ဥယာဥ်ထဲစ ဝင်တော့တိရိစ္ဆာန်အကြီးကြီးတွေကို မတွေ့ရသေးဘဲ မျောက်ကလေးတွေနဲ့တစ်ခြားအကောင်ပိစိလေးတွေသာ တွေ့သေးတာမို့လှေဦးမှာတစ်ယောက်ထဲ ထိုင်နေတဲ့အမောင်ရှောင်းကျန့်တို့က သာသာယာယာပါပဲလေ။ယွီပင်းဆီက ကင်မရာလေးနဲ့ဓာတ်ပုံလေးတွေရိုက်ပြီး နုတ်ခမ်းပါလေးကပြုံးလို့ရယ်။
လှေကလေးနဲ့လျှောက်ကြည့်ရတဲ့အရသာက တစ်မျိူးလေးခံစားလို့ကောင်းပါတယ်။သဘာဝသစ်တောထဲက လေနုအေးအေးရဲ့အငွေ့သက်လေးတွေနဲ့ သစ်ပင်ပန်းမာန်တွေကသိပ်ကို သာယာလှပနေသည်။ရိပေါ်ကထိုသစ်တောကြီးရဲ့ စိမ်းလန်းစိုပြေမှုကိုသူ့ကောင်လေးရဲ့ အလှနဲ့မလဲနိုင်ခဲ့ပါဘူး။သူ့အမြင်မှာတော့ ရှောင်ရှောင်းကျန့်သာလျင် အလှပဆုံးလေးဖြစ်ခဲ့ပါ၏။
လှေဝမ်းဘက်မှာထိုင်ရင်း ကောင်လေးရဲ့ချစ်စဖွယ်အမူရာလေးတွေကို တစိမ့်စိမ့်ကြည့်လို့နုတ်ခမ်းထူထူလေးထက် အပြုံးတို့ဆင်မြန်းထားဆဲ။
" ဝိုး ပါပါးရေ၊မာမားရေ ဟိုမှာကြည့်ပါအုံး ယုန်ပိစိလေးတွေ။တအားချစ်စရာကောင်းတယ် "
" ဟုတ်ပါ့ အုပ်စုလိုက်ပဲနော် ။အကိုရေ ကြည့်လိုက်အုံး သားရှောင်းပြတဲ့ယုန်ကလေးတွေကို အရောင်လေးတွေက အဖြူအညိုလေးတွေ "
YOU ARE READING
💢🔞 ကို 🔞💢 COMPLETED
Fanfictionမင်းက ကိုယ့် ကိုအမြဲ ချိူမြိန် ယစ်မူးစေတယ် ရှောင်း ကျွန်တော်က ကို ပိုင်တဲ့ Dolly လေး...