Part 4

1.1K 117 3
                                    


ဆောင်းဦး လေညှင်းလေးက ပြတင်းပေါက် လိုက်ကာလေးကို ဖွ၂ လေး ဖြတ်တိုက်ကာ အခန်းထဲကို ဝေ့ဝဲတိုက်ခတ်လာတာကြောင့် သူ အခန်းရဲ့ ပြတင်းပေါက်ကို ထ ပိတ်လိုက်တယ်။

မနက် ၈နာရီ ရှိပြီ ဆိုသော်လည်း အပြင်မှာ မြူနှင်းတေအုံ့ဆိုင်းနေတာမို့ အရာအားလုံးက ငြိမ်သက်ပြီ အထီးကျန်ဆန်လှသည်။ အထူးသဖြင့် သူ့ဖို့ပေါ့...

သူ ဒီကို ၁၂နှစ်သားအရွယ်မှာ ရောက်ရှိခဲ့တယ်... တာဝန်အရ ပို့ခြင်းခံလိုက်ရတယ်လို့ပဲ ဆိုရမှာပေါ့.. ဒီကိုဆိုတာက >> Seoul, South Korea ကို ပြောတာပါ... သူရောက်တုန်းကလည်း ဒီလို အချိန် ဒီလို မြင်ကွင်းမျိုးပဲ...

သူ ရုတ်တရက် Appa ကို သွားသတိရမိတယ်...
Appa တို့တုန်းကလိုပဲ သူတို့လည်း အခု ရင်ဆိုင် နေရပြီလေ...

# အခု ကျွန်တော် နားလည်ခဲ့ပါပြီ Appa... #
Luhan ရေရွတ်လိုက်တယ်။

ခဏကြာတော့ သူ့ အ တွေးတေကို ဖြတ်တောက် လိုက်ပြီး အိပ်ရာဘက်ဆီကို ဖြည်း၂ချင်းလျှောက် လာခဲ့တယ်...

အိပ်ရာပေါ်မှာ အပြစ်ကင်းစွာ အိပ်ပျော်နေသော Sehun ဘေးနားလေးမှာ သူထိုင်လိုက်တယ်။

# Hunnie ... မင်း ပြန်မလာခဲ့သင့်ဘူးကွာ... မင်း Hyung နားမှာ ရှိမနေသင့်ဘူး...ဒီ Hyung က တကယ် မ ကောင်းတဲ့ သူပါကွာ... Appa ဆန္ဒ အတိုင်း ငါ မင်းကို ငါတို့လို မ ဖြစ်စေချင်ဘူး... ဟုတ်ပါတယ်... မင်းက ငါတို့နဲ့မှ မတူတာပဲ... #
( မတူဘူးဆိုတာကို နောက်တော့ သိလာမှာပါ readers တို့ :)

Luhan Sehun မျက်နှာလေးကို တဆိတ်၂ ကြည့်နေမိတယ်... ဟုတ်သည်လေ သူ Hunnie ကို မ တွေ့ရတာ ၁၆နှစ်တောင် ကြာပြီပဲလေ...

သူပြုံးမိတယ်... သူတွက် ၁၆နှစ်ကြာပြီးနောက် ပထမဆုံး ပြုံးမိတဲ့ နွေးထွေးတဲ့ အပြုံးပါ...

" Luhan... "

Yeol ခေါ်သံကြောင့် သူ့ အပြုံးတေ ပျောက်ကွယ် သွားတယ်။ သူ ခုချိန်မှာ Yeol ကို အရမ်း မုန်းတီး နေမိသည်...

" မင်းနဲ့ ငါ နောက်မှ စာရင်းရှင်းမယ် Chan Yeol "
Luhan ခပ်ပြတ်၂ သာ ပြောလိုက်သည်။

" ဒါပေမဲ့ မင်း mission ကို သိထားသင့်တယ်လို့ ငါထင်တယ် "
ဆိုပြီး Yeol Luhan လက်ထဲကို သူ့ ဖုန်းလေး ထည့်ပေးလိုက်တယ်။

" What means *BROTHERS* ? "Where stories live. Discover now