Part 16(U+Z)

2.1K 259 1
                                    

~Unicode~

ချင်းယွမ်ကမနက်စောစောစီးစီးထကာ ကိုယ့်ကိုယ်ကို အကြည့်ကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေမိသည်။

ထို့နောက် ကျန့်ကိုသွားခေါ်ဖို့အတွက်ကားသော့လေးကိုကိုင်ကာအိမ်မှထွက်လာလိုက်သည်။

တကယ်ဆို မင်းသားဖြစ်တဲ့သူ့ကို မန်နေဂျာဖြစ်သူကလာကြိုရမှာဖြစ်ပေမယ့် သူကတော့ ကျန့်ကိုနည်းနည်းလေးတောင်မပင်ပန်းစေချင်ပါ

ဒါဆိုဘာ့ကြောင့်မန်နေဂျာခန့်ထားသေးလည်းလို့မေးလာရင်တော့ ကျန့်ကိုသူ့အနားမှာရှိစေချင်လို့ဆိုတဲ့အဖြေပဲထွက်လာပါလိမ့်မယ်

ချင်းယွမ်ရဲ့ကားလေးကိုရှောင်းကျန့်တို့လမ်းဘက်ကိုကွေ့ပြီးဝင်လိုက်သည်နှင့်လှမ်းမြင်လိုက်ရတာက အင်္ကျီအဝါရောင်လေးနဲ့ချစ်ဖို့ကောင်းတဲ့ကျန့်ဆိုတဲ့ကောင်လေး

ကားလေးကိုရပ်လိုက်ကာ ကျန့်အတွက်ကားတံခါးလေးကိုအလျင်စလိုဖွင့်ပေးလိုက်သည်။

"ကျန့်ရယ် အိမ်ထဲမှာစောင့်နေလည်းရတာကို အပြင်မှာစောင့်နေရတယ်လို့"

"မဟုတ်တာ ခုလိုလာခေါ်ပေးတာနဲ့တင်ကျေးဇူးတင်နေပါပြီ"

"ကိုယ်တို့က ကျေးဇူးစကားပြောရမယ့်လူတွေလား ကျန့်ရယ်"

သူ့ရဲ့စကားကိုပြန်တုံ့ပြန်မလာပဲဘေးခုံလေးမှာဝင်ထိုင်တဲ့ကျန့်​ကို ချင်းယွမ်ကလိုက်ကြည့်နေမိသည်။

သူတွေ့ဖူးသမျှလူတွေထဲမှာကျန့်က တကယ်ကိုအလှဆုံးပါပဲ...ဝိုင်းစက်နေတဲ့မျက်ဝန်းတွေနဲ့ပန်းဆီရောင်ဘက်သန်းနေတဲ့နှုတ်ခမ်းသားတွေက တကယ်ကိုအကြည့်မလွှဲနိုင်စရာပင်

"ချင်းယွမ်ကော!!"

"ဟင်..."

"ကားထွက်တော့လေလို့"

"ok..ok"

ကျန့်အလှမှာနစ်မြောနေမိတဲ့ချင်းယွမ်ကသူ့ခေါင်းသူလက်သီးနဲ့တစ်ချက်လောက်ထုလို့သတိပေးလိုက်ရတယ်

ကားလေးကတစ်လှိမ့်လှိမ့်နဲ့ထွက်ခွာသွားခဲ့သလိုထိုကားလေးနောက်ကထပ်ကြပ်မကွာလိုက်နေတဲ့ဆိုင်ကယ်တစ်စီးလည်းရှိနေလေသည်။

Animeချစ်သူ [Completed]जहाँ कहानियाँ रहती हैं। अभी खोजें