▶️"If you missed the train I'm on
You will know that I am gone
You can hear the whisper blow
A hundred miles"500 miles - Peter, Paul & Mary
အီတလီနိုင်ငံ။
ရိုမန့်တစ်ဆန်လှတဲ့ နွေအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ဖို့
အကောင်းဆုံးနေရာတစ်ခုပေါ့။သွားရမယ်လို့ကြားလိုက်ရတဲ့အချိန်ကနေစပြီး
လေယာဉ်ပေါ်ရောက်တဲ့အချိန်အထိ
အိမ်မက်တစ်ခုလို့ထင်မိနေတုန်းပဲ။တစ်ကယ်ပဲ.. တစ်ကယ်ကိုပဲအီတလီမှာ
နှစ်လတိတိသွားနေရမှာတဲ့လား။ကိုယ်တိုင်ကအီတလီသွေးတစ်ဝက်ပါနေပေမဲ့
အီတလီကိုစိတ်ကူးတွေထဲမှာသာရောက်ဖူးခဲ့တယ်။
အီတလီမှာရှိတဲ့အဖွားဖြစ်သူကိုတောင်
ဓာတ်ပုံတွေထဲမှာပဲမြင်ဖူးရတော့
သွားလည်ဖို့ဆိုတာ ဝေးရောပေါ့။
ငယ်ငယ်လေးထဲက အဖွားတစ်ယောက်ရှိကြောင်းကလွဲပြီး
တစ်ခြားဘာမှအမေးမခံ၊ မပြောပြတဲ့မေမေကြောင့်
ဘာတစ်ခုမှသေချာမသိခဲ့။အခုတော့စိတ်ကူးတွေထဲကနေရာကို
သိပ်မကြာခင်မှာပဲခြေချရတော့မယ်။
ဘဝမှာအကောင်းဆုံးသောနွေရာသီအားလပ်ရက်တွေဖြစ်လာမှာအသေအချာပဲ။______________________
လေဆိပ်ကနေတစ်နာရီကြာကားမောင်းလာပြီးမှ
အဖွားရဲ့အိမ်ကိုရောက်တော့တယ်။
အိမ်မက်ဆန်တဲ့ရှုခင်းတွေကိုပျော်ပျော်ပါးပါးကြည့်ရင်း
အိပ်ပျော်မှန်းမသိပျော်လာခဲ့ပါသေးတယ်။လိမ္မော်ပင်တွေလေးငါးပင်မကရှိတဲ့ခြံကျယ်ထဲမှာ အဝါရောင်အမျိုးမျိုးတွေနဲ့အိမ်ကလေး။
ကိုယ်ကားပေါ်ကဆင်းလိုက်တာနဲ့ အိမ်ထဲကနေပြေးထွက်လာတဲ့အဖွားဖြစ်သူက.."မာရီယာ? ဒါအဖွားရဲ့မာရီယာလေးလား"
ဓာတ်ပုံထဲမှာပဲမြင်ဖူးခဲ့တဲ့ အဖွားဖြစ်သူက
မျက်ရည်တွေနဲ့မာရီ့ကိုပွေ့ဖက်ကာကြိုဆိုတယ်။
တစ်ခါမှစကားလက်ဆုံမပြောခဲ့ဖူးပေမဲ့
နွေးထွေးမှုကိုမာရီခံစားမိတာကြောင့်
မာရီလဲမျက်ရည်ကျလိုက်မိပါတယ်။"သမီးလေးမွေးတုန်းကဖွားဖွားအရင်ချီခဲ့တာသိလား
ကြည့်ပါအုံး ထွားလာလိုက်တာအဖွားရဲ့မာရီယာလေးရယ်"အဖွားကမာရီ့ကိုပွေ့ဖက်လို့ဝတော့မှပဲ
မေမေ့ဘက်ကိုလှည့်ကာပွေ့ဖက်ရင်း
နှစ်ပေါင်းများစွာကွဲကွာနေကြရတဲ့လူနှစ်ယောက်လို
ငိုကြယိုကြလေရဲ့။
မာရီတစ်ကယ်တော့တစ်ခုမှနားမလည်ပါဘူး။
တစ်ကယ်ဆိုသူတို့ကိုယ်တိုင်ကပဲ
အဆက်အသွယ်တွေဖြတ်ထားခဲ့ကြတာမဟုတ်လား။
လူကြီးတွေရဲ့ကိစ္စတွေပါပဲလို့ပဲအရင်ကမှတ်ထားပေမဲ့
မာရီလဲ၁၄နှစ်တောင်ပြည့်ခဲ့ပြီ
တဖြည်းဖြည်းတော့နားလည်ချင်လာတယ်။____________________
မာရီနေရမဲ့အခန်းမှာ အဝတ်အစားတွေနဲ့
ပါလာတဲ့ပစ္စည်းတွေနေရာချလို့အပြီးမှာတော့
နေမင်းကြီးကနှုတ်ဆက်လို့နေပြီ။မာရီ့အခန်းရဲ့ပြတင်းပေါက်ကနေမြင်ရတဲ့မြင်ကွင်းက
ဒီနေရာဟာမာရီနဲ့သက်ဆိုင်နဲ့နေရာပါလို့
အခိုင်အမာပြောနေသလိုပါပဲ။အီတလီဆိုတာသိပ်ရိုမန်တစ်ဆန်တဲ့နေရာလို့
ဇာတ်လမ်းတွေထဲမှာခံစားရတာကြောင့်သက်သက်နဲ့ပဲ
ဒီနေရာကိုလာချင်ခဲ့တာမဟုတ်ခဲ့ဘူး။ဒီနေရာမှာတစ်စုံတစ်ခုရှိနေတယ်။
ဒါမှမဟုတ်.. တစ်စုံတစ်ယောက်။
ဒါမှမဟုတ်...
မာရီထိန်းသိမ်းဖို့မေ့နေတဲ့
ကတိသစ္စာတစ်ခု။