11

726 94 18
                                    

ကျတော်တို့သုံးယောက်hotelထဲကိုဝင်ဝင်ချင်းဖေဖေကခေါ်လို့ထိုင်တဲ့နေရာတွေကိုကြည့်လိုက်တဲ့အချိန်ကမ္ဘာပေါ်မှာရှိ​​ြကသောနတ်မြတ်နတ်ကောင်းနတ်အပေါင်းအားနေတဲ့နတ်တွေအကုန်ဆင်းပြီးကယ်ပါမအားတဲ့နတ်တွေလဲခနလောက်ဆင်းပြီးကယ်ကြပါဘာပဲဖစ်ဖြစ် ဖြစ်သမျှအကြောင်းအကောင်းပဲခက်တည်တည်နဲ့သွားထိုင်နေလိုက်မယ်
"သားတို့လာထိုင်လေ"
"ပြူးပြူး​ကြောင်ကြောင်နဲ့ဘာဖြစ်နေတာလဲသားတို့လာကြလေ"
"ဟုတ်.. ဟုတ်"
"ကဲဒါကတော့ကျတော်ရဲ့သားJeonJung KookပါMr.Kimတို့"
"ဒါကကျတော်ရဲ့သား Kim Taeyaungပါ"
"သူကကျတော်ရဲ့သားMin Yoongiပါ"
"သားလေးတွေကခန့်လိုက်တာလူကြီးလူကောင်းဆန်လိုက်တာ"
"အိမ်ကဟာတွေနဲ့များကွာပေါ့"
မေမေတို့များလူစုံရင်သူများသားတွေကောင်းကြောင်း ကိုယ်သားတွေမကောင်းကြောင်းဖောက်သည်ချပြီ
"ဒါကတော့ကျတော်ရဲ့သားKim"
"ရတယ်ပါးပါး သားသားသူမိတ်ဆက်လိုက်မယ်"
"သားနာမည်ကကင်ဆော့ဂျင်ပါ အန်ကယ်လေးအန်တီ​လေးတို့"
"ဟယ်ကလေးကချစ်ဖို့ကောင်းလိုက်တာ စကားပြောလေးကလဲယဥ်လိုက်တာအိမ်က ဂလန့်ကလောနဲ့ဘာမှမဆိုင်ဘူး"
"ဟုတ်ပဟယ်နုဖက်နေတာပဲ"
"စိတ်ပျိုတော့ကိုယ်နုဆိုတာအဲ့ဒါပြောတာအိမ်ကဟာတွေကအဖိုးကြီးတွေ အလုပ်လောက်ပဲ"
သြော်မေမေတို့ရယ်မေမေတို့ပဲအလုပ်တွေဦးစီးပြီးလုပ်ခိုင်းလို့ကျတော်တို့ကဦးစီးပေးတာကိုအခုကျတော့လဲအဖိုးကြီးတွေတဲ့တရားပါတယ်
"ကျတော့်နာမည်က Park jiminပါဗျjijiလို့ခေါ်လဲရပါတယ်"
"သားလေးကဆန်မုန့်လုံးလေးကျနေတာပဲချစ်စရာကောင်းလိုက်တာအိမ်ကမြှောင်ဂီနဲ့များဘာမှမဆိုင်ဘူး"
မြှောင်ဂီတဲ့လားမေမေရယ်အခုတော့ အစကမေမေပဲကြောင်လေးနဲ့တူလို့ချစ်တာဆို
"ကျတော်နာမည်ကJung hoseokပါbibiလို့ခေါ်လဲရပါတယ်"
"bibiလေးကစကားပြောတာလေးက ကလေးကျနေတာပဲ အိမ်ကအပေါက်ဆိုးနဲ့လားလားမှမတန်ဘူး"
ဒီပေါက်စသုံးယောက်တော်တော်ကိုဟန်ဆောင်ကောင်းတယ်ကျတော်တို့ရှေ့မှာခက်တည်တည်ပဲထိုင်နေတာဘာမှမဖြစ်သလိုပဲ
"ဒီက Kim Seok Jinတို့ jimin hoseokတို့ကျတော်တို့နဲ့များတစ်နေရာရာမှာဆုံဖူးကြသလားဗျ"
ဒီယုန်သက်သက်မဲ့ရွဲ့​မေးတာ နေ့တိုင်းတွေ့နေတာကိုတစ်နေရာရာဆုံဖူးသလားတဲ့ငါဆဲလိုက်ရင်မကောင်းဖြစ်အုံးမယ်ဒါမျိုးလာမလုပ်နဲ့ဂျင်တဲ့တစ်ဂျင်ပဲရှိတယ်
"စိတ်ထင်နေလို့နေမှာပါကျတော်တို့မတွေ့ဖူးပါဘူး"
ပြီးရောမတွေ့ဖူးဘူးတဲ့ငါကရွဲ့မေးတာဒင်းကပြန်ရွဲ့လိုက်သေးတယ်
"ကျတော်တို့တွေ့ဖူးတဲ့သူတွေနဲ့နာမည်နဲ့ပါဆင်နေလို့ပါ"
"ထယ်ယောင်းရယ်လူဆိုတာနာမည်တူမရှားလူတူမရှားပါ"
ဒင်းတို့အမွှေသုံးယောက်မျက်ခွက်ကိုခွေချီသွားတောင်မှတ်မိတယ်ဘာနာမည်တူလူတူတွေပြောနေတာလဲ
"တစ်ချို့တွေများနော်ပုသာ ပုသာမိဘမဲ့ဇာတ်လမ်းပြောသွားတာဆရာကြီးပဲ"
"ခင်များဘယ်သူ့ပြောတာလဲပုတယ်ဆိုတာ"
"ဒီထဲမှာပုတဲ့သူဘယ်နယောက်ပါလို့လဲ"
"နှစ်ယောက်လေ"
"ဘယ်မှာလဲငါတော့မင်းတစ်ယောက်ထဲ​မြင်တာပါ"
"အော် ဒီကယွန်းဂီကပုတဲ့ထဲမပါဘူးလား"
"မင်းပုသလောက်စကားပြန်ပြောနိုင်တယ်စကားကြောရှည်တယ်"
"ခင်များလိုပေါ့"
"ဟာ မင်း"
"တော်ပါတော့ကွယ်သားလေးတို့ကသိနေကြတာလား တစ်ယောက်နဲ့တစ်ယောက်စနောက်တဲ့အထိသိကြတယ်ဆိုတော့အရမ်းခင်ကြတယ်ပေါ့နော်"
"အဲ့လိုတစ်ယောက်အကြောင်းတစ်ယောက်သိနေပြီဆိုတော့ဖေဖေတို့အပိုမပြောချင်တော့ဘူး"
"မင်းတို့ဒီလကုန်ရင် လက်ထပ်ကြရမယ်"
"ဗျာ"(ခြောက်ယောက်လုံးအသံနော်)
"သားတို့သဘောမတူနိုင်ဘူးဖေဖေ"
"ဟုတ်တယ်jijiပြောသလိုbibiလက်မခံနိုင်ဘူး"
"Jinjinလဲသဘောမတူနိုင်ဘူးသူတို့လိုလူမျိုးမယူနိုင်ဘူး"
အော် ဟော သူတို့ကကျတော်တို့ကိုမယူနိုင်ဘူးတဲ့ငြင်းရမှာကကျတော်တို့ကငြင်းရမှာလေသူတို့လိုအမွှေတွေကငြင်းတယ်ဆိုတော့ကျတော်တို့မာနထိခိုက်သလိုပဲ
"Jinလေးဘယ်လိုတွေပြောနေတာလဲဖေဖေတို့ကစီစဥ်တာကိုဘာလို့ငြင်းရတာလဲ"
"ဟင့်ကိုကို သူတို့ကဂျင်လေးတို့ကိုအနိုင်ကျင့်ထားတဲ့ceoတွေပဲ"
"ဟဲ့ဂျောင်ကု နင်ငါ့သားလေးတွေကိုဘာလို့အနိုင်ကျင့်တာလဲ"
"မေမေ မဟုတ်ဖူး သားတို့အနိုင်မကျင့်ဘူးသူတို့ကသာ"
"ဘာမှလာမပြောနဲ့"
အမလေးနော်မတော်ရသေးတဲ့သားမက်ကိုနာနေတာဆော့ဂျင် ဆော့ဂျင်မင်းတော့နေထားအုန်း
"မင်းတို့နဲ့စကားအေးအေးဆေးဆေးပြောရအောင်တစ်နေရာရာကိုသွားရအောင်"
"ဘာလဲCeoတို့ကတစ်နေရာရာခေါ်ပြီအစဖျောက်လိုက်မလို့လားbibiကြောက်တယ်နော်"
"ဟဲ့ နင်တို့ကလေးတွေကိုဘယ်လောက်တောင်နှိပ်စက်ထားလို့ကလေးတွေကကြောက်နေရတာလဲဟမ်"
စိတ်တွေလဲညစ်ပါတယ်ဗျာဘယ်ဟာ အစဖျောက်ကမှာလဲမကောင်းတဲ့အကြံသူတို့အကုန်ထွက်တယ်အမေတို့ကတစ်မျိုးပြောသမျှအကုန်ယုံနေတာသူတို့ဟာလေးတွေဆိုးတာကျမသိဘူး
"မင်းတို့ဒီထက်ကလေးတွေအပေါ်အနိုင်ကျင့်နေရင်အမွေပြတ်ပဲနော်"
"ကျမတို့သားတွေပြောတာလဲမယုံနဲ့သူတို့ကဉာဏ်များတယ်​နှောက်ဖို့လောက်သိတာ"
"သားဂျင်တို့ရုပ်ကမွှေမဲ့နှောက်မဲ့ရုပ်မဟုတ်ဖူးအသုံးမကျတာဂျောင်ကုတို့နေမှာ"
ကောင်းရော မွှေမဲ့ရုပ်မဟုတ်ဖူးတဲ့ အရင်ကဟာတွေမြင်အောင်ပြလိုက်ချင်တာ
"ကဲသားတို့အချင်းချင်းစကားပြောမှာဆိုသွားကြလေ"
"စကားပြောပြီးလို့ညှိနှိုင်းပြီးရင်လဲလက်ခံတယ်ဆိုတဲ့အဖြေပဲပေးရမယ်"
"လက်မခံဘူးငြင်းရင်ငါတို့ကိုအဖေ အမေလို့ကိုမခေါ်နဲ့တော့ "
"အဲ့ဒါကတော့မေမေရယ်"
"ပါးစပ်ပိတ်ထားမြှောင်ဂီ"
ရှင်းပြမလို့ဟာကိုနားမထောင်ဘူးလူကြားထဲအားရပါးရခေါ်ချတာမြှောင်ဂီတဲ့အမေတို့အရမ်းဖြစ်နေကြတာဘာမက်စရာရှိလို့ဒီသုံးယောက်ကိုမက်နေတာလဲ
"လာသွားကြမယ်"

ချစ်ရတဲ့လူကြီးWhere stories live. Discover now