အပိုင်း(1)

28 4 1
                                    

ခြေရာမဲ့ဓားသူတော်စင်၏ဒဏ္ဍာရီ
အပိုင်း 1
ငါ့ရွှေလက်ချောင်းကဘယ်မှာလဲ....??

မနက်ခင်းအလင်ရောင်ကထိန်ထိန်​ဖြာ​​ပြီးပေကျင်းမြို့တောင်ထိပ်တစ်နေရာရှိ​ကြီးမားသောအိမ်ကြီးထဲတွင် ရင့်ကျက်ဟန်ရသော အသက်၃၀အရွှယ်လူတစ်ဦးက ရတနာစီခြယ်ထားသော ထိုင်ခုံပေါ်တွင်ထိုင်၍ကမ္ဘာ့စျေးအကြီးဆုံး ဒေါ်လာ သန်း၁၀၀ တန်တဲ့ဝိုင်တစ်အိုးနှင့်ကမ္ဘာ့စျေးအကြီးဆုံး နဲ့ တစ်ပွဲကိုဒေါ်လာတစ်သိန်းတန်တဲ့ အစားအစာပေါင်းစုံကိုကျကျနနစားသောက်နေခဲ့တယ် စားပွဲဘေးနားမှာလည်း အနက်ရောင်ကုတ်အင်္ကျီနဲ့လူ၆ယောက်ကငြိမ်သက်စွာရပ်နေခဲ့တယ်

တကယ်ဆိုလေထုကစိတ်တက်ကြွဖွယ်ရာဖြစ်ရမယ့်အစား လေထုက စိုထိုင်းအုံးမှိုင်းကာဝမ်းနည်းခြင်းအငွေ့အသက်တွေနဲ့ပြည့်နက်နေခဲ့တယ် လူရွှယ်ကစားသောက်ပြီးသွားတော့ သူ့ဘေးနားကလူတစ်ယောက်ကိုကူတွဲခိုင်းလိုက်ကာ ပြောလိုက်တယ်

"ငါ့ကိုအခန်းထဲပြန်ပို့ပေးတော့ ငါအနားယူတော့မယ်"

ကုတ်အင်္ကျီဝတ်လူက ခေါင်းငြိမ့်ပြီး ကူတွဲလိုက်ကာ လူရွှယ်၏အိပ်ခန်းထဲသို့ လိုက်လံပို့ဆောင်လိုက်၏

ထိုလူရွှယ်ကတော့ ယဲ့ချင်းဖုန်း ဟုအမည်ရကာ ကမ္ဘာကြီးရဲ့မြေအောက်လောကတစ်ဝက်လောက်ကိုအုပ်စိုးထားသူဖြစ်ပါတယ် အသက်၃၀အရွှယ်သာရှိသော်လည်း ကမ္ဘာ့မြေအောက်လောကတစ်ဝက်လောက်ကိုပိုင်စိုးထားတဲ့ လွန်ဆန်ခြင်းမြေအောက်ဂိုဏ်းကြီးကိုတည်ထောင်ခဲ့တဲ့သူပေါ့

မြေအောက်လောကဆိုတာက လူမိုက်ဂိုဏ်းတွေ ရာကူဇာဂိုဏ်းတွေ ဂန်းစတားတွေကျင်လည်တဲ့ နေရာဖြစ်ပြီး ဂိုဏ်းကြီးတွေကတော့ ကမ္ဘာကြီးရဲ့ တိတ်တဆိတ် အုပ်စိုးရှင်တွေပေါ့
လွန်ဆန်ခြင်း ဂိုဏ်းဟာဆိုရင် ကမ္ဘာ့မြေအောက်လောကရဲ့တစ်ဝက်လောက်ကို လွမ်းမိုးထားပြီး အမေရိကန်နိုင်ငံလိုမျိုး အဆင့်မြင့်နိုင်ငံတွေတောင် ရန်စမချင်တဲ့အထိအင်အားကြီးမားပါတယ်

အဲ့ဒီလွန်ဆန်ချင်းဂိုဏ်းကိုတည်ထောင်ခဲ့တဲ့လူကတော့ ယဲ့ချင်းဖုန်းကိုယ်တိုင်ပါဘဲ ယဲ့ချင်းဖုန်းဟာအသက်၃၀ကျော်ထိ ကျန်းမာရေးလိုက်စားပြီးကောင်းကောင်းမွန်မွန်နေခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၆လက ရုတ်တရက်ကြီး အုံးနှောက်မှာ အကျိတ်ကင်စာဖြစ်သွားပြီးကင်စာနောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုတာသိခဲ့ရပါတယ် ကမ္ဘာ့ အကောင်းဆုံးဆေးတွေတရာဝန်တွေနဲ့ခွဲစိတ်ကုသခဲ့ပေမဲ့ အောင်မြင်မှုရာခိုင်နှုန်းကတော့ 05%သာရှိတာမို့ဒီတိုင်းဘဲထားလိုက်ရပါတယ်

ခြေရာမဲ့ဓားသူတော်စင်၏ ဒဏ္ဍာရီWhere stories live. Discover now