"ငါပြောသလိုလုပ်မယ်ဆိုရင်တော့...
အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွားလေ...
အဲ့တာဆို ငါလည်း စိတ်ချမ်းသာရမယ်...
မင်းလည်း လွတ်လပ်သွားမယ်...""တီချယ်...စိတ်လေး ထိန်းပါအုံး....
တီချယ်ပဲ Liliကို အရမ်းချစ်တာဆို...""မင်းက ငါ့ကို တကယ် မချစ်ဘူးပဲ..."
"မဟုတ်ပါဘူး...
တကယ်ချစ်ခဲ့တာပါ တီချယ်ရယ်...""တကယ်ချစ်ရင် ထွက်သွားလေ..."
"ကောင်းပါပြီ...တီချယ်
နေမြန်မြန်ကောင်းအောင်နေပေးပါ...""ဒါ ငါ့အကြောင်းပါ...နင့် အလုပ်မဟုတ်ဘူး..."
အောင့်သက်သက်နဲ့မို့ Lili အခန်းပြင်ထွက်ကာ..
တီချယ်ကြီးဆီလှမ်းလာခဲ့တယ်...."တီချယ်အခြေအနေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ တီချယ်ကြီး...Liliကို ဘာလို့ မုန်းသွားရတာလဲ..."
"မသိပါဘူး ကလေးရယ်....
Jenက လူစိမ်းကြီး တစ်ယောက်လိုဖြစ်သွားတာ...""Liliမခံစားနိုင်ဘူးနော်..ဒီလိုသာဆိုရင်...
စိတ်ကျန်းမာရေး ဆေးရုံမှာ ပဲသွားကုကြရအောင်...""Liliဒါပေမဲ့...Jenရဲ့သိက္ခာ အတွက်...ထည့်စဉ်းစားကြရအောင်လေ...."
"ဟူး...."
ဒီလိုချိန်တွေမှာ Jenနဲ့အဝေးဆုံးမှာနေတာ
ပိုအဆင်ပြေလိမ့်မယ်....
~~~~~~
ဒီနေ့ဆို...Jenအရှေ့မသွားတာ ၂လရှိပြီ...
အချိန်တိုင်းသူ့ အနားမှာ ရှိနေရပေမဲ့....
သူ့အတွက်က liliမလိုပါဘူးလေ...
အဝေးကနေ ဂရုစိုက်ပေးနေရရင်ကျေနပ်ပါပြီဆိုတာ
အပြောသာလွယ်တာ....
လက်တွေ့မှာတော့ အရမ်းခံစားရတယ်...
သက်ပြင်းရှည်ရှည်ချရင်း...
အရင်ချိန်တွေကို စဉ်းစားရင်း...
မျက်ရည်တွေနဲ့သာ အဖော်ပြုရတော့တယ်....Liliစိတ်ညစ်တယ်....
Jenစိမ်းကားတာတွေကို ခံနိုင်ရည်ရှိပေမဲ့...
Jenရဲ့ အမုန်းတွေကိုတော့ မခံနိုင်ပါ....
Liliရဲ့ စိတ်ညစ်မှုတွေကို ဒီအငွေ့တွေလို..
လေဟာနယ်ထဲ လွင့်ပြယ်သွားစေချင်တယ်...
မဟုတ်လို့ကတော့...
Liliရင်ထဲ...မီးတောင်ထည့်ထားသလို...
ပူပန်နေပြီ...."ဘာလို့ ဒါတွေ သောက်နေတာလဲ...
ငါ မကြိုက်ဘူးဆိုတာ မင်း မသိဘူးလား...
ဒါမှ မဟုတ် ငါ့ကို ဂရုမစိုက်တာလား..."
ESTÁS LEYENDO
Can you call me tchel??(Uni+Zawgyi)
Romanceစိတ်ကူးရင်ဆန်ဆန်နဲ့ရေးထားတာမို့... လက်တွေ့နဲ့ တော့ တခြားစီ ဖြစ်နေတတ်ပါတယ်။ ဒါကို လက်ခံမှ ဖတ်ပေးကြပါနော်🥺