Part 12(U+Z)

2.1K 254 3
                                    

~Unicode~

ရန်ရှင်းထွက်သွားသည်နှင့်ကျန့်ခဲ့တာကသုံးယောက်သာဖြစ်သည်။ရှောင်းကျန့်ကတော့ဝမ်ရိပေါ်ရဲ့လက်ထဲကထမင်းဘူးဖြူဖြူလေးကိုသာငေးနေမိသည်။

"အဲ့တာ ရန်ရှင်းကငါ့ကိုပေးဖို့ယူလာတာ"

ချင်းယွမ်ရဲ့မကျေနပ်သလိုမာထန်ထန်အသံထွက်လာတဲ့အခါ ဝမ်ရိပေါ်ကပြုံးလိုက်မိတယ်

"ဟုတ်လားးး ဒါပေမယ့်ငါ့လက်ထဲမှာရောက်နေတာမင်းအမြင်ပဲလေ...အဲ့တော့ ပြောကြည့်ပါဦး ငါ့ဟာလား မင်းဟာလားဆိုတာ"

'တောက်!!!'

တောက်ထခေါက်တဲ့ချင်းယွမ်ကိုကြည့်လို့ဝမ်ရိပေါ်ကစုတ်တစ်ချက်သတ်တယ်

"မင်းမှာလည်း  ဒီထမင်းဘူးတဲ့ကောင်းတဲ့ထမင်းကိုစားလာပြီးပြီမဟုတ်လားး ဘာကိုလာမကျေနပ်နေတာလဲ"

ရှောင်းကျန့်ရဲ့လက်ထဲကထမင်းချိုင့်ကိုမေးငေါ့ပြတဲ့ဝမ်ရိပေါ်က ခက်ထန်တဲ့အကြည့်တွေနဲ့သာ

ရှောင်းကျန့်မှာသာဝမ်းနည်းစိတ်တွေကြီးစိုးလာမိသည်။ခုအချိန်မှာဘာတွေခံစားနေရတာလဲဆိုတာလည်း သေချာမစဉ်းစားနိုင်ပါ...ထမင်းချိုင့်လေးကိုသာခပ်ကျစ်ကျစ်ကိုင်လို့ ဒီအခြေအနေကြီးကနေထွက်ပြေးလာခဲ့သည်။

အတန်းထဲရောက်သည်နှင့်ထမင်းချိုင့်လေးကိုခုံထဲထည့်လို့ ခုံပေါ်မှာသာခေါင်းမှောက်ချမိသည်။

ရှုပ်ထွေးနေတဲ့အတွေးတွေ...ချင်းယွမ်ကိုသဘောကျမိသလို ဝမ်ရိပေါ်ကိုလည်းသဘောကျနေတဲ့သူ့စိတ်ကိုရှောင်းကျန့်ကမုန်းမိတယ်...

သူဘယ်သူ့ကိုတကယ်ချစ်နေမိတာလဲ....အဲ့ဒီအဖြေကိုသိဖို့အတွက်နည်းနည်းတော့အချိန်ယူရမယ်ထင်ပါရဲ့...

စိတ်တွေကိုပြန်ပြီးစုရုံးလိုက်နိုင်တာက အတန်းထဲကကောင်မလေးများရဲ့ တဝိုးဝိုး အော်သံနှင့် ကိုယ်ပေါ်ကိုလာကျရောက်တဲ့ အနွေးထည်လေးတစ်ခုကြောင့်သာ

မော့ကြည့်လိုက်တော့တွေ့လိုက်ရတဲ့မျက်နှာချောချောကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်။

"ဦးလေးကြီးး"

"အင်းးး မိုးအေးနေတယ် အနွေးထည်လေးခြုံထား"

Animeချစ်သူ [Completed]Where stories live. Discover now