[Ep-2]

467 51 3
                                    

[Unicode]


ပြာလွင်သော မိုးကောင်းကင်တစ်ခုလုံးက‌ ယခုအခါတွင် မှောင်မိုက်‌လို့နေသည်။
တစ်ချက်တစ်ချက် လင်းလက်သွားသည့် လျှပ်စီးတို့က ကောင်းကင်တခွင် ဖြာလင်းလို့နေပြီး ထွက်ပေါ်လာသည့် မိုးခြိမ်းသံတို့က ခြိမ့်သည်းစွာ။

"မင်းဘယ်လိုသဘောရလဲ"

"ဖေဖေက ဘယ်တုန်းကများ ကျွန်တော့်ကိုသားတစ်ယောက်လိုအသိအမှတ်ပြုပေးခဲ့လို့ အခုလိုကျွန်တော့်ရဲ့သဘောထားကို လာမေးနေရတာလဲ အဟက်! ပြီးတော့ လုပ်ချင်ရာလုပ်ပြီးနေခဲ့ပြီပဲ ကျွန်တော့်ရဲ့သဘောထားကရော အရေးပါမှာမို့လို့လား"

သူ့စကားအဆုံးတွင်‌တော့ ဒေါသတွေငယ်ထိပ်ရောက်နေပြီဖြစ်တဲ့ အဖေဖြစ်သူက သူ့ကိုစူးရဲစွာကြည့်လာသည်။ ထပ်ပြီးတော့ ဘယ်လိုအပြစ်တင်စကားတွေကို သူ့ထံပစ်လွှတ်ရမလဲဆိုတာ တွေးတောနေပုံပေါ်သည့် ဖခင်ဖြစ်သူကို သူသည်လည်း ပြန်လည်ချေပဖို့အဆင်သင့်ပင်။

"အဟက်..ဒါပေမဲ့ ကျွန်တော့်သဘောထားကတော့ရှင်းပါတယ် ‌မေမေ့ရဲ့နေရာကို ဘယ်တစ်ဦးတစ်ယောက်ကိုမှ အစားထိုးမှာမဟုတ်ဘူး"

ထိုစကားကိုတော့ သေချာပေါက် ဖခင်ဖြစ်သူ၏နံဘေးတွင် နေရာယူထားသည့် အမျိုးသမီးအား စူးစိုက်စွာကြည့်ရင်းပြောလိုက်ခြင်းဖြစ်ပေသည်။ ထိုစကားကြောင့် မျက်နှာပျက်သွားသည့် ထိုအမျိုးသမီးကို သူကတော့ အား‌နာမနေသလို ဂရုလည်းမစိုက်။ သူစိမ်းတစ်ယောက်ကို အမေလို့အမည်တပ်ပြီး ခေါ်ဆိုနေရလောက်တဲ့အထိတော့ သူမရူးမိုက်ချင်သေး။

"မင်းကသာ မင်းအမေကိုစွဲလမ်းနေတာ ဟိုက မင်းကိုမွေးကတည်းကစွန့်ပစ်ခဲ့တဲ့ မိန်းမတစ်ယောက်ဆိုတာမမေ့နဲ့!!"

ရက်စက်လိုက်တာ...။ အခုလိုမျိုး သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ သူ့ရဲ့ဒဏ်ရာဟောင်းတွေကို တူးဆွနေတဲ့လူက တကယ်ပဲ သူ့ရဲ့ဖခင်တဲ့လား။
ရုတ်ချည်းဆိုသလို ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတယ်။ ပြီးတော့ ဒီနေ့ကစပြီး မင်းရဲ့အမေလို့သတ်မှတ်ရမည့်လူဟုဆိုကာ မိတ်ဆက်ပေးလာပြန်တယ်။ တော်သေးတာပေါ့ မင်းရဲ့သဘောထားကရော ဟု မေးဖော်ရသေးသည့်အဖေ့ကို သူ့ဘက်ကပင် ကျေးဇူးတင်ရမလို။

You've reached the end of published parts.

⏰ Last updated: Oct 01, 2022 ⏰

Add this story to your Library to get notified about new parts!

Let's Not Love AgainWhere stories live. Discover now