Helianthus

520 43 0
                                    

*Unicode*

Helianthus~Sunflower

သနားစရာကောင်းတဲ့နေကြာ....
သူ့ကိုမချစ်ပါတဲ့နေမင်းရှိရာကိုသာမျက်နှာမူသတဲ့။

သစ္စာရှိပါသောနေကြာ....
တစ်ဘဝစာ နေမင်းကိုသာငေးကြည့်ခဲ့သတဲ့။

သိပ်ချစ်တတ်ပါတဲ့နေကြာ....
နေကိုကြည့်လို့ရှင်သန်ပြီး နေကိုကြည့်လို့သာသေဆုံးသတဲ့။

အို အသင်နေကြာ....
ကျွန်ုပ်ဟာလည်းသင့်လိုသာကလေးငယ်ကိုချစ်ခဲ့တယ်။

ဘယ်သူသိလိမ့်မလဲ။
သင်နဲ့လားရာသဏ္ဌာန်တူတဲ့ အဆုံးသတ်ဟာကျွန်ုပ်ကိုစောင့်ကြိုနေမလား....။

..

ရှိုက်သံတိုးသဲ့သဲ့ရယ်၊ တင်းကြပ်သောဆုပ်ကိုင်ထားမှုရယ်ကြောင့် အမှောင်ထုထဲမှ သူရအောင်ရုန်းထွက်ဖြစ်ခဲ့သည်။

သူအတပ်သိသည်။
ဒီငိုရှိုက်သံက သူ့ကလေးငယ်ရဲ့အသံ။
ဒီဆုပ်ကိုင်မှုလေးက ကလေးငယ်ရဲ့လက်။

အမှောင်ထုထဲမှရုန်းထွက်နိုင်သွားတော့ ဆီးကြိုနေတဲ့အလင်းစူးရှရှကို အန်တုကာဘေးကိုငဲ့ကြည့်လိုက်သည်။

သူ့လက်ဖျားတွေကိုလက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း ခုတင်ထက်ခေါင်းမှောက်ကာ ခန္ဓာကိုယ်လေးတုန်ရင်အောင်အထိ ငိုနေတဲ့ကလေးငယ်ကြောင့် ဘာရယ်မသိရခင်မှာတင် သူကစိတ်တိုလာတော့သည်။

ကလေးငယ်ကိုငိုအောင် ဘယ်သူကလုပ်လိုက်ရပြန်တာတဲ့လဲ။

"က..ဂျယ်မင်းနီး"

ကလေးငယ်မကြိုက်တဲ့အခေါ်အဝေါ်ကို ခေါ်မိခါနီးဖြစ်သွားသဖြင့် အမြန်ပြန်ထိန်းရင်း ပြင်ခေါ်ရသည်။

ခေါင်းမော့လို့ကြည့်လာတဲ့ကလေးငယ်....

မြင်ကွင်းကသူ့နှလုံးသားကို အပ်နဲ့ဆက်တိုက်ထိုးစိုက်နေသလိုကို ခံစားရစေသည်။

အတော်ကိုသေးသေးလေးဖြစ်နေသောမျက်နှာလေး၊ မျက်တွင်းတွေချိုင့်ကာ ငိုထားသည်ကြောင့်ပေါက်ထွက်မတတ်ရဲနေသောမျက်လုံးတွေ၊ နီရဲနေသော နှာခေါင်းထိပ်နဲ့ ပါးပြင်နှစ်ဖက်၊ သွားနဲ့ဖိကိုက်ထားပုံရသော နှုတ်ခမ်းပါးငယ်ကသွေးတွေပင်ထွက်လို့နေသည်။

HelianthusWhere stories live. Discover now