အကျဥ်းချုပ်
အရာအားလုံးအစဟာဖန်တီးခြင်းမဟာအနန္တစကြာဝဠာ ရဲ့ ဘိုးဘေးကြီးငါးနဲ့ အမှောင်မိစ္ဆာအနန္တစကြာဝဠာတို့ရဲ့
လောကပျက်ကပ််တိုက်ပွဲကနေစတင်တာပါဘဲ(အနန္တစကြာဝဠာတစ်ခုမှာ မရေမတွက်နိုင်တဲ့စကြာဝဠာတွေပါဝင်ပါတယ်) လောကကြီးရဲ့ထောက်တိုင်ငါးခုဖြစ်တဲ့
ထာဝရဘိုးဘေး
အင်မော်တယ်ဘိုးဘေး
ကောင်းကင်ဘိုးဘေး
ကြယ်တာရာဘိုးဘေး
နတ်ဆိုးဘိုးဘေး
တို့အတူယှဉ်တွဲနေထိုင်ခဲ့တယ်နောင် လောကစက်ဝန်း၁၀၀၀လောက်ကြာတော့ (လောကစက်ဝန်း၁ခု =နှစ်၁၀ထရီလျန်)တခြားအနန္တစကြာဝဠာကနေ နတ်မိစ္ဆာအင်ပါယာဘိုးဘေးက အဆင့်တက်ဖို့ အနန္တစကြာဝဠာတစ်ခုရဲ့ နိယာမတရားတွေကိုဝါးမျိုဖို့လိုလာတယ်
အဲ့တော့ စစ်ပွဲကြီးစတင်ဖြစ်ပွားတော့တာပေါ့
စစ်ပွဲကြီး အပြင်းအထန်ဖြစ်ပွားပြီး အနန္တစကြာဝဠာအတွင်းစကြာဝဠာပေါင်း
၆၀၀၀၀ကျော်ပျက်စီးခဲ့ရတယ် နတ်မိစ္ဆာအင်ပါယာဘိုးဘေး ကသန်မာလွန်းတော့ လောကအလွန်တန်ခိုးရှင်တွေဖြစ်ကြတဲ့ဘိုးဘေးကြီးငါးပါးတောင် ကို့ကိုယ်ကို စွမ်းအင်အရင်းအမြစ်အဖြစ်အသုံးပြုပြီး လောကစက်ဝန်း၁၀၀၀၀ကျော်ထိချိပ်ပိတ်ထားခဲ့တယ်တိုက်ပွဲကြီးမှာ ဖန်တီးခြင်းမဟာစကြာဝဠာရဲ့ကံကြမ္မာမြစ်ကြီးမှာ အတော်ထိခိုက်ခဲ့ရတယ် ဘိုးဘေးကြီးငါးပါးမပေါ်ထွန်းခင်ထဲက ရှိခဲ့တဲ့ ကံကြမ္မာမြစ်စောင့် လောကအလွန်တန်ခိုးရှင် တစ်ပါးက တိုက်ပွဲအတွင်းကြံကြမ္မာမြစ်ကြီးကို မပျက်စီးအောင်အကောင်းဆုံးထိန်းသိမ်းခဲ့ပေမဲ့ ဒီဝတ္ထုရဲ့ဇာတ်လိုက်ကြီးကတော့ ကံမကောင်းစွာနဲ့ ကံကြမ္မာဆိုးချောက်နက်ထဲကျရောက်သွားခဲ့တယ်
အဲ့တော့ပြောစရာကိုမလိုအောင် mcကလျှောသွားတယ် နောက်တော့သူမသိတဲ့တခြားကမ္ဘာမှာပြန်လည်ဝင်စားခဲ့တယ် အစကသူကူးပြောင်းသွားလို့ ရွှေလက်ချောင်းပါခဲ့မယ်လို့ထင်ခဲ့ပေမဲ့လည် သူမျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေပါတယ် ဘာရွှေလက်ချောင်းမှမပါတဲ့အပြင် ခန္ဓာကပါကျင့်ကြံလို့မရတဲ့ခန္ဓာဖြစ်နေခဲ့တယ် ထူးဆန်းတာတစ်ခုက တစ်နေ့မှာထူးဆန်းတဲ့ အဆောင်၁၂ထပ်ရှိတဲ့ ကမ္ဘာငယ်လေးကို စိတ်ဝိဉာဏ်မသိစိတ်ကဝင်သွားခဲ့မိပါတယ် အဆောင်၁၂ထပ်ပါတဲ့ကမ္ဘာငယ်ကသူတစ်ယောက်ထဲသာဝင်ထွက်နိုင်တဲ့နေရာမှန်းသိသွားတဲ့အခါမှာတော့....
အဲ့ဒီအချိန်ကနေစပြီး ခြေရာမဲ့ဓားသူတော်စင်တစ်ယောက်ရဲ့တာအိုခရီးလမ်းဟာစတင်လေတော့တယ် တန်ခိုးရှင်တို့ရဲ့ခရီးလမ်းတစ်လျှောက်တွေ့ကြုံရမယ့် စွန့်စားခန်းတွေနဲ့ထူးခြားဆန်းကြယ်မှုအပြည့်ရှိတဲ့ အဆောင်၁၂ထပ်ထဲက အဖိုးတန်တဲ့အရာပေါင်းများစွာနဲ့ လောကကြီးကိုလွန်ဆန်နိုင်ပါ့မလား ဓားတစ်ချောင်းနဲ့မိုးနဲ့မြေ သေခြင်းတရားကို တောင်စိန်ခေါ်နိုင်တဲ့ဓားသူတော်စင်တစ်ပါးရဲ့ ဒဏ္ဍာရီကို စောင့်ကြည့်ကြပါစို့............
#ပျော်ပျောက်ကြီး
YOU ARE READING
ခြေရာမဲ့ဓားသူတော်စင်၏ ဒဏ္ဍာရီ
Non-Fictionကိုယ်တိုင်ရေးစာစဥ်လေးပါဗျ Review ဓားတာအိုရဲ့အဓိပ္ပာယ်... အထွပ်အထိပ်ဓားတာအိုဆိုတာဘာလဲ ဓားတာအိုကိုကျော်လွန်နေတဲ့ဓားသမားဆိုရင်ရော ဘယ်လောက်အတိုင်းအတာထိစွမ်းအားကြီးကြလဲ အရာခတ်သိန်းရဲ့ အထက်မှဓားသူတော်စင်ကြီးတစ်ပါးရဲ့အကြောင်း........... ရေးသူ - ပျော်ပျော...