Dance lessonsကြောင့်အရမ်းပင်ပန်းေနသည်မို့..တန်းမထွက်သေးဘဲ ကြမ်းပြင်ပေါ်တွင်လှဲနေမိသည်
"Haruto မင်းမပြန်သေးဘူးလား..."အဆိုပြုလာတဲ့ချစ်ရသူကို ကြည့်လိုက်ရင်း သူ့အမေးနဲ့မသက်ဆိုင်သည်ကိုဖြေလိုက်ပါ၏...
"Hyung ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းလား .."တုန့်ပြန်အဖြေကားမလာပါ...အဲ့အစား ထိုလူသားက ဘေးတွင်သာဝင်လှဲနေသည်
"ဘာလို့စိတ်ကောက်နေတာလဲပြောမှပေါ့...ခုတလော dormကိုလဲမလာဘူး.."
"မင်းမှာငါ့အတွက်ပေးဖို့အချိန်ရှိလို့လား?"
"ဟင်.. Hyungကလဲ..."လှဲနေရာကထကာထိုလူသားမျက်နှာတော်နုနုကိုငေးကြည့်မိသည်...
ချောမောတဲ့မျက်နှာတော်ထက်မှာ ချစ်စရာကောင်းမှုတွေကချိတ်ဆွဲလို့...ဒီလူသားကို ထီမဲတွေသည်းသည်းလှုပ်ကြတာလဲမဆန်းေတာ့ပါဘူး (guess who?)
"မင်း Jeongwooတို့နဲ့အတူတူရှိတော့ ငါ့ကိုမလိုဘူးလေ..မဟုတ်ဘူးလား"
"Hyungအဲ့လိုမပြောနဲ့လေဗျာ.."ပြောပီးမှတစ်ခုခုကိုသဘောပေါက်သွားတာမို့...
"Hyungက သဝန်တိုနေတာလား..ကျွန်တော်တို့ကသူငယ်ချင်းတွေပါ...""ငါသဝန်တိုတာပေါ့...ဘာလဲတိုခွင့်မရှိဘူးလား?"
"ရှိပါတယ် .. ဒါပေမဲ့ကျွန်တော်ပြောတယ်လေ သူတို့ကသူငယ်ချင်းတွေ Hyungလဲသိသားပဲကို..အဲ့လိုသာဆို ကျွန်တော်လဲ Hyungကိုသဝန်တိုမှာပဲပေါ့..00zလို့လဲ Hyungတို့ကနာမည်ကြီးနေတာလေ.. "သူပြောနေတာတွေကိုနားမထောင်ဟန်နဲ့သူ့နှလုံးသားငယ်က..
"စတာပါငါသဝန်မတိုပါဘူး ..ငါနားလည်ပါတယ် ...ငါမင်းထက်၄နှစ်တောင်ကြီးတာကို..."
"အာ့ဆို ဘာလို့ Hyungက ကျွန်တော့်ကိုစကားမပြောတာလဲ..."
"ဒါပေမဲ့ မင်းက သူတို့နဲ့တွေ့တော့ငါ့ကိုပစ်ပယ်သလိုခံစားရတယ်...တကယ်ဆိုငါက ပိုကြာကြာမင်းအနားမှာရှိနေပေးခဲ့တာလေကွ"အထင်အမြင်လွဲနေတဲ့ နှလုံးသားငယ် ကြောင့် အနှီလူသားဆန့်ထုတ်ထားတဲ့လက်မောင်းပေါ်တက်အိပ်လိုက်သည်
Harutoဆိုတာအသက်ဘယ်လောက်ရကြီးလာပါေစအရပ်တွေဘယ်လောက်ပဲရှည်လာပါစေ Hyungအတွက်တော့ကလေးပဲ"Hyung ကျွန်ေတာ်ငယ်ငယ်လေးကတည်းက Hyungကိုချစ်ခဲ့တာလေ...ဂျပန်မှာကတည်း...ကျွန်တော့်အချစ်ဦးကိုကျွန်တော်ဘယ်လိုပစ်ပယ်နိုင်မှာလဲ Yoshi Hyungရာ..."

YOU ARE READING
TREASURE Tiny Stories
FanfictionStory ပိစိသေးသေးလေးတွေကို shipအထူးဆန်းလေးတွေနဲ့စုံနေအောင်ရေးသွားမှာပါ...🍀 OTPအစွဲရှိရင် လုံးဝမဖတ်ပါနဲ့ရှင့်❌