Anthus

394 47 1
                                    

*Unicode*

Anthus~Flower

လေအသွဲ့မှာယိမ်းနွဲ့တဲ့ပန်းငယ်....
နူးညံ့တဲ့လှပခြင်းတို့နဲ့နေရောင်အောက်
ရှင်သန်ပွင့်လန်းလို့လာတယ်။
ဆွဲဆောင်နိုင်သောအလှတရားတို့နဲ့
မင်းဟာကိုယ့်ရဲ့နူးညံ့တဲ့အဝါရောင်ပန်းငယ်....။

..

"ဂျယ်မင်းရေ ဂျယ်မင်း!သား!"

အခန်းထဲမှာဂိမ်းဆော့နေတုန်း အောက်ထပ်ကအဒေါ်ကြီးရဲ့ အလန့်တကြားအော်သံကြောင့် ဖုန်းကိုပစ်ချပြီး အလျင်အမြန်ပြေးဆင်းသွားလိုက်သည်။

စိုးရိမ်မှုတွေနဲ့မျက်နှာမကောင်းသော အဒေါ်ကြီးကြောင့်ဘာဖြစ်မှန်းမသိရခင်မှာပင် သူကလန့်လာသည်။

"ဘာဖြစ်လို့လဲဟင် တစ်ခုခုဖြစ်လို့လား"

"သားဂျဲနိုလေ ဆေးရုံရောက်နေတယ်တဲ့ ဖုန်းဆက်လာလို့"

"ဗျာ!ကို...သူကဘာဖြစ်လို့လဲ"

ရုတ်တရက် ကိုကိုလို့ခေါ်မိတော့မယ့်ပါးစပ်ကို အတင်းဘရိတ်အုပ်လိုက်ရသေးသည်။

"မေ့လဲသွားတာတဲ့ အခုထိသတိမရသေးဘူးပြောတယ် သားသူငယ်ချင်းဟယ်ချန်းလေးဖုန်းဆက်ပြောတာ"

"ဟယ်ချန်းကလား ဘာလို့ကျွန်တော့်ဆီမဆက်ဘဲ အိမ်ဖုန်းကိုဆက်ရတာလဲ"

တကယ် အဲ့ဟယ်ချန်း ဒီနောက်ပိုင်းသူ့ကိုဆိုခပ်ခွာခွာနဲ့ မကျေမနပ်ကြည့်နေတတ်တာ။

သူကိုယ်တိုင်လည်းဘာအမှားလုပ်ထားမိမှန်း စဥ်းစားမရ။

နေ့လယ်ကကော်ဖီဆိုင်မှာ ဟယ်ချန်းနဲ့သူ့ကို အတူတွေ့လိုက်ရသေးသည်။

ဂျယ်မင်းတို့ကိုကြည့်နေတာတွေ့လို့ တမင်သက်သက်တောင်အတူပါလာတဲ့ သူငယ်ချင်းမလေးနဲ့ မူပိုပြလိုက်သေးတာ။

ထိုအချိန်တုန်းကသူ့ပုံစံက ဖြူဖပ်ဖြူရော်နဲ့အားမရှိတဲ့ပုံဖြစ်နေတာကို သတိထားမိပေမဲ့ ဂျယ်မင်းတမင်ခေါင်းထဲမထည့်ခဲ့တာ။

အခုတော့မေ့လဲတဲ့အထိတဲ့လား ဘာတွေများဖြစ်နေလို့ အဲ့လောက်ထိတောင်။

HelianthusWhere stories live. Discover now