အကုန်လုံး အဆင်ပြေပြေပါပဲ....
ဆရာမတိုင်းကလည်း စာသင်ကောင်းကြတယ်...
Jenစာသင်ချိန်ကလွဲရင် ကျန်တဲ့ ချိန်တွေ အကုန်စိတ်ဝင်တစား သင်ဖြစ်တယ်...
Jenချိန်တွေဆို...Lili စာတွေထဲ စိတ်ဝင်စားမှု မရှိဘူး...
အခုဆို တပတ် နီးနီး ရှိပြီ....
တွေ့တိုင်းလည်း မရယ် မပြုံးနဲ့...
အနေစိမ်းနေခဲ့ကြတာ....
chanနဲ့ကလည်း..အရမ်းနီးကပ်လွန်းတယ်...
Liliအရင်က မိန်းခလေး တော်တော်များများနဲ့တွဲခဲ့ဖူးတယ်....
Liliအသိုင်းအဝိုင်းကမိန်းခလေး မှန်သမျှ မတွဲဖူးတဲ့သူရှိပါ့အုံးမလား...ပြန်စဉ်းစားမိတယ်...
ဒါပေမဲ့ Lili ရင်ခုန်တဲ့ ခံစားချက်မျိုးတော့ မခံစားဖူးဘူး...
အခုတော့ Liliရဲ့ နှလုံးသားက Jenနဲ့မှ ပါကင်ပွင့်လာပြီ...
Jenရဲ့ မျက်စောင်းလေးတွေ...Jenရဲ့ ရက်စက်မှုလေးတွေက...Liliနှလုံးသားထဲမှာ နာကျင်မှုလေးနဲ့ အတူလှနေတယ်...."ဖောက်စ်...."
"အ့"
Liliဘယ်လောက်တောင် အတွေးလွန်သွားပြီလည်း မသိဘူး...
Jenရဲ့duster...Liliဆီရောက်လာမှ အသိပြန်ဝင်တော့တယ်..."စာသင်နေတာ...ပြတင်းပေါက်ကို ငေးခိုင်းထားသလား..."
"..."
"ဟေ့!!!!!ငါမေးနေတယ်လေ..."
"ကျစ်...ဘာလဲ ငေးတာလည်း အပြစ်ပဲလား..."
"မင်း ဘယ်လိုကလေးလဲ...
လူကြီးကို လူကြီး မှန်းမသိရအောင်...မင်းမိဘ ဘယ်လိုဆုံးမထားလို့ ဒီလို ပေါက်လွတ်ပဲစားဖြစ်နေတာလဲ..."Lili မိဘတွေကို စော်ကားတာ လုံးဝမကြိုက်ဘူး....
အဲ့လောက်တောင်မှ ဖြစ်နေရင်လည်း Liliဘဝကို ဖြစ်သလိုပဲ နေပြလိုက်ချင်တော့တယ်....Jenချိန်ဆို Liliရဲ့ နေရာလေးက အနောက်တန်းမှာပေါ့....
Liliခုံမှာပြန်ထိုင်လိုက်တယ်...ပြီးတော့ စာရေးတဲ့ ခုံပေါ် ခြေထောက်နှစ်ချောင်းချိတ်ပြီး တင်လိုက်တယ်..
အတန်းထဲက သူတွေကတော့ မျက်လုံး အပြူးသားနဲ့ပေါ့...."စာဆက်ရှင်းလို့ရပါပြီ...ချစ်ရတဲ့ အမျိုးသမီးလေး"
"အဲ့ခြေထောက် ပြန်ချပြီး မတ်တပ်ရပ်လိုက်စမ်း"
"အိုး...ပြောတိုင်းနားထောင်ရအောင်...
ဒါလင့်ရဲ့...ချစ်သူမို့လား.."
YOU ARE READING
Can you call me tchel??(Uni+Zawgyi)
Romanceစိတ်ကူးရင်ဆန်ဆန်နဲ့ရေးထားတာမို့... လက်တွေ့နဲ့ တော့ တခြားစီ ဖြစ်နေတတ်ပါတယ်။ ဒါကို လက်ခံမှ ဖတ်ပေးကြပါနော်🥺