'𝘊𝘦𝘯𝘵𝘶𝘳𝘺 𝘢𝘱𝘢𝘳𝘵' _6

283 38 8
                                    

"𝘗𝘳𝘰𝘷𝘦 𝘺𝘰𝘶𝘳 𝘱𝘦𝘳𝘧𝘦𝘤𝘵 𝘢𝘯𝘥 𝘥𝘦𝘦𝘱 𝘭𝘰𝘷𝘦 𝘸𝘪𝘵𝘩 𝘵𝘶𝘭𝘪𝘱 𝘣𝘦𝘤𝘢𝘶𝘴𝘦 𝘵𝘩𝘦𝘺'𝘳𝘦 𝘪𝘥𝘦𝘢𝘭 𝘵𝘰 𝘨𝘪𝘷𝘦 𝘵𝘰 𝘴𝘰𝘮𝘦𝘰𝘯𝘦 𝘸𝘩𝘰 𝘺𝘰𝘶 𝘩𝘢𝘷𝘦 𝘢 𝘥𝘦𝘦𝘱, 𝘶𝘯𝘤𝘰𝘯𝘥𝘪𝘵𝘪𝘰𝘯𝘢𝘭 𝘭𝘰𝘷𝘦" 𖧷

°°°°°°°°°°°°°°°°°°°

"ငါ ရူးသွားတာများလား"

"arr...ကင်မ်ဂျွန်ဂယူ! တဂယ်ကြီးရူးသွားပြီပဲ"

"ပထမဆုံးအနမ်းကို ငါဘက်ကအရင်...အရင်,
အား...မသိတော့ဘူး "

ဂျွန်ဂယူတစ်ယောက် ခေါင်းတခါတခါဖြင့်
သူ့ရဲ့ ခုန်ပေါက်နေ‌တဲ့ ဘယ်ဘက် ရင်အုံကိုလက်ဖြင့် အသာဖိရင်း မျက်စိမှိတ်ကာ တစ်ယောက်ထဲစကားပြောနေခြင်းသာ။

တီး**

မြည်လာသော မက်ဆေ့ဂ်ျနိုတီအသံဟာ
အခုလေးတင် တွေ့ပြီးပြန်လာသော သူရဲ့ ရည်စားအသစ်စက်စက်လေးဆီကပို့မှန်း ဂျွန်ဂယူ တစ်ချက်ကြားရုံဖြင့်တန်းသိလေသည်။

*အကို...ရှက်နေပြီလား?*

*ကျွန်တော်လည်း အခုထိရင်တွေခုန်နေတုန်းပဲ*

*ကျွန်တော် ဒါမျိုးလက်ဆောင်တစ်ခါမှမရဘူးလို့လားမသိဘူး တော်ဝောာ် surprised ဖြစ်သွားတာ*

*အကိုက လူကို ရင်ခုန်အောင်တော့ တော်တော်လုပ်တတ်တယ်နော်။ နောက်လည်းအခုလိုမျိုး ရင်ခုန်အောင်များများလုပ်ပေးပါအုံး *

သူ့ဆီ တလစပ်ပို့နေသော ကောင်လေးရဲ့စာတွေကိုဖတ်ပြီး ဂျွန်ဂယူ ဘာပြန်ပြောရမှန်းမသိ။
ရှက်နေတဲ့သူကို ပိုရှက်အောင် တမင်များလုပ်နေတာလား ဒီကောင်လေး။

ဂျွန်ဂယူ တွေးလို့ပင်မပြီးသေး ထပ်မံဝင်ရောက်လာသော စာအချို့။

*အခု အိမ်မှာ အကို့မေမေ မရှိဘူးမလား*

*ကျွန်တော်လာခဲ့ရမလား*

ထိုအခါတွင် ဂျွန်ဂယူတိတ်ဆိတ်နေလို့မရတော့ပါ။
သူသာ ဘာမှမပြောဘဲငြိမ်နေလိုက်ရင် ထိုကောင်လေးက တဂယ်ကြီး အိမ်ကိုချက်ချင်းရောက်ချလာမှာ ဂျွန်ဂယူသိသည်။

'ရတယ် ရူတို ~
မိုးလည်းချုပ်နေပြီမိုလို့ မလာနဲ့တော့နော် '

𝘊𝘦𝘯𝘵𝘶𝘳𝘺 𝘢𝘱𝘢𝘳𝘵_Where stories live. Discover now