10

674 83 11
                                    

ဒီနေ့ကပါးပါးတို့ပြန်လာမဲ့နေ့ပဲအလုပ်သွားပြီးအလုပ်ထဲရောက်မှဖေဖေတို့သွားကြိုရမယ်
"ဂျင်ဂျင် ပါးပါးတို့ပြန်လာရင်အိမ်ထောင်ပြုရမဲ့ဆိုတာကြီးစီစဥ်ပေးရင်ဘယ်လိုလုပ်မလဲဟင်"
"မရောက်သေးတာကိုကြိုမစဥ်းစားစမ်းပါနဲ့ကွာအခုအလုပ်သွားမဲ့အကြောင်းပဲပြော"
"ဟုတ်တယ်bibiအခုစိတ်ချမ်းသာအောင်နေ နောက်လာမဲ့ကိစ္စနောက်မှရှင်းမယ်"
"အေးပါကွာ"
"မဂ်လာပါ နံနက်ခင်းပါမမတို့"
"မဂ်လာပါကွယ် ဒီနေ့ရောဘယ်လိုမွှေဖို့စဥ်းစားထားလဲ"
"ဟာ မမကလဲကျတော်တို့ကမမွှေပါဘူးနော်"
"ဟုတ်တယ်ကျတော်တို့ကမမွှေပါဘူးအဲ့Ceoသုံးယောက်ကိုကကြောင်တောင်တောင်နိုင်နေတာ"
"ဟို.. ဟို မောင်လေးတို့မပြော"
CEOတို့အတင်းကိုအားရပါးပြောဖို့ချိန်နေတဲ့အမွှေသုံးယောက်နောက်မှာသူဌေးတို့လာလို့တားနေတာကိုတားမရဘူးပြောနေကြတာကျမဒီနေရာမှာသာအငွေ့ပျံလိုက်ချင်တယ်
"မပြောလို့မရဘူးမမပြောပြအုံးမယ်သိလား သုံးယောက်ပေါင်းလို့လူနဲ့တူတာတစ်ယောက်မှမပါဘူး တစ်ယောက်ကလဲကြောင်ရုပ်နဲ့သိလားမမ မျက်လုံးကမှေးသေးတယ် အရပ်ကပုသေး သွားကျတော့လဲသေးသေးလေးရယ်ဒေါသကြလူနဲ့မလိုက်ဘူးသိလားမမသူပဲဆရာကြီးစတိုင်"
"မောင်..မောင်လေးတို့တော်သင့်"
"တော်လို့မရသေးဘူးကျတော်ပြောပြအုံးမယ် တစ်ယောက်ကျတော့လဲကျားရုပ်နဲ့ လူကိုပြောဖို့ဆိုသူကတအားသွက်တာကပ်စေးကလဲနည်းလိုက်တာ အလုပ်လုပ်ရင်လဲအပြစ်ပြောဖို့ချောင်းနေတာ ပဲကများသေးတယ်သိလားသူ့ကိုသူလှတယ်ထင်နေတာဆံပင်ကျတော့လဲကျားရုပ်ပါဆိုကောက်လိုက်သေးတာလမ်းဘေးကအ​ေလ လိုက်နေတဲ့သူကျလို့"
"သူတို့ထဲတော့ဂျောင်ကုဆိုတဲ့သူအဆိုးဆုံးပဲရုပ်လေးကြည့်တော့ယုန်သူငယ်ရုပ်လေးနဲ့ သူ့ကိုယ်သူမာဖီးယားဂိုဏ်းချုပ်စတိုင်ဖမ်းနေတာ စိတ်ဓာတ်ကလဲဆိုးလိုက်တာ ဆရာကြီးစတိုင်ကဖမ်းသေး သူကထယ်​ယောင်းထက်ပဲများသေးတာ မျက်လုံးပေါ် နှုတ်ခမ်းပေါ်တွေကလဲဘာတွေလုပ်ထားမှန်းမသိဘူးဂျင်ဂျင်လိုလှရင်တော့လုပ်ပေါ့ဗျာအခုကWwh ဂျင်လောက်မှမလှပဲအလှကတအားကြိုက်တာ လူကိုတွေ့တာနဲ့ဆူမယ်ငေါက်မယ် ဆဲမယ်အပြစ်ပေးမယ်သူကဒါပဲလုပ်ဖို့စဥ်းစားနေတာအဲ့ဒါကြောင့်လဲရုပ်တအားဆိုးနေတာသိလားမမ"
"အမလေးမောတာ"
"ရောရေလေးသောက်"
"ကျေးဇူးတင်.....ဟင် CEO"
"ထယ်.. ထယ်ယောင်း မောနီးပါဟီးဟီး"
"မဂ်လာရှိသောနံနက်ခင်းပါယွန်းဂီ"
ကျတော်တို့သုံးယောက်ဒီနေ့အလုပ်ထဲကိုငါးမိနစ်လောက်နောက်ကျပြီးမှဝင်လာတာပါအရင်နေ့ကဆိုအစောရုံးခန်းထဲဝင်နေကျပါကျတော်တို့ကုမ္ပဏီကိုဝင်ဝင်ချင်းကြားလိုက်မြင်လိုက်ရတာကတော့ အမွှေစိန်သုံးယောက်ဗျာအတင်းပြောစရာရှားလို့စောစောစီးစီးကိုယ့်ကုမ္ပဏီကသူဌေးတွေအတင်းများအားရပါးရကိုပြောနေတာဗျာ ရှေ့နောက်လဲမကြည့်ဘူး
"ဆော့ဂျင်မင်းတို့ဘာတွေပြောနေတာလဲ"
"ဟို.. ဟို CEOတို့ခေျာကြောင်းလှကြောင်းစိတ်ထားကောင်းကြောင်းပြောနေတာပါ"
ဘုရားဘုရားငါပြောတာတွေများကြားသွားလားမသိဘူးမားမားရေကယ်ပါအုံး
"ဟုတ်လို့လားဆော့ဂျင်ငါကြားတာအဲ့လိုမဟုတ်ပါဘူး"
"ဟုတ်ပါတယ်CEOရဲ့ CEOနားကြားလွဲတာနေမှာပါဟုတ်တယ်မလားjijiနဲ့bibi"
"ဟုတ်..ဟုတ်..ဟုတ်ပါတယ်"
ဒီပေါက်စတွေဗြောင်လိမ်ဗြောင်စားကိုလုပ်နေတာသူတို့နောက်ကမတ်တပ်ရပ်ပြီးနားထောင်နေတာကိုမသိပဲအခုကိုစကားကိုနှစ်ခွပြောနေတာ
"ငါလိမ်တာမကြိုက်ဘူး"
"မလိမ်ပါဘူးတကယ်ပြောတာပါ"
လိမ်တာမကြိုက်မမေးနဲ့ပေါ့ကြောင်မသားရဲ့လိမ်မှရမှာမလို့လိမ်ပါတယ်ဆိုနေမှဒီကြောင်တော့စိတ်ရှိလက်ရှိကိုင်ပေါက်လိုက်ရရင်တော့
"ကြောင်တို့ ကျားတို့ ယုန်သူငယ်တို့ဆိုတာကဘယ်သူ့ပြောတာတုန်း"
"အဲ့ အဲဒါက ဟို ဟို သြော် ညကကြည့်တဲ့ကာတွန်း ကာတွန်းထဲပါတယ်ပြောပြနေတာဟုတ်တယ်မလားမမ"
"ဟင် မ..မ.. မမမသိဘူးခုနမင်းတို့ပြောတာတွေဘာမှမကြားလိုက်ဘူး"
အပျိုကြီးမမ အဲ့ဒါကြောင့်အပျိုကြီးဖြစ်နေတာဘယ်နယ့်ဗျာဟုတ်ပါတယ်လို့ပြောတော့ဘာဖြစ်လို့တုန်းဘာ ဘာမှမကြားတာတုန်းနားထောင်တုန်းကထောင်ပြီးတော့
"သူမကြားလဲjijiတို့ကြားတယ်လေနော်"
"သူဌေးတို့နောက်ကျလှကြီလား အခုမှရောက်တာလားကျတော်တို့ကိုဘာခိုင်းမလို့လဲဗျ"
သက်သက်မဲ့စကားလမ်းကြောင်းလွှဲနေတာဒီပေါက်စတွေ
"ဘာမှမခိုင်းဘူး "
"နောက်ခါအတင်းပြောရင်ကိုယ့်အလုပ်ရှင်တွေ​ကြောင်းမပြောနဲ့"
"ကြည့်ကျပ်နေကြည့်ကြပ်စား ကလေးဆိုဒ်တွေဖမ်းမနေနဲ့"
"ဟုတ်"
ကျတော်တို့နားထင်ကိုလက်နဲ့ထိုးပြောသွားသောအလုပ်ရှင်သုံးယောက်ရယ်ပါ
"အလကားဘဝင်လေဟပ်နေတဲ့သူဌေးတွေတို့အတင်းပြောပေးတာတောင်ဂုဏ်ယူရမဲ့ဟာကို"
"ကင်ဆော့ဂျင်"
"ဗျာ"
ကျတော်တို့စကားနားထောင်သောနားမထောင်သောမပြောနဲ့သူတို့​​ရှေ့ကအခုမှရုံးခန်းထဲဝင်မလို့လှည့်ရုံရှိသေးတယ်ပွစိပွစိကပြောနေပြီဟူးးးးရူးချင်တယ်ဒီသုံးယောက်နဲ့တော့
ဒေါက်ဒေါက်ဒေါက်
"ဝင်ခဲ့ပါ"
"ကျွန်တော်တို့အပြင်ခနလောက်သွားလို့ရမလားဗျ"
"ဘာလုပ်တုန်း"
အဲ့ဒါမှခက်တာဘာလုပ်လို့ဖြေရမှာလဲဖေဖေတို့သွားကြိုမလို့ဖြေလို့ကမရ
"သြော်အဲ့ဒါက bibiဗိုက်အောင့်နေလို့ဆေးခန်းပြမလို့"
"ဟမ် ေသြာ် ဟုတ်တယ်ကျတော်ဗိုက်အောင့်နေလို့ပါအားး ကျွတ်ကျွတ်ဗိုက်အောင့်လိုက်တာအားးး"
လျှပ်တစ်ပျက်ဂျင်ဂျင်က ကျတော်ဗိုက်အောင့်တယ်ပြောတော့သဘောပေါက်ပြီးအောင့်ပြရတာပေါ့
နေပါအုံးဆော့ဂျင်ပြောမှဗိုက်ထအောင့်တယ်ဒီအမွှေစိန်တွေဟုတ်ရောဟုတ်ရဲ့လား
"မင်းဗိုက်အောင့်တာကလဲဆော့ဂျင်ပြောမှထအောင့်သလိုပဲ"
"ဗိုက်အောင့်တာပဲဗျာ ဂျင်ဂျင်မပြောတဲ့အချိန်မှအောင့်ကမှာလား"
"ဒါဆိုငါလိုက်ပို့မယ်Hoseok"
"ရပါတယ်ထယ်ယောင်းရယ်ဂျင်တို့လိုက်ပို့ပါလိမ့်မယ်"
"bibiတော်တော်နာနေလောက်ပြီသွားခွင့်ပြုပါအုံး"
"အားးးးတော်တော်နာနေပြီ ပြန်တော့မယ်ဘိုင်ဘိုင်"
ဘာလားဒီကောင်တွေဒီတစ်ခါတော့ကျန်းမာရေးကြောင့်လွှတ်ထားလိုက်အုံးမယ်
"မနက်ဖြန်အန်ကယ်တို့နဲ့မိသားစုတွေ့ဆုံပွဲရှိတယ်"
"ဟုတ်တယ်အဲ့ဒါဘယ်hotelစီစဉ်ရမလဲမသိဘူး"
"ငါတို့ပိုင်တဲ့hotelပဲစီစဉ်လိုက်မယ်ကွာသူတို့သားတွေလဲပါမယ်ပြောတယ်"
"အင်းအဲ့ဆိုစီစဥ်လိုက်မနက်ဖြန်ည6:00​ရီအဆင်သင့်ဖြစ်နေအောင်"

ချစ်ရတဲ့လူကြီးWhere stories live. Discover now