UNICODE

3.2K 260 15
                                    

Prologue

ခင်ဗျားက ပင်လယ်ကြီးပါ။
ခင်ဗျားက လေပြေတွေပါ။
ခင်ဗျားက... ပုံ.. ပြင်.. လေး.. ပါ။

အနားမှာ တိုးတိုက်နေတဲ့ ထိခတ်မှုကို လေပြေဟုခေါ်ပြီး ကျွန်တော် သိမ်းယူပိုင်ဆိုင်ခွင့် မရှိသူကို ခင်ဗျားဟုခေါ်သည်။

____🖤____

"ကိုကို.. "

အလုပ်စားပွဲပေါ်မှာ အလုပ်လုပ်နေသည့် ဝမ်ရိပေါ်က ရှောင်းကျန့်အသံကြောင့် သူ့ကိုမော့ကြည့်ပြီး မေးဆတ်ပြသည်။

ခပ်တည်တည်နေတတ်သည့် ဝမ်ရိပေါ်ကို လူအများစုက အေးတိအေးစက်နိုင်သူဟု သတ်မှတ်ထားကြပေမဲ့ သူ့မျက်လုံးထဲမှာ ဝမ်ရိပေါ်က လူကြီးပုံစံဖမ်းတတ်တဲ့ ကလေးလေးပါ။

"ကျွန်တော် ရှန်ဟိုင်းကိုပြန်လာချင်ပြီ "

"မရဘူး။ ဒီမှာပဲဆက်နေ "

တစ်ခွန်းပဲပြောပြီး Laptopဆီကို ပြန်ရောက်သွားတဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေ..။ ဒီနှစ်ထဲမှာ အလုပ်ပိုရှုပ်နေပုံရသည့် ဝမ်ရိပေါ်က မအားလပ်သေးတာကြောင့် စားပွဲရှေ့ကဆိုဖာပေါ်မှာပဲ ရှောင်းကျန့်ထိုင်နေလိုက်သည်။

နာရီဝက်လောက်ကြာတော့ သူပျင်းလာသည်။

"အလုပ်တွေများရင်လည်း ကျွန်တော့်ကို ခိုင်းတာမဟုတ်ဘူး "

"မင်းက ကိုယ့်ဝန်ထမ်းမဟုတ်ဘူးလေ ရှောင်း.. "

"သိပါတယ်။ ကျွန်တော်က ကိုကို့​မွေး​ကျွေးသားလေ။ မွေးပြီးတော့ ကျွေးတာလေ.. ဟဲဟဲ "

"မနောက်နဲ့ ရှောင်း။ ကိုယ်တကယ်မအားလို့ "

တစ်ချက်ကလေးတောင် မော့မကြည့်တော့တဲ့ ကိုကိုက တကယ်မအားလို့ ဖြစ်ပါလိမ့်မယ်။ အရင်ကဆိုလျှင်တော့ ကိုကိုက သူ့နောက်ပြောင်မှုတွေကို သဘောကျတတ်သည်မဟုတ်ပါလား။

"sorry.. "

ဝမ်ရိပေါ်အလုပ်လုပ်နေသည့် နေရာမှ ရှောင်းကျန့်ထွက်လာလိုက်ပြီး ကမ်းခြေဆီသို့ လမ်းလျှောက်လာလိုက်သည်။

ခင်ဗျားဟု ခေါ်သည်..🖤 [one shot]Where stories live. Discover now