မုန်းရ်ျမဟူ**

71 5 0
                                    

မုန်းရ်ျမဟူ.  .

part 4***

Xzတယောက်ပါးခိုင်းလိုက်လို့စက်ရုံဘက်ထွက်လာခဲ့တယ်

ပါးကထိုက်ယွီကိုအရေးနကြီးခေါ်ခိုင်းလိုက်လို့အိမ်မှာလည်းဘယ်သူမှရှိမနေတာနဲ့သူ့ဘာသာပဲထွက်လာလိုက်တော့တယ်

Xzကတော်ရုံတန်ရုံအပြင်ထွကိခဲတယ် ခုတော့လည်းပါးကခိုင်းလိုက်တာဆိုတော့မဖြစ်မနေထွက်လာရတော့တယ်

Ybတယောက်အိမ်ရှေ့ကဖြတ်သွားတဲ့Xzကိုလှမ်းဟန့်လိုက်ပြီး

ဘယ်သွားမလို့လဲချာတိတ်

ဟိုပါးခိုင်းလိုကိလို့စက်ရုံဘက်သွားမို့လူကြီး

တယောက်တည်းသွားမို့လား

ဟုတ်

ကိုယ်ပါအဖော်လိုက်ခဲ်ပေးမယ်

နေပါစေလူကြီးရယ် မဟုတ်တာပဲ

Xzငြင်းသော်ငြားငြင်းမရတာနဲ့အတူသာသွားလိုက်တယ်

​ယောကျာ်းလေးနစ်ယောက်မို့လူတေကဘာမှမဆိုသော်ငြားကိုယ့်စိတ်ကိုမလုံသူမို့ခပ်ခွာခွာသာလျှော်လာခဲ့တယ် ဒါကိုအထာမနပ်တဲ့မြို့အုပ်ကအတင်းကပ်လို့သူ့long coatရှည်ကြီးလက်မှာချိပ်လို့ဦးထုပ်ကိုတော့သူ့အားဆောင်းပေးလျက်အတင်းလိုက်ပါလာတာပဲ

စက်ရုံရောက်တော့ပါးမှားခိုင်းသညိများကိုမှားကြားပြီးအပြန်ကိုအေးအေးလူလုပင်ပြန်လာခဲ့တယ်

စက်ရံကြမြစ်ကမ်းဘေးတင်ဆိုတော့လေတဖြူးဖြူးတိုက်ခတ်လို့  ရှေ့အနည်းငယ်ဆက်လျောက်တော့ရေ​မြောင်းအသေးလေးကတဖက်ကိုကူးကျော်ရန်အဆင်သင့်

လူကြီးကအသာယာခြေလှမ်းကာကူးခပ်လိုကိပြီးသူ့အားလက်ကမ်းပေးနေတာ်

Xzလည်းအသာယာကူးခပ်လိုက်ပေမယိ့ဖိနပ်ကအနည်းငယ်ချော်နေတာမို့လူကြီးလက်ကိုကိုင်ရက်နှင့်ရင်ခွက်ထဲပြိုလဲသက်ဆင်းခဲ့မိတယ်

ရင်ငွေ့နွေးနွေးကြောင့်မျက်လွှာကိုအပေါ်လှန်တင်လိုက်တော့အကြင်နာရိပ်တေနဲ့ကြည့်နေတဲ့လူကြီး

ဟို ဟို လူကြီး ကျန့်ကိုလွှတ်အုံးလေ သူများတေမြင်ရင်တမျိုးထင်နေမယ်

အင်း

စကားသံတခွန်းနဲ့ရင်ခွင်ထဲကသူ့ကိုအသာလွှတ်ပေးခဲ့ပေမယ့် လက်ဖဝါးအဆုံတို့ကိုသူ့လက်အတွင်းထွေးယှက်ရင်းမျက်နှာချင်းဆိုင်အနေထားနှင့်ထိုလူကြီးရဲ့စကားသံက မြစ်လေပြင်တဝှေ့မှာXzရင်အစုံကို လှိုင်းဘောင်ဝေသွားစေခဲ့တယ်

ချာတိတ် ကိုမင်းကိုချစ်တယ်

စကားသံနွေးနွေးကနားအနားမှာယစ်ဝဲနေတုန်းအလိုက်မသိတဲ့မျက်နှာကလည်းရဲတက်လို့လာခဲ့တယ်

ကြောင်အမ်းအမ်းသူ့ကိုလူကြီးကပဲဆက်စကားဆိုလညခဲ့တာ်

ချာတိတ်ကော ကိုယ့်ကိုချစ်လား

ဘယ်လိုဖြေရမလဲအမှန်ပင်မသိ အချစ်ဆိုတာတခါမှပင်မကြုံဘူး ခံစားချက်တေကဝေ ဝါးနေတုန်း ဒါမာ့်မျက်စိရှေ့ကထိုလူရဲ့အကြည့် အထိအတွေ့ အမူအယာတေက ရင်အစုံကိုလှုပ်ခတ်စေတာအမှန်တခါမှမကြုံဖူးတဲ့ ခံစားချက်မျိုးမို်ငြင်းဆန်နိုင်စွမ်းမရှိ

ချာတိတ်ကိုယ့်ကိုဖြေပါအုံးကွာ

ဟို ဟို အွန်း ချစ်တယ်ထင်တာပဲ

ချာတိတ် ကလည်းသေချာပြောလေကွာ ကိုယ်ချာတိတ်ကိုချစ်တယ် ချာတိတ်ကကော

ဟုတ် လူကြီးကိုချစ်တယ်

ရှေ့နောက်တွေဝေလည်းမနေနိုင်တော့ပေနောက်ပြသနာနေညက်ရှင်းရမှာပဲ ခုတော့ဒီလူ့ကြီးရဲ့ အပြုအမုတေအပြောတေအောက်သူမရုန်းထွက်နိုင်တော့ဘူး
ဝန်ခံယုံမှတပါးရွေးချယ်စရာပင်မရှိ***

လေပြေလေးတေကဆက်လက်တိုက်ခတ်နေတုန်းလူကြီးကသူ့စကားသံအဆုံးသူ့နဖူးထက်ကိုမြတ်နိုးစွာနမ်းရှိုက်လိုက်တယ်

အနမ်းဖွဖွနဲ့အတူခပ်သြသြစကားသံကဒီလူ့ရင်ခွင်ထဲပိုလဲဖို့အကောင့်းဆုံးသက်သေတေပင်

ချစ်တယ် ချာတိတ်

ချစ်ရပါတယ်လူကြီးရယ် ရူးအောင်ထပ်မပြုစားပါနဲ့တော့ပြိုလဲပီးသားမို့ ထပ်ပြိုစရာလည်းမရှိတော့ပါအနိုင်ယူလိုက်ပါတော့လေ****

Kအရေးသားမကောင်းရင်သည်းခံဖတ်ပေးပါနော်**
idol imageထိခိုက်လိုစိတ်မရှိပါဘူးနော်♥
(Kနည်းနည်းသက်သာရင် ညကျတပိုင်းထပ်ရေးပေးမယ်နော်**)

မုန်း၍မဟူ***Where stories live. Discover now