Episode - 4

261 23 0
                                    

ဒေါက်တာချန်းမင်းလည်းရှောင်ကျန့်ကိုကုသပြီး အခန်းထဲမှထွက်လာခဲ့တယ်။

မဟုတ်ရင်အေးစက်စက်အော်ရာတွေထုပ်လွင့်နေတဲ့ရေခဲလူသားကြီးကြောင့်မြောက်ဝင်ရိုးစွန်းသွားစရာမလိုဘဲအခမဲ့အေခဲနေပါအုံးမယ်။ဒါကြောင့်သူ့ရဲ့နူညံ့တဲ့နှလုံးသားလေးပါမအေးခဲခင်အမြန်ထွက်လာခဲ့တယ်။

ဝမ်ရိပေါ်တစ်ယောက် အိပ်ရာထပ်တွင်ဖြူစင်စွာအိမ်ပျော်နေသောကောင်လေးကိုကြည့်၍သူ့၏ရင်ထဲတွင်အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်။

သူဒီကောင်လေးကိုစတွေ့ထဲကစိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့ထိုကောင်လေးကသူ့ကိုမကြိုက်မှန်သူသိပါတယ်။ဒါပေမဲ့ကိစ္စမရှိဘူး။သူ(ရှောင်ကျန့်)ကသူ့အနားမှာရှိနေရင်ကိုရပြီ။ဒါပေမဲ့ဒီနေတော့ထိုကေညင်လေးနဲ့ပတ်သက်ပြီးသူ့စိတ်ထဲထူးဆန်မိတယ်။ထိုကညေင်ခေးကသူတွေ့နေကြကောင်လေးမဟုတ်သလို တစ်ခြာစတစ်ယောက်ပြောင်းသွားသလိုသူထင်နေမိတယ်။ဒါပေမဲ့အရင်တုန်းကပုံစံလေးထက်အခုလိုပုံစံလေးကိုပဲသူကြိုက်တယ်။

ဝမ်ရိပေါ်လည်း အတွေယဉ်ကြောထဲနစ်မျှောနေတာနဲ့ထိုကောင်လေးသတိရလာတာကိုမသိလိုက်
ပဲဖြစ်သွားတယ်။

အသံတိုးတိုးလေးနဲ့ "ရေ"ဟုပြောလာမှသတိဝင်လာတော့တယ်။

သူလည်းအိပ်ရာဘေးနားခုံလေးပေါ်ကရေကရားထဲကရေကိုဖန်ခွက်ထဲထည့်ပြီးထိုကောင်လေးကိုတိုက်လိုက်တယ်။

ရေကိုအငမ်းမရသောက်နေသောကောင်လေးသည်အမှန်တကယ်ရေဆာနေသည်ထင် ရေကိုသည်းကြီးမည်းကြီသောက်နေလေတယ်။

ရှောင်ကျန့်လည်းရေသောက်ပြီးတော့သူ့ဘေးနားကလူကိုကြည့်လိုက်တယ်။

ထိုသူက သူ့ကိုအေးစက်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတယ်။သေချာကြည့်မယ်ဆိုရင်သူ့မျက်ဝန်းထဲမှာစိုရိမ်ပူပန်မှုတစ်စွန်းတစ်စကိုမြင်တွေ့နိုင်တယ်။

ရှောင်ကျန့်လည်းထိုလူကြီးကိုစိုက်ကြည့်နေရင်းထိုလူ့အသံကြားမှသတိဝင်လာတယ်။

"ကိုယ့်ကိုတော်ရုံပဲကည့်ပါကျန့်။ကိုယ်ရုပ်ချောတာကိုတော့ကိုယ်သိပါတယ်။"

You are the only one for meWhere stories live. Discover now