တူ...တူ..တူ...ပေါ်...ပေါ်
တူ....တူ....တူ...ပေါ်...ပေါ်ဂျုံးဂျုံးဂျက်ဂျက်ဆူညံစွာမြည်ရင်းရထားကြီးသည်တစ်ဘူတာမှတစ်ဘူတာခုတ်မောင်းလာသည်။ရေနွေးငွေ့သုံးမီးရထားခေါင်းတိုင်မှအငွေ့တွေတစ်လူလူထွက်နေပြီးထိုအငွေ့အဖြူရောင်
များမှာလေပေါ်သိုလွင့်နေသည့်တိမ်တိုက်များနှင့်
သာတူလှပြီးအဝေးခပ်လှမ်းလှမ်းကကြည့်ရင်တောင်ထိုအဖြူရောင််တိမ်စိုင်ငွေ့တို့ကိုမြင်ရသည်။အချိန်အားဖြင့် 1920စွန်းစွန်း..
ဆိုလ်းကောလိပ်ကနေပြန်လာသောအသက်နှစ်
ဆယ်ကျော်အရွယ်ရှိကင်မ်ထယ်ယောင်းမှာရထား
အထူးတန်းတွင်စီးနင်းလိုက်ပါခဲ့သည်။"မောင်ရင်က ကောလိပ်ကနေတောပြန်ရတယ်လို့၊
ကျုပ်ဆိုရင်မြို့မှာစာရေးလျှောက်မိမလားမသိဘူး၊ဒီခေတ်ကမောင်ရင့်လိုပညာတတ်တွေကရှား
တယ်ကွယ့်"မျက်နှာချင်းဆိုင်ထိုင်နေသောလူကြီးက ကင်မ်
ထယ်ယောင်းအားကောလိပ်ကျောင်းပြန်ဆိုပြီး
အရမ်းအထင်ကြီးနေတဲ့ပုံ။ကောလိပ်ကနေဘွဲ့
ရထားတဲ့ပညာတတ်ကလေးမှာမြို့ကြီးပြ ကြီးထဲ
လစာကောင်းကောင်းအစိုးရဝန်ထမ်းမလုပ်ဘဲ
ဒါဆန်းရွာလေးသို့ပြန်လာခဲ့သည်ကိုကြည့်ကာနှမြောလို့မဆုံး။"မောင်ရင်အသက်ဘယ်လောက်ရှိပြီလဲ...."
"23နှစ်...."
လူကြီးကသဘောကျသွားဟန်ခေါင်းကိုတစ်ဆတ်
ဆတ်ညိမ့်သည်။လူငယ်ကောင်လေး၏လက်ထဲ
တွင်ကိုင်ထားသောဘိလပ်စာကားလုံးများအပြည့်
ဖြင့်သတင်းစာရွက်ကြီးကိုကြည့်ကာပင်ပိုလို့အား
ကျနေသေးသည်။ဒီခေတ်ဒီခါကြီးမှာကိုယ့်လူမျိုး
ကိုယ့်စာပေစကားတောင်တတ်သူခပ်ရှားရှား။
မီးခိုးငွေ့တစ်လူလူစစ်ပွဲတွေ၊မြေရှင်ယာရှင်ကြီး
တွေရဲ့လက်အောက်ရှိအဖိနှိပ်ခံလူတန်းစားတွေမှာ
အတန်းပညာတတ်မြောက်ကြသည်ဟူ၍မရှိ။တစ်
နေအလုပ်လုပ်မှအူစိုသည်မို့ပညာသည်လည်း
စားဝတ်နေထိုင်ရေးလောက်အရေးမပါတော့။"အိမ်ထောင်ပြုရမဲ့အရွယ်တောင်ရောက်နေပြီ
ပဲ၊ကျုပ်မှာသမီးလေးရှိတယ်၊အသက်ကဆယ့်ကိုး
နှစ်စွန်းစွန်းလေး၊အချက်အပြုတ်အိမ်ထောင်မူ့ကိစ္စ
အကုန်ကျွမ်းကျင်တယ်။အကယ်၍ မောင်ရင်စိတ်
ကူးရရင် ဂျူယုံရွာလေးကိုလာခဲ့၊ကျုပ်ကဂျူယုံ
ရွာမှာသစ်ဖြတ်စက်ပိုင်တယ်။တစ်ခါတည်း
သမီးနဲ့ပေးစားပစ်မယ်"