မုန်းရျ်မဟူ(part12)

51 4 0
                                    

မုန်းရျ်မဟူ

part12

ခ်ာတိတိ သက်သာရဲ့လား

အင်း

အရမ်းကြီးစိတ်ထဲမထားနဲ့နော် ကိုယ်တို့နဲ့မထိုက်လို့ဘဲတွေးလိုက်ပါ အဓိက က ချာတိတ် ကိုယ့်ကို ကိုယ်ဂရုစိုက်ပြီး ကျန်းမာအောင်နေဖို့ပဲနော်

အင်း

ဟုပါပီ ချာတိတ်သက်သာအောင်နားနေလိုက်နော်
နေ့လယ်ကျ လည်းဆန်ပြုတ်သေချာသောက်နော်
ချာတိတ် ဘာစားချင်လဲ ကိုယ် အပြန်ကျဝယ်ခဲ့မယ်လေ

ဟင့်အင်း

အင်းပါ အာ့ဆို ကို အလုပ်သွားလိုက်အုံးမာ်နော်

Ybအသာတကြည်သာထွက်သွားလိုက်သည်

ဟင်း.  .. ရင်သွေးလေးကိုဆုံးရှုံးလိုက်ရပေမာ့် ခ်ာတိတ္ဘာမွမဖစ္တာကိုဘဲ ကျေးဇူးတင်ရမယ်လေ လောဘကြီးလို့မှ မရတာကို ဒီလိုပြောလို့ ကိုယ်စိတ်ကဘယ်လိုမှမနေဘူးလားလို့မေးရင် ကိုယ့်ရင်သွေးတယောက်လုံးဆုံးရှုံးရတာကို ဘယ်နေလိုက်ပါ့မလဲ ကိုယ်လည်းအသွေးနဲ့အသားနဲ့လူပဲလေ မိဘဆိုတဲ့ခံစားချက်လေးဝင်ကာရှိသေးပြိုပျက်သွားရတာ
ဒီအပူသောကလောက် ဆိုးတဲ့အရာရှိပါအုံးမလား
ဟူး.  ..  ..

Xzတယောက် ကုတင်ထက်ကနေ ပြတင်းပေါက်ကိုသာ တွင်တွင်လေးငေးကြည့်နေမိတယ်

သူ့ရင်သွေးလေးဆုံးရှုံးလိုက်ရတာကို တဖက်ကဝမ်းနည်းမိပေမယ့် တဖက် ကလည်း တခြားတမျိုးနဲ့စိတ်ဖြေနေမိတယ်

ကိုယ့် ဝမ်းဗိုက်ထဲမှာ လအနည်းငယ်သာနေသွားခဲ့ပေမာ့် ကိုယ့်သွေးသားလေးက ရှိနေခဲ့တဲ့အချိန်တေကိုပြန်တွေးမိတော့ ကိုယ်နဲ့တသွေးတသားထဲဖစ်တည်​နေတာလေးကို အမှတတ်ရပြီးဝမ်းနည်းမျက်ရည်စို့ရသား

ကိုယ်ကယောကျာ်းသားဆိုပေမယ့်တနည်းပြောရ ရင်မိခင်လိုမျိူးပဲမဟုလား ဖခင်တေဝမ်းနည်းတယ်ဆိုတာ မိခင်တေရင်ကွဲမနာဖြစ်နေသလောက်ဘဲမဟုလား ခုလိုပြောမိပြန်တော့မိခင်ကိုသတိရမိသေးတယ်

တဖက်ကတွေးတော့လည်း ရင်သွေးလေးအတွက် လွတ်မြောက်ရာ ရသွားတာပေါ့ သူ၏ဖခင်ဖြစ်လာမယ့်သူက အတ္တကြီးလွန်းတယ် ကလေးလေးမွေးလာရင်လည်းသူလိုရာပုံအတိုင်းစေစားနေအုံးမှာပဲ
အတောင်ပံအချိုးခံရတဲ့ငှက်က ဘယ်လိုလုပ်ပျံနိုင်မလဲ စိတ်ဆန္ဒတေအပိတ်ပင်ခံရတဲ့ကလေးငယ်ရဲ့ဘဝကကော ပျော်ရွှင်မှုတေနဲ့ပြည့်နေနိုင်ပါ့မလား
ဘယ်လိုပဲ ချစ်ပါတယ်လိုတဖွဖွပြောနေပစေ လူတယောက်ရဲ့ဘဝကိုချုပ်ကိုင်နိုင်တယ့်အထိတော့အချစ်က အင်အားမကြီးသေးပါဘူးလေ ဒီဒု က္ခတေကိုသူခံစားရတာနဲ့တင်လုံလောက်ပါပြီလေ ရင်သွေးလေးတွင်တော့ဝဋ်ကြွေးမရှိလို့သာလွတ်မြောက်သွားနယ်လို့ပဲဆဖြသိမ့်လိုက်ပါ့မယ်

one month later***

အရာရာဟာနေသားကျလို့ကျနေမြဲလူကြီးရောသူရောရင်သွေးလေးအကြောင်းမည်သူမှထပ်မံစကားမဆို
လူကြီးကလည်းအရင်လိုသူ့အလိုကျ ရုပ်သေးလေးကိုကြိုးကိုင်မြဲရုပ်သေးလေးကလည်းဇာတ်ဆရာအလိုကျထားရာနေရမြဲ ဇာတ်ဆရာမသိသည်က ရုပ်သေးလေးက ကြိုးတေရှုပ်နေပြီ​ေလတချို့ဆိုပြတ်တောင်ပြတ်နေပေပြီ

Ybနဲ့Xzဧည့်ခန်းထဲတွင်ထိုင်နေကြတယ်
Ybကသူ့အကျင့်တိုင်းဝီစကီ နှစ်ပတ်လောက်ထည့်ထားသောခွက်ကိုကိုင်ကာ ချည်ထိုးနေသောXzအနားပခုံးကိုအသာဖက်လို့နေတယ်

ကျန့် မောင်လေးရေ မောင်လေး

မရီးရဲ့ငိုသံစွပ်နေတဲ့ခေါ်သံဟာတိတ်ဆိတိနေတဲ့ဧည့်ခန်းကိုဖြတ်လို့သွားတယ်

မရီးဘာဖြစ်လို့လဲ မရီး

ကျန့် ဟင့် မင်း မင်း အကိုကိုလေ ကိုလိုနီတေဖမ်းသွားပြီ ဟင့်

ဘာ ဘာဖြစ်လို့ဖမ်းသွားရတာလဲ မရီး

ဟင့် မင်း အကိုကို တော်လှန်ရေးအဖွဲ့ရဲ့ဘက်တော်သားဆိုပြီးဖမ်းသွားတယ် ဒီညသဘော်နဲ့ ပြည်မကြီးကိုပိာ့မယ်ကြားတယ် ဟင့် လုပ်ပါအုံးမောင်လေးရယ် ဟင့်

လူကြီး ဟင့် ကူ ညီပါအုံး ဟင့်

ချာတ်တိကော မရီးကော ဘာမှစိတ်မပူပါနဲ့ အပြစ်မရှိဘူးဆိုပြန်လွှတ်ပေးမှာပါ ကျုပ်လည်း လူလွှတ်ပြီးပြောခိုင်းထားပါ့မယ်

ကျေးဇူးပါ မြို့အုပ်မင်းရယ် ဟင့်
မောင်လေး မင်းအကို အမ သဘော်ဆိပ်လိုက်ချင်လို့သွားတော့မယ်နော်

ဟုတ် ဘာမှသိပ်စိတ်မပူနဲ့နော်မရီး

.အင်းပါ

Xzစိတ်မပူဖို့ပြောလိုကပေမယ့်တကယ်ကသူကိုယ်တိုင်စိတ်ပူလွန်းလို့ထိုင်တောင်မထိုင်နိုင်အကို့ကိုလည်းလိုက်ပို့ချင်တယ် အရဲစွန့်ကာသာ

လူကြီး

ပြောလေ ချာတိတ်

ကျန့် အကို့ကို သဘော်ဆိပ်လိုက်ပို့ချင်တယ်

ဟင်း.   ချာတိတ်က နေကောင်းခါစလေ ချာတိတ်အကိုကလည်းသူသာအပစ်မရှိရင်သေချာပေါက်လွတ်လာမှာကို

ဒါမယ့်

ကိုယ်ကစိတ်ပူလို့ပါ မသွားပါနဲ့ကွာ

Xzတယောက်Ybကိုတွင်တွင်သာငေးကြည့်ပြီးတွေးလိုက်မိသည်က ဒီလူကြီးဟာသိပ်ကိုအတ္တကြီးလွန်းပါတယ်

တိန်

ရုပ်သေးလေးရဲ့ကြိုးတချောင်းဟာလည်းထပ်မံပျက်လို့သွားပြန်တယ်

Kအရေးသားမကောင်းရင်သည်းခံဖတ်ပေးပါနော်*
idol imageထိခိုက်လိုစိတ်မရှိပါဘူးနော်♥

မုန်း၍မဟူ***Where stories live. Discover now