___________________________________________
ဆီးနှင်းများ ဖြူဖွေး အုပ်ဆိုင်းနေသည့် အလွန်အေးသော ဆောင်းရာသီတွင်ဖြစ်သည်။
လူသူမရှိ ခေါင်ပါးသော တောအုပ်၏အလယ် ၊ နှင်းထူထူပေါ်၌ ပျော့တွဲ အားနှဲ့စွာ လှဲလျောင်းနေသော ခန္တာငယ်လေးတစ်ခု ...
ပါးစပ်မှ အဖြူရောင်အခိုးအငွေ့များ ရေးရေးလေးထွက်နေပြီး ခန္တာကိုယ်တစ်ခုလုံး အအေးဓာတ်ကြောင့် ထုံကျင်နေပုံရသည်။
မျက်တောင် တစ်ချောင်းချင်းဆီပေါ်တွင် ရေခဲများက တွဲငြိနေပြီး နှုတ်ခမ်းသားများမှာမူ အက်ကွဲ၍နေခဲ့သည်။
ထို့အပြင် နဖူးပေါ်က ဒဏ်ရာကြီးကြီးတစ်ခုမှ သွေးများယိုစင်းကျနေတာ ခေါင်းတစ်ခုလုံး ရွှဲနစ်နေပြီး ငွေနှင်းများမှာမူ အနီရဲအဖြစ်သို့ ကွက်ကြားရိုက်ခဲ့တော့သည်။
" ကယ်...ကယ်ပေးပါ "
လှမ်းမြင်နေရသည့် လ၀န်း ကြီးအား ငေးကြည့်ရင်း သူမ အကူအညီတောင်းမိသည်။ သို့သော် ဒီလူသူမရှိတဲ့ တောအုပ်မှာ သူမ ကို တစ်ယောက်ယောက်လာကယ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?
သေတော့မှာလား? သေတော့မှာလားဟင်?
သူမ အသက်ငင်လုနီးနီးဖြစ်နေတဲ့အချိန်မှာ အရိပ်မည်းတွေ ဖြတ်သန်းပြေးလွှားနေတာကိုမြင်နေရသည်။ ဒါတွေဟာ သေခါနီးမို့ မြင်နေရတဲ့ ပုံရိပ်တွေလား? ရုပ်ရှင်တွေထဲကလို သေမင်းတမာန်တွေရောက်လာတာလား?
ဘာမှမတတ်နိုင်တော့တဲ့ အခြေအနေမို့ မျက်စိကို စုံမှိတ်ချပစ်လိုက်သည်။ သို့သော် နားထဲမှာ ထပ်ကြားလာရတာ တိုက်ခိုက်သံတွေ...
ဘာတွေဖြစ်နေတာလဲဆိုတာတော့ ကောင်းကောင်းမမြင်ရဘူး အဲ့အရိပ်မည်းတွေနဲ့ တစ်ခုခုတိုက်ခိုက်နေတာကိုတော့ သိသည်။