Episode- 1

380 27 2
                                    

ငါ့နာမည်က ရှောင်ကျန့် ရှန်ဟိုင်းမြေအောက်ဒုစရိုက်လောကမှာငါ့ကိုမသိတဲ့လူမရှိဘူး။

ရုပ်ချောပေမဲ့ ရက်စက်တယ်။အနေပေးပေမဲ့ ကိုယ့်ကိုလာကျောရင်တော့သည်းခံမဲ့လူစားမျိုးမဟုတ်ဘူး။ပြီးတော့ငါက Homo ။ယောကျာ်းမိန်းမမှန်သမျှငါကြိုက်ရင်တွဲလိုက်တာပဲ။ဒါကြောင့်ငါက play boyတစ်ယောက်။ငါရဲ့အားသာတဲ့အချက်ကလူတွေရဲ့မျက်နှာကနေသူတို့ရဲ့စိတ်နေသဘောထားကိုသိရတယ်။ဒါကငါ့လိုမြေအောက်လောကမှာနေရာတစ်နေရာရနေတဲ့လူအတွက်အရေးပါတဲ့အချက်ပဲ။

...................................
15.10.2015.....

မနက်ခင်း ၁၀နာရီ

"ဒီနေ့ Tiger ဂိုဏ်ကကောင်တွေနဲ့မူးယစ်ဆေးဝယ်ဖို့ချိန်ထားပါတယ် boss"

"အင်"

ရှောင်ကျန့်လည်းကားတံခါးလာဖွင့်ပေတဲ့ကောင်လေးကိုခေါင်းငြမ့်ပြလိုက်ပြီး ကားပေါ်ကိုတတ်လာလိုက်တယ်။

ထို့နောက်ကားတံခါးလေးကိုပိတ်ပြီးသူ့ရဲ့ယုံကြည်ရတဲ့အတွင်းရေးမှူးက ကားရှေ့ခန်းမှာဝင်ထိုင်လိုက်တယ်။

ထို့နောက်ဒီနေ့လုပ်ရမဲ့ အလုပ်ကိစ္စတွေကိုပြောပြလိုက်တယ်။

ကားလေးကလည်းချိန်ထားတဲ့ နေရာဆီကိုတရွေ့ရွေ့သွားနေတယ်။

ကားလေးရပ်သွားသည်နှင့်တစ်ပြိုင်နက် ကား driver ဆီမှ အသံထွက်လာတယ်။

" boss ရောက်ပါပြီ"

ရှောင်ကျန့်တို့ရဲ့ကားလေးက စွန့်ပစ်ဂိုထောင်ကြီးတစ်ခုရဲ့ရှေ့မှာရပ်သွားတယ်။ရှောင်ကျန့်လည်းကားပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

ထို့နောက်သူ့အတွင်းရေးမှူးရှောင်ချန်ရယ်သူ့ဂိုဏ်သား၂၅ယောက်လောက်နဲ့အတူတူဂိုထောင်ထဲကိူဝင်လာလိုက်တယ်။

ဂိုထောင်ထဲမှာ သူနဲ့အရောင်းအဝယ်လုပ်မဲ့တစ်ဖတ်ဂိုဏ်ကလူတွေကရောက်နှင့်နေကြပြီ။

သူလည်းစကားတွေရှေရှေဝေးဝေးမပြောချင်တာနဲ့ပစ္စည်းကိုပြလိုက်တယ်။ပြီး ပိုက်ဆံယူပြီးပြန်ထွက်မယ်လုပ်တော့

"ဒိုင်း"ဆိုတဲ့သေနတ်သံကိုကြားလိုက်ရပြီးသူ့ရဲ့ညာဘက်မှာရှိတဲ့ သူ့အတွင်းရေးမှူးရှောင်ချန်ကလဲကျသွားတယ်။

You are the only one for meWhere stories live. Discover now