲ့ဟာရူတိုကိုတွဲမြင်ရတာက သူ့ကိုစိတ်မသက်မသာဖြစ်စေတယ် ။ ရင်ဘတ်ထဲကနေ စူးအောင့်ပြီးတော့ အရာအားလုံးကအမှောင်ဖုံးသွားသလိုမျိုး ။

ဂျွန်ဂယူက လှေကားထစ်မှာဒီတိုင်းမတ်တပ်ရပ်ရင်း ဆက်ဆင်းသင့် ၊ မဆင်းသင့်ကိုစဉ်းစားနေတယ် ။ ဟာရူတိုကခြေစုံကိုမတ်မတ်ရပ်နေရင်းကနေ ဝင်ပေါက်ကိုဆွဲပိတ်ရတဲ့သံတံခါးမှာကိုယ်ကိုယိမ်းလို့မှီလိုက်တယ် ။ သူ့မျက်နှာကခန့်မှန်းလို့မရဘူး ။ တပြေးတည်းဖြစ်နေတဲ့မျက်နှာထားနဲ့နောက်ကွယ်မှာ ဟာရူတိုကသူ့အမနဲ့နီးကပ်နေရလို့ ပျော်နေနိုင်မှာလား ။ ဒါကိုဂျွန်ဂယူ့အနေနဲ့တွေးကြည့်ဖို့တောင်မဖြစ်နိုင်ဘူး ။

You've reached the end of published parts.

⏰ Last updated: Sep 17, 2022 ⏰

Add this story to your Library to get notified about new parts!

𝐛𝐮𝐫𝐧𝐢𝐧𝐠 𝐝𝐞𝐬𝐢𝐫𝐞【 𝗵𝗮𝗿𝘂𝗸𝘆𝘂 】  Where stories live. Discover now