Chapter - 29 (U+Z)

1.4K 226 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၂၉

ဘုရင်၊ မင်းသား၊ မင်းသမီး ပုံပြင်။

နောက်တစ်ရက်။

ဂျူနိုက ငါ့ကို ကာကွယ်ဖို့ အတွက်နဲ့ ခုတင်ပေါ်မှာ ငါနဲ့အတူ လာအိပ်တယ်။ ငြိမ်သက်စွာ အိပ်နေတဲ့ သူ့မျက်နှာကို ကျွန်တော် ကြည့်လိုက်မိတယ်။ ဒီရက်မှာ သူ အိပ်ချိန် မလုံလောက်ဘူး။
ကျွန်တော့်လက်ကို သူ့ပါးပြင်ပေါ် ညင်သာစွာ တင်လိုက်တယ်။ ပြီးတော့ သက်ပြင်း ချလိုက်တယ်။

စိတ်မပူပါနဲ့ ဂျူနို။ ငါ့ရဲ့အခြား ညီအစ်ကိုတွေလည်း စိတ်မပူပါနဲ့။ မင်းတို့အားလုံးကို ကာကွယ်ဖို့ ငါ့အတွက် အချိန် အတော်ကြာကြာ စောင့်ရတော့မှာ မဟုတ်ဘူး။ သူမကို သူ့နေရာနဲ့သူ ရှိနေအောင် ငါထားမယ်။ ငါ့ရဲ့ အစီအစဉ်က ပန်းခြံထဲမှာ ငါနဲ့ လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်ဖို့ပါ။ ငါဒီမနက်ခင်း တစ်ခုလုံး တိတ်ဆိတ် နေခဲ့တယ်။ မနက်စာတောင် မစားဘူး။

ငါ့ညီအစ်ကို တွေကို ငါလျစ်လျူရှူ့ ထားခဲ့တယ်။ သူ့ကို ငါခွင့်မလွှတ်ဘူး။ အမန်ဒါကို စိတ်ထဲက မထုတ်နိုင်မချင်း ငါ ဘယ်သူနဲ့မှ စကားမပြောဘူး။

" ငါ့ရဲ့ ချစ်လှစွာသော တူလေးက လက်ဖက်ရည် သောက်ဖို့ ဖိတ်တဲ့အတွက် အရမ်း ဝမ်းသာတယ် "

အမန်ဒါက က ဝမ်းသာအားရ ရယ်မောရင်း ပြောလာတယ်။

" ဟုတ်တယ် "

ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။

" ဘယ်လိုလဲ အချစ်လေး အဆင်ပြေလား "

" ပြေပါတယ် အန်တီရော ဘယ်လိုလဲ "

" အိုး... ငါ့အိပ်မက်က အံ့ဩစရာပဲ။ အိမ်​​ထောင်​​ရေး​ တာဝန်ကို ကိုယ်စား စောင့်ရှောက်နေရတော့ ​တော်​​တော်​ ပင်​ပန်း​နေတယ်​။ ဒါပေမယ့် မင်းရဲ့ မျက်နှာလေးကို မြင်တိုင်း ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွားတယ်လေ "

သူမက သူမရဲ့စကားကို သဘောကျစွာနဲ့ တခစ်ခစ်ရယ်တယ်။

" ဟီး... "

Young Master And His Demon Army [ဘာသာပြန်] CompletedDonde viven las historias. Descúbrelo ahora