Part 1

2.3K 165 2
                                    

" Hyung ... မသွား... "
" ခွမ်း ... " သူ့ဘေးကို ဖန်ခွက်နဲ့ ပစ်လိုက်ပြီး သူ့စကားကို ဖြတ်လိုက်တယ်။ သူ့ဘေးနားမှာ ဖန်ကွဲစ တွေ ပျံ့ကျဲသွားတယ်။ ၁၀နှစ်သားအရွယ် ကောင်လေး တော်၂ ကြောက်သွားရှာတယ်။
" မင်းငါ့ကို ဘာမှ complain တက်စရာမလိုဘူး ငါအားလုံး စီစဉ်ပြီးသားပဲ။ မင်းဘာမှ ပူစရာ မလိုဘူး။ "
" ဒါမဲ့ Hyung ... ကျွန်တော် ... တစ်ယောက်တည်း ဟိုမှာလေ ... ကြောက်တယ် "
သူ့ Hyung က သူ့ ပခုံးနှစ်ဖက်ကို တင်းကျပ်စွာ စုပ်ကိုင်လိုက်ပြီး အညှိုးကြီးတဲ့ မျက်ဝန်းနဲ့ စိုက်ကြည့်ကာ
" ငါ့ Appa အသက်ဆုံးရှုံးခဲ့ရတာ မင်းက ကြောက်ပြနေသေးတယ် ဟုတ်လား 'Sehun' တောက်... " ဆိုပြီး တွန်းချပလိုက်တယ်။
ဘေးနားမှာ ပျံ့ကျဲနေတဲ့ ဖန်ကွဲစနဲ့ Hun လေး လက်ရှသွားတယ်။ ငိုချင်ပေမဲ့ Hun လေး ခမျာ မငိုရဲဘူး ဖြစ်နေတယ်။ ဘေးမှာရှိတဲ့ အိမ်တော်ထိန်းကလည်း ကြည့်နေပြီး ဝမ်းနည်းနေရုံမှအပ ဘာမှမတတ်နိုင်ဘူးလေ။ သခင်ကြီးဆုံးပါးသွားခဲ့တော့ သားကြီးဖြစ်သူ သခင်လေး 'Luhan' က သခင်ကြီးနေရာမှာ အစားဝင်လာတာပေါ့။
'Sehun' က ခုမှ ၁၀နှစ်သား အရွယ်လေး
'Luhan' က ၁၈နှစ်
အသက်ကလည်း ကွားခြားနေတာကြောင့် ညီအစ်ကိုနှစ်ယောက်က စိတ်သ ဘောထားချင်း အမြဲကွဲလွဲနေတတ်တယ်။ 'Luhan' က စိတ်ဓာတ်ပြင်းထန်တယ်။ 'Sehun' က တော့ စိတ်ထိခိုက်လွယ်တယ်။ စိတ်ဓာတ်ပြင်းထန်ရ အောင်လည်း 'Luhan' ဘဝ နောက်ကြောင်းက ရှိခဲ့တာကိုးးး...
ဒီလိုနဲ့ပဲ 'Sehun' တစ်ယောက်တည်း America ကို သွားခဲ့ရတယ်။ 'Luhan Hyung' က အားလုံးစီစဉ်ပေးထားတာကြောင့် အေး၂ ဆေး၂နဲ့ ကောင်း၂မွန်၂ နေခဲ့ရတယ်။ ဒါမဲ့ သူ မ ပျော်ခဲ့ဘူး။ ဒါကြောင့် သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
*6 years later ...
'Sehun' Korea ကို ပြန်လာခဲ့တယ်။ ၆နှစ်လုံး၂ Hyung နဲ့ ဘာအဆက်အသွယ်မှ မရဘဲ နေလာခဲ့ရတယ်။ သူသည်းခံပြီး နေလာခဲ့တယ်။ ဒါမဲ့ သူ့ Hyung က သူ့ကို သတ္တိ ရှိစေချင်တယ်လို့ သူအမြဲ မှတ်ယူထားတယ်။ ဒါကြောင့်လည်း တစ်ယောက်တည်း သတ္တိရှိ၂နဲ့ နေခဲ့တယ်။ အခုလည်း သတ္တိရှိစွာပဲ Hyung ကို အသိမ ပေးဘဲ Korea ကို ပြန်လာခဲ့တယ်။( တော်ထှာသားရယ်xD)
At *El Dorado* Paradise ^^
" Wow!!! အိမ်ကြီးက ပြောင်းလဲ သွားလိုက်တာ ..."
သူ အိမ်ထဲရောက်တော့ တွေးလိုက်မိတာက 'ဒီလောက်ကြီးတဲ့ စံအိမ်ကြီးထဲမှာ လူဆိုတဲ့ အရိပ်အ ယောင်တောင် မမြင်ရပါလား အိမ်တော်ထိန်းတေလည်း တစ်ယောက်မှ မရှိကြတော့ဘူးထင်တယ်။ Hyung က ရော ...'
တွေးနေတုန်း ဟင်းချက်ဆောင်မှ ဖျော်ရည်ခွက် တင်ထားတဲ့ဗန်းနဲ့ ထွက်လာတဲ့ Hyungကို တွေ့လိုက်တယ်။ သူရယ်ချင်သွားတယ်။ သူ့ Hyung က သူထင်ထားတာနဲ့ တခြားစီပဲလေ။ မျက်လုံးက ပြူးလာလိုက်တာ... နားရွက်ကလည်း ကားနေ သေး... ခိခိ ဒါမဲ့ သူစိတ်တော့ ခုနေသေးတယ်။
ငဆယ်လေး တွေးတောခန်းဝင်နေတုန်း သူ့ Hyung အ မေးကြောင့် လန့်သွားတယ်။
" ဟေ့ ... မင်းဘယ်သူလဲ ... "
Hyung ရယ် အသံကလည်း သြလာလိုက်တာ
" ဟေ့ ... မေးနေတယ်လေ ... အိမ်ထဲ ဘယ်လိုရောက်လာတာလဲ ... Password ကို ဘယ်လိုသိလဲ "
" Hyung ရယ် မေးလိုက်တာမှ စုံလို့ ... Password က ခုထိ မ ပြောင်းထားသေးတော့ ဝင်လို့ ရသွားတာပေါ့လို့ ဟီးးး... "
" နေစမ်းပါအုံး ... မင်းက 'Sehun' လား "
" H..Hyung... Hunnie ကို မဆူပါဘူးနော် ... " ခုမှပဲ သူ့ Hyung စိတ်တိုတတ်တာကို သတိရပြီး မေးလိုက်တယ်။
" Haha.. Hunnie... ငါက မင်း Hyung မဟုတ်ဘူးကွ " ဆိုပြီး လက်ထဲမှ ဗန်းကြီးကို ဘေးနားက စားပွဲသေးလေးပေါ်ချပြီး သူ့ဆီလာခဲ့တယ်။
" Nae??? Hyung မဟုတ်ဘူးဆို ဘယ်သူလဲဗျ Hyung က ရော ဒီမှာ မ နေဘူးလား " သူ့ Hyung ကိုတောင် လူမှားပြီး Hyung Hyung နဲ့ လုပ်နေတော့ ရှက်စရာကြီးလို့ တွေးလိုက်မိတယ်။ (ဟုတ်တာပေါ့ ခေးရယ် အာ့မှ မရှက်ရင်လည်း နာနော် ဟင်းးးး xD )
" Luhan က ပြန်လာတော့မှာပါ ... မင်းလာလည်မယ်ဆိုတာလည်း မသိရပါလား ... "
" အလည်လာတာမဟုတ်ဘူး... အပြီးပြန်လာ တာ "
" ဘယ်လိုဘယ်လို... ဟျောင့်... မင်း Hyung သာသိလို့က တော့ ချက်ချင်းပြန်ခိုင်းမှာ ... "
" arrr... Molar... Hyung ကို သတိရတာပဲ သိတယ် အာ့ကြောင့် ဒီလို လုပ်လိုက်တာ Hunnie မှန်တာပဲ သိတယ် "
" ဒီ က လေးတော့လား ... မင်း Hyung က ပြန်လာတော့မှာ သူမသိအောင်ပဲ America ကို ပြန်လိုက်ပါကွာနော် ... "
" ဗျာ ... မပြန်နိုင်ဘူး ... Hyung က မပြန်ခိုင်းလောက်ပါဘူး ... ၆နှစ်တောင်ရှိပြီးဟာကို Hyung လည်း Hunnie ကို သတိရ လောက်ရောပေါ့ "
' ဒီက လေး ဘာမှ နားမလည်ပဲနဲ့ ရှုပ်ကုန်တော့မှာပဲ ... ဟိုတစ်ယောင်လည်း အဆင်မ ပြေဘူးထင်တယ် ပြန်လာတာ နောက်ကျလိုက်တာ ... ' ဟု တွေးလိုက်တယ်။
" Hunnie... "
" Nae ... Hyung.. အယ် ဒါနဲ့ Hyung နာမည်က ??? " ( ခုမှပဲ မေးတော်မူတော့တယ် ငဆယ်ရယ် )
" အော်. ဟုတ်သား မိတ်ဆက်ရအုံးမယ် Hyung က 'Park Chan Yeol' ပါ။ 'Luhan' ငယ်သူငယ်ချင်း ... နေအုံး ပေါင်မုန့်မီးကင်ထားတာ မေ့လို့ သွားလုပ်လိုက်အုံးမယ် တော်ကြာ မယ်မင်းကြီးသား ဒေါကီးနေအုံးမယ် "
' Hyung မှာ chingu ရှိတယ်လို့လည်း မ ပြောဖူးပါဘူး ... ဘာလို့ ဒီ Hyung က ??? နောက်ပြီး Hyung အတွက် သူက ဘာလို့ လိုက်လုပ်ပေးနေတာလဲ သူက ဒီအိမ်မှာပဲ နေတာလား ဘာလား ? ' Sehun တွေးနေချိန်မှာပဲ အိမ်ထဲ လူတစ်ယောက်ဝင်လာခဲ့တယ်။
' ဒါ Hyung ပဲ သေချာတယ် ဟုတ်ပ့ သိပ်သေချာတာပေါ့ Yehet!!! ' သူသိပ်ပျော်သွား တယ်။ ဒါမဲ့ ဟိုတစ်ယောက်က လေးလံတဲ့ခြေလှမ်းတေနဲ့ သူ့ကိုတောင် မမြင်ပဲ အိမ်ပေါ်ထပ်ကို တက်သွားတယ်။ သူပါ နောက်က ဖြည်း၂ချင်းလိုက်တက်သွားတယ်။ ပျော်သာပျော်နေပေမဲ့ အတွင်းစိတ်ထဲမှာ သူ့ Hyung ဆူလိုက်မှာကို အရမ်းကြောက်နေမိတယ်။ 'ဟူးးး... သတ္တိရှိစမ်းပါကွာ' သူ့ကိုယ်သူ ပြန်သတိ ပေးနေရတယ်။
သူ Hyung ရဲ့ အခန်းထဲကို ဝင်သွားရမလား မဝင်ရဘူးလား။ Hyung က သူ့ကို မမြင်နိုင်လောက်အောင် ပင်ပန်းနေတာကို သူဝင်သွားရင် စိတ်ကြည်နိုင်မှာ မဟုတ်ဘူး။ သူ Hyung စိတ်ကိုလည်း မခန့်မှန်းတတ်ဘူး။ ဒါမဲ့ သူ့ရဲ့ Hyung ကို တွေ့ချင်တဲ့ စိတ်က အ တွေးအားလုံးကို ဖျက်လိုက်ပြီး သူ့လက်က အလို၂ တံခါးဘုကို လှည့်လိုက်တယ်။ နောက်ဆုံးတော့လည်း Hyung ရဲ့ အခန်းထဲ သတ္တိရှိ၂ ရောက်လာခဲ့ပြီးပေါ့။
"Chan Yeol ya... အဆင်မ ပြေဘူးကွာ... " Luhan လှည့်ကြည့်လိုက်တော့ ...
Sehun pov --> ' Hyung အသံက သာယာလိုက်တာ '
" မင်းက ဘယ်သူလဲ ... " Sehun လန့်သွားပြန်တယ်။ သူ့တော်၂ လေး ကြိုးစားဆုပ်ယူထားတဲ့ သတ္တိကြီး ဘယ်ပျောက်သွားပါလိမ့်။ Hyung အသံက ရင့်သီးလိုက်တာ ခုနတုန်းကနဲ့ တခြားစီပဲ။
" Hun..Hunnie လေ Hyung ရဲ့ မမှတ်မိဘူးလားဟင် " ကြောက်၂နှင့်ပင် ဖြေလိုက်တယ်။
" မင်းက America ကို ရှိနေရမှာ မဟုတ်ဘူးလား။ မနက်ဖန် ပြန်။ "
'Sehun' လုံးဝ တုန်ရီသွားတယ်။ ပြတ်သားပြီး ရင့်သီးလွန်းတဲ့ Hyung ရဲ့ စကားတေကို အကြိမ်၂ သူကြားဖူးပါတယ်။ ဒါမဲ့ ကြောက်မြဲ ကြောက်နေတုန်းပဲ ဖြစ်နေတယ်။ 'Sehun' မျက်ရည်တေ ဝဲလာတယ်။ နဂိုမှ အထိခံနိုင်တာ မဟုတ်တဲ့သူ... ၆နှစ်လုံး၂ မငိုခဲ့တဲ့နေ့ရယ်လို့ သူ့မှာ မရှိခဲ့ဘူး... ဒီနေ့တော့ သူ့မျက်ရည်တေ အဆုံးသပ်တဲ့နေ့ပဲလို့ သူတွေးခဲ့တာ... သူပြန်လာရင် Hyung က သူ့ကို ကြိုဆိုမှာပဲလို့ သူယုံကြည်ခဲ့တာ... ဟုတ်တယ်လေ ၆နှစ်တောင်မှပဲ Hyung သူ့ အ ပေါ် အမြင်ကြည် လောက်ပေါ့... အခုတော့ ၆နှစ်ဆိုတဲ့ အချိန်သာ သူ့မှာ ပေးဆပ်လိုက်ရတယ်... Hyung က ဘာမှ ပြောင်းလဲမသွားဘူး... 'Sehun' မျက်ရည်တေ တစ်ပေါက်ပြီး တစ်ပေါက် ပါးပြင်ပေါ်မှာ စီးကျလာတယ်။ ဘာမှ ပြန်မ ပြောရဲပေ။ ခေါင်းလေးငုံလျက်သားသာ ငိုနေတယ်။ ( Hunnie yarr နာတောင် နိုချင်လာပီ ဟင့် :(
" ငါပြောတာကြားလား မနက်ဖြန် ticket စီစဉ်ပေးမယ်။ နောက် ဘယ်တော့မှ ဒီကိုလည်း ခြေဦးတည့်မလာနဲ့။ "
'Sehun' ခေါင်းလေးသာ ညိမ့်ပြီး ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ ဗန်းကြီးနဲ့ 'Yeol Hyung' ကို မြင်တာနဲ့ လုံးဝငိုချင်တာနဲ့ သူငိုချလိုက်တယ်။
" yarr Hunnie... လာလာ Hyung အခန်းလိုက်ပို့ပေးမယ် " Yeol Hyung ခေါ်သွားရာ နောက် ပါသွားတာပေါ့။ အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ထိုင်လိုက်တယ်။ 'Yeol Hyung' က တော့ ခဏကြာပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားတယ်။ သူ့နှလုံးသား ဘယ်လိုမှ ယုံကြည်လို့ မရဘူး ဖြစ်နေတယ်။ 'Hyung ရယ်'
'Sehun' ကုတင်ပေါ်လှဲအိပ်နေစဉ်
" Hunnie... "
" Yeol Hyung ... " ထထိုင်ပြီး မျက်ရည်တေကို သုတ်လိုက်တယ်။
" ငိုနေတုန်းလားကွာ... ယောက်ျားလေး မဟုတ်တာကျလို့ "
'Sehun' ဘာမှပြန်မ ပြောပေ။ မျက်ရည်က တော့ တစ်စက်ပြီး တစ်စက် ကျမြဲပင်...
" မနက်ဖြန်ကျရင် လေဆိပ်ကို Hyung လိုက်ပို့ပေးမယ်လေ Okie?? "
" Hyung.. Arrnyi Yeol Hyung... Hunnie မပြန်ချင်ဘူး ... ဟိုကို ပြန်မသွားချင်ဘူး ... Hunnie ကို Hyung မသိအောင် ဗွက်ထားပေးပါလား ... ပြီးရင် ပြန်သွားပြီလို့ Hyung ကို ညာပြောလိုက်ပေါ့။ Hyung ဆီလည်း ခဏ၂ မလာပါဘူး။ Hyung မရိပ်မိအောင် နေမယ်လေ နော်နော် Yeol Hyung"
ငိုပြီး က လေး၂ပမာ ပြောနေတဲ့ Hunnie ကို Yeol တောင် သနားသွားတယ်။
" Hyung မှာ plan ရှိတယ်။ ဘာမှ မ တွေးဘဲ အိပ်တော့နော်... "
" ဘာ plan လဲ " သိချင်ဇောနဲ့ အငိုပါတိတ်သွား တယ်။ (Aigoo ချစ်ဖို့ကောင်းထှာ ငယ်လေး<3)
" စောမသိချင်နဲ့။ အိပ်တော့ " ဆိုပြီး ထွက်သွား တယ်။

&quot; What means *BROTHERS* ? &quot;Donde viven las historias. Descúbrelo ahora