∆[Unicode]∆
ဘယ်လောက်ပဲကြီးမားလွန်းတဲ့တံတိုင်းတွေက ကာခြားထားပါစေ....
ဘယ်လိုအခက်အခဲတွေက တားဆီးပိတ်ပင်နေပါစေ...
နောက်ဆုံး...ဆုံစည်းဖို့မဖြစ်နိုင်တော့မယ့် အချစ်တစ်ခုပဲ ဖြစ်နေပါစေဦးတော့....
ချစ်နေခွင့်လေးတော့ရှိဦးမယ်မလား....။•••••••••••
ခွပ်*
"တောက်!"
"အစ်ကိုကြီး တော်ပါတော့! ကလေးကငယ်သေးတော့ အပြောအဆိုမတတ်တာမို့ ခွင့်လွှတ်လိုက်ပါ ကျွန်မ...ကျွန်မ, မဆုံးမနိုင်လို့ဖြစ်တာမို့ အစ်ကိုကြီးရိုက်ချင်ရင် ကျွန်မကိုပဲရိုက်ပါ"
ကိုယ့်ရဲ့ရှေ့ကနေ တစ်စုံတစ်ယောက်က မားမားမတ်မတ်နှင့် ရပ်တည်ပေးလာတိုင်း ရင်ထဲတွင်တော့ နွေးထွေးသွားရမြဲ။ လူရယ်လို့ဖြစ်လာကတည်းက မိခင်မရှိခဲ့သူမို့လားမသိ ဒီလိုနွေးထွေးမှုတွေကို မက်မောနေမိတာက အထူးအဆန်းရယ်လဲမဟုတ်ဘူးလို့တော့ ထင်မိပါသည်။
အမေတစ်ယောက်လို၊ အဒေါ်တစ်ယောက်လို တစ်နည်း သူငယ်ချင်းတစ်ယောက်လို ရှိနေပေးခဲ့တဲ့သူမက အိမ်ထိန်းတစ်ယောက်လို့သာ အမည်တပ်ခံထားရပေမယ့် သူ့အတွက်တော့ သူကြီးပြင်းလာခဲ့ရတဲ့ဘ၀တစ်လျှောက်လုံးမှာ မိမိအား အဖော်ပြုပေးရင်း နွေးထွေးလုံခြုံမှုတွေပေးခဲ့တဲ့ တစ်ဦးတည်းသောသူ။
ထို့ကြောင့်မို့လဲ သူမကသာ သူအလေးစားရဆုံးနှင့်အလေးထားမိဆုံး သူတစ်ယောက်ဖြစ်နေခဲ့တာ။မိခင်တစ်ယောက်ရဲ့မေတ္တာဆိုတာ ဘယ်လိုမျိုးလဲ သူသိပ်သိချင်နေခဲ့မိတာ။ ကြာလာတော့...မရရှိနိုင်တော့မယ့်အရာကို မျှော်လင့်နေမယ့်အစား မရှိခဲ့တဲ့အတိုင်းပဲ နေတတ်အောင်နေရင်း တဖြည်းဖြည်းနှင့် သူနေသားကျလာခဲ့တာ။
"နင့်ပါးစပ်ကိုပိတ်ထား ဘာမှ၀င်မပါနဲ့!! "
"ဖေဖေ ကျွန်တော့်ကိုထပ်ထိုးချင်ထိုးလိုက်!! ဒေါ်ကြီးကို ပြောဖို့မလိုဘူး ကျွန်တော်နဲ့ပဲရှင်း!! "
လက်သီးတစ်ချက်စာမိထားတဲ့မျက်နှာကို ထပ်မော့ရင်းဆိုတော့ အဖေဖြစ်သူမှာ မျက်၀န်းတွေကစူးရဲလို့။ အဖေ...အင်းပေါ့ အဖေ။
အမည်တပ်ထားလို့သာ အဖေဆိုတာ ဘယ်သူရယ်လို့သိခဲ့တာလေးပါပဲ။ ဘယ်မှာလဲ... မေတ္တာတွေ၊ နွေးထွေးမှုတွေ၊ မိဘဆိုတဲ့အရိပ်တစ်ခုကရတဲ့ အေးချမ်းမှုတွေ။
မျှော်လင့်ကြည့်ခဲ့ဖူးပါတယ်...ဘယ်တော့များရလာမလဲလို့။ သူကြိုးစားနေသ၍တစ်နေ့နေ့တော့ အသိအမှတ်ပြုခံရလိမ့်မယ်လို့ ထင်ခဲ့တာ။
YOU ARE READING
Let's Not Love Again
Fanfiction"နောက်ဘ၀ဆိုတာရှိခဲ့ရင်...ကျွန်တော် ခင်ဗျားကို ထပ်မချစ်ချင်တော့ဘူး"