Relationship Struggles

1.2K 153 8
                                    

" Aiyooo .. Jeno Lee . Birthday Boiii
Long Time No See ! "

အီမာ့ခ်က သူတို့‌ထိုင်နေတဲ့ စားပွဲဆီ ၀င်လာကတည်းက အသံအကျယ်ကြီးနဲ့ ။ စားပွဲဝိုင်းမှာ ရှိတဲ့ ကျန်တဲ့သူ သုံးယောက်လုံးကလည်း ဂျဲနိုနဲ့အတူ လိုက်ရယ်ကြတယ် ။

အမြဲတမ်း အဆက်အသွယ်ရှိနေတာကို အထူးအဆန်းလုပ်တော့ဖြင့် သူတို့အားလုံး ရယ်မိရတာပါပဲ ။

" ဘယ်တုန်းက ပြန်ရောက်နေတာလဲ "

" လွန်ခဲ့တဲ့ လေးရက်လောက်က ။ ဒါပေမဲ့ မအားနေတာနဲ့ မင်းတို့ကိုပါ မပြောဖြစ်တာ "

ချန်းလော့ကနေရာမှာ ထိုင်လိုက်တဲ့ မာ့ခ်ကို လှမ်းမေးတော့ မာ့ခ်က ရေဘူးကို ဖွင့်နေရင်းက ပြန်ဖြေတယ် ။

တက္ကသိုလ်ကျောင်းသားဟောင်းတွေ့ဆုံပွဲထဲ ကိုယ့်အသီးသီးက သိကြတဲ့သူတွေနဲ့ တစ်ဝိုင်းထိုင်နေကြတော့ နေရခက်စရာလည်း မရှိလို့ အရာအားလုံးက အေးအေးဆေးဆေး ။

" ဒုံးဟျော့ခ် ! အီဒုံးဟျော့ခ်မလား ။ မတွေ့တာကြာပြီ ။ မင်းက အများကြီး နာမည်ကြီးနေတာပဲ ။ ငါ့ညီမက မင်းကို တအားကြိုက်နေတာ ။ ငါတို့သူငယ်ချင်းပါဆို မယုံဘူး ။ ငါနဲ့ဓာတ်ပုံရိုက်သွားဦး "

သူတို့သူငယ်ချင်း အုပ်စုထဲ အီမာ့ခ်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီး ‌ဒုံးဟျော့ခ်ကတော့ နာမည်ကြီးတဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာတယ် ။ ငြိမ်သက်ပြီး ရေသောက်နေတဲ့ ရန်ကျွင့်က ပန်းချီဆရာလုပ်‌နေပြီး ၊ ရယ်မောနေတဲ့ ချန်းလော့က နာမည်ကြီး ဘက်စကတ်ဘော ကစားသမားလုပ်နေရဲ့ ။  ဂျဲနိုကတော့ သူယူခဲ့တဲ့ မေဂျာအတိုင်း ဗိသုကာပညာရှင် ဖြစ်လာတယ် ။ နောက်ပြီးတော့ ဂျီဆောင်း .. သူတို့အုပ်စုထဲ နောက်ဆုံးမှ ရောက်လာပေမဲ့ ဂျီဆောင်းက ဆရာ၀န် ..။

" နာဂျယ်မင်းကိုရော မတွေ့ပါလား ။ ဆရာ၀န်ဆိုတော့ အလုပ်တွေ ရှုပ်နေလို့လား "

ဘေးနားက လာနှုတ်ဆက်သူရဲ့ အမေးစကားနောက်မှာ သူတို့စကားဝိုင်းကလေးက တိတ်ဆိတ်သွားတယ် ။
အကြည့်တွေအားလုံးက ဂျဲနိုရဲ့ဆီမှာ ။
ဂျီဆောင်းက ဂျယ်မင်းရဲ့ ဂျူနီယာညီလေးဖြစ်ပြီး .. ဂျယ်မင်းကြောင့်နဲ့ ဒီအုပ်စုထဲ ရောက်လာခဲ့တာ ။

Relationship Struggles // NoMin Where stories live. Discover now