အပိုင်း(7)

19 2 0
                                    

ခြေရာမဲ့ဓားသူတော်စင် ၏ဒဏ္ဍာရီ

အပိုင်း(5)

အချိန်အနည်းငယ်ကြာပြီးနောက် ယဲ့ချင်းဖုန်းဟာ အိမ်စုတ်လေးဆီကို ပြန်ရောက်လာခဲ့ပါတယ် အိမ်စုတ်လေးဆီကိုပြန်ရောက်တော့ ယဲ့ချင်းဖုန်းဟာ ဒီလောကကြီးကသူ့အတွက်အရမ်းအန္တရာယ်များတာ သိလိုက်ပြီး အမြန်ဆုံးကျင့်ကြံပါလေတော့တယ်
မကျင့်ကြံခင် ရေစည်ကြီးထဲမှာအရင်ထိုင်လိုက်ပါတယ် ​အကြောင်းအရင်းကတော့ ခန္တာကိုယ်သန့်စင်ရင် ထွက်လာမယ့်အညစ်အကြေးတွေကြောင့်ပါ

နောက်တစ်နေ့နံနက်ခင်းတွင် ယဲ့ချင်းဖုန်းဟာ ကျင့်ကြံရာမှနိုးလာပြီး အညောင်းဆန့်လိုက်ပါတယ်
"ဘာနံ့ကြီးလဲဟ ဆောက်ရမ်းနံတာဘဲ"

ယဲချင်းဖုန်းဟာ နာခေါင်းပိတ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်ပါတယ် သူ့အနောက်မှာတော့ အမဲရောင်အရည်တွေနဲ့ပြည့်နေတဲ့ ရေစည်ကြီးကိုတွေ့လိုက်ရပါတယ်

၃မိနစ်လောက်ကြာတော့ ယဲ့ချင်းဖုန်းဟာ ရေစည်ကြီးကို သွန်ပြီးသန့်ရှင်းရေးလုပ်ပြီးနေပါပြီ
ယဲ့ချင်းဖုန်းဟာကုတင်ပေါ်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ပါတယ်

"ဟားဟား တစ်နေ့ထဲနဲ့ အဆင့် နှစ်ဆင့်တက်သွားမယ်လို့လုံးဝမထင်မိဘူး ဒါတွေအားလုံးက ငါ့ရဲ့ အဆုံးမဲ့ဓားဒန်တျန်ရဲ့အကျိုးကျေးဇူးတွေပဲ ဓားဒန်တျန်ဖွဲ့စည်းပြီးထဲကငါ့ရဲ့ကျင့်ကြံမှုနှုန်းက ပျမ်းမျှအထက်မှာရှိနေပြီ အဲ့တာကိုမှ ၆ဆအမြန်နှုန်းထည့်ပေါင်းလိုက်တော့ ကျားကိုတောင်ပံတပ်ပေးတာထက်ပိုဆိုးသွားတာပေါ့ ဟား ဟား "

"အခုငါက ခန္တာကိုယ်သန့်စင်ခြင်းအဆင့်၃ ဆိုတော့ ဒီနိုင်ငံမှာ အတော်အသင့် သန်မာနေပြီလို့ဆိုလို့ရတယ် ဒါနဲ့မနေ့က ဟိုဂတုံးပြောတဲ့ စစ်သည်တော် ငါ့မှတ်ဉာဏ်ထဲက စစ်သည်တော်အဆင့်တွေကဘာတွေလဲ ငါ့ရဲ့ ကျင့်စဥ်က တခြားကမ္ဘာကများလား အဲ့တာလဲမဟုတ်သေးပါဘူး အဆင့်အမည်တွေကပြောင်းနေပေမဲ့ အခြေခံကတော့အတူတူဘဲ..... "

"ထားပါတော့ကွာ နောက်မှ သေချာ ပြန်ပြီး စီစစ်ကြည့်ရမယ်"

ယဲ့ချင်းဖုန်းဟာ ခန္တာကိုယ်သန့်စင်ခြင်းအဆင့်၃ ကိုရောက်နေပေမဲ့ သေမျိုးအဖြစ်မှာဘဲရှိနေသေးတာကြောင့် ဗိုက်ဆာလာပါတယ် "ဂွီးး "

You've reached the end of published parts.

⏰ Last updated: Apr 20, 2023 ⏰

Add this story to your Library to get notified about new parts!

ခြေရာမဲ့ဓားသူတော်စင်၏ ဒဏ္ဍာရီWhere stories live. Discover now