나의 '운' 《My Luck》

45 5 0
                                    

​"အစုတ်ပလုတ်​ကောင်​လေး​တွေ"

​ဆောင်းဟွာတစ်​​ယောက် မိမိတိုက်ခန်း​လေးသို့ပြန်​​ရောက်ပြီဖြစ်သည်..
​လေးပင်​နေတဲ့ ခန္ဓာကိုယ်ကြီးကိုတရွတ်တိုက်ဆွဲရင်းနဲ့ပဲ အိမ်တံခါး​သေချာပြန်ပိတ်ရင်း အထဲ​​ရောက်တာနဲ့ဖိနပ်ချွတ်ရမည့်အကျင့်က ​ခြေ​ထောက်ဆီလက်အလိုလို​ရောက်သွား​စေသည်..

မူးတာကမူးတာ အသန့်ကြိုက်တာကကြိုက်တာ မတူဘူး အို​ခေ​နော်

"​နောက်တစ်ဝိုင်းပါဆိုတာကို ငါ့ကိုပစ်သွားကြတယ်"

"အားးး"

အိမ်တွင်းစီး slipper​လေးစီးပြီး ဧည့်ခန်းကဆိုဖာ​ပေါ် မိမိလွယ်အိတ်နဲ့အတူ မိမိကိုယ်ကိုပါ ပစ်တင်လိုက်​တော့သည်

Tv remoteကိုတက်ထိုင်မိတာ​ကြောင့် လင်းလာ​သော screenကို ​ဝေဝါး​သောအမြင်ဖြင့်သာ ငိုင်ငိုင်ကြီး​ငေးကြည့်​​နေမိသည်..

'​​နောက်သတင်းတစ်ပုဒ်ဖြစ်ပါတယ် ဒီ​နေ့မှာ​တော့ ဘူဆန်မြို့မှာ ဘွန်း​မောဆာဘုရား​ကျောင်းမှာ အာရုဏ်တက်ချိန်ကစပြီး လူအများစည်းကားလျက်ရှိပါတယ်'

'တစ်​နှစ်ကိုတစ်ခါ ကံ​ကောင်းခြင်းအတွက် ဂွန်း​ဂျောင်န်​တောင်မှ ကျားနတ်အရှင်သခင်ဆီ လာ​​ရောက်ဆု​တောင်းကြခြင်းဖြစ်ပါတယ်'

"​ဟောလ် လူ​တွေလည်းတကယ်အလုပ်မရှိအလုပ်ရှာတာ"

​ပြောရင်းနဲ့ ​ဆောင်းဟွာ ​ခြောက်ကပ်ကပ်ရယ်လိုက်သည်

"အဲ့လူ​တွေ​တော့မသိဘူး ကျားနတ်အရှင်က​တော့​တော်​တော်​​ကောင်း​နေ​လောက်ပြီ"

အိပ်ခန်းထဲသွားဖို့ ​ဘေးက​ကျောပိုးအိတ်ကိုယူရန်လှည့်ကြည့်မိ​တော့ ​ဘေးအံထဲထိုးကြိတ်ထည့်ထားသည့် အ​ဝါ​ရောင်စက္ကူ​လေးက တီဗီကအလင်း​​ကြောင့် ထင်း​လို့ရယ်

​ပျင်းရိပျင်းတွဲနဲ့ပဲ ​ကြေမွ​နေတဲ့ထိုစာရွက်​လေးကိုဖြန့်ကြည့်မိ​တော့ ချွဲစံဆီကရထားတဲ့ အ​​ဆောင်လို့ထင်ရတဲ့စာရွက်​လေးဖြစ်​နေသည် တစ်ဆက်ထဲ သူ​ပြောဖူးတာကိုပါကြား​ယောင်လာမိသည်

Chingu~MatZWhere stories live. Discover now