အချစ်ဦး (သို့) အမုန်းဆုံး (Part 4)

6.4K 39 12
                                    

ပျင်းစရာမနက်ခင်းလေးရဲ့အစကို ပျင်းပျင်းနဲ့နိုးထလာရင်း အချိန်ကိုကြည့်တော့...

"အာ 8ခွဲနေပြီလားဟ"

ကမူးရှူးတိုးထပြီး မျက်နှာသစ်ရေမိုးချိုး တွေ့ကရာအင်္ကျီကောက်ဝတ်ရင်း စာအုပ်‌တွေထည့်ပြီး ထွက်လာခဲ့တယ်။

"သားရေ မစားတော့ဘူးလား"
"နောက်ကျနေလို့သွားတော့မယ် တာ့တာ"

ကျူရှင်ရောက်တော့ လူ‌တွေအကုန်စုံနေကြပြီ ဆရာမလဲရောက်နေပြီဆိုတော့

"Sry ဆရာမရာ သားအိပ်ရာထနောက်ကျသွားလို့"
"အေးအေး ထိုင် eng စာအုပ်ထုတ်"

ဆရာမသင်မှာနဲ့ ဖြေရမှာတွေက သိနေတော့ အရင်ကြိုဖြေထားပြီး ခုံပေါ်မှောက်အိပ်နေတယ်။
ဆရာမက အနားလာပြီး စာအုပ်ကိုယူကြည့်ရင်း
ပြန်ချသွားပြီး ထွက်သွားတယ်။
ကိုအိပ်နေတာကို ဆူမယ်ထင်ခဲ့တာ။

တအောင့်နေတော့ ခုံပေါ်ဘီစကစ်မုန့်လေးတထုပ်လာတွန်းသံကြားမှ နိုးလာပြီး...
"အယ် ကိုအားနာနေလှပြီ မင်းဘာမှမင်းစားပါကွာ"
"ဟင့်အင်းရတယ် ကိုကြီးအတွက်ဝယ်လာတာ"
"ကျေးဇူး ကျေးဇူး  ရွှေရည် မှတ်လား မင်းနာမည်က ကိုနာမည်မှတ်တာ သိပ်မတော်လို့"
"ဟုတ်"

ထမင်းစားချိန်ရောက်တော့...

ယူလာတဲ့ဖုန်းကိုထုတ်ပြီး ချစ်စု conversation ထဲဝင်လိုက်တယ်။
မနက်ထဲကကိုပို့ထားတဲ့ morning ကလွဲပြီး
ဘာစာမှ မရှိ။

"ကိုအခုပဲထမင်းစားပြီးတယ် မင်းလည်းသေချာစားနော်"

စာပို့နေတုန်း ဟိုဝတုတ်မလေးက အနားလာပြီး
"ဟဲ့ ချစ်စုနဲစာပို့နေတာလား"
"ဒီလိုပါပဲ"
"ငါတခုပြောပြမယ် နင်ရွှေရည်ကိုပြန်ကြိုက်လိုက် ငါချစ်စုကိုပြန်မပြောဘူး နင်တို့နှစ်ယောက်ကြိုက်တာကိုလဲ ငါပြန်မပြောဘူး ငါရွှေရည်ကိုလည်း နင်နဲ့ချစ်စုပြတ်သွားပြီပြောထားမယ် နင်ကသာ သူကိုပြန်ကြိုက်လိုက် ငါသနားနေပြီသူ့ကို"
"ငါမကြိုက်ချင်ဘူး အာရုံနောက်မှာအဲ့ဒါတွေက"
"လျှာမရှည်နဲ့ ‌ငါပြောသလိုလုပ် ဒီနေ့ဆင်းရင် သူ့ကိုရည်းစားစကားပြောလိုက်"
"အေးပါဟာ ငါစိတ်တွေညစ်နေလို့ တယောက်ထဲနေချင်လို့"
"ပြီးရော ငါသွားပြီ"

Just Me And My Sex Experience Where stories live. Discover now