သူဌေးကြီးကင်မ်ဗြောင်ဟွန်းအလုပ်ခန်းထဲအလုပ်
လုပ်လုပ်နေစဥ်အခန်းတံခါးခေါက်သံခပ်ဖွဖွနဲ့အတူရှေ့ဆင့်နောက်ဆင့်သားဖြစ်သူကင်မ်ထယ်
ယောင်းမှာအခန်းထဲဝင်လာခဲ့သည်။လန်ဒန်ထုတ် ရွှေရောင်အနားသတ်တွေနှင့်ကြေးမီး
အိမ်လေးသည်အခန်းငယ်လေးထဲလင်းထင်းနေတော့သည်။မီးအိမ်လေးကစျေးကြီးကာတန်ဖိုးမြင့်မားသည်မို့ထိုကဲ့သို့နိုင်ငံခြားအသုံးအဆောင်ပစ္စည်းဆန်းများကိုလူကုံသည်အသိုင်းအဝိုင်းနှင့်အရင်းရှင်၊အာဏာရှင်တို့ရဲ့အခန်းများတွင်သာအများဆုံးမြင်တွေ့ရတတ်သည်။ထယ်ယောင်းက ကျွန်းကုလားထိုင်ကိုဆွဲယူရင်း
ဖခင်အရှေ့တွင်ဝင်ထိုင်လိုက်သည်။ကင်မ်ဗြောင်ဟွန်းရဲ့အလုပ်စားပွဲပေါ်တွင် နိုင်ငံခြားဖြစ်ကော်ဖီတစ်ခွက်တင်ထင်းပြီးဝါကျင်ကျင်စက္ကူထပ်တွေကအစီအရီ။"သား...ပြောချင်တာရှိလို့၊အဖေအားလား...."
"ပြော...အဖေနားထောင်နိုင်တယ်"
အိမ်ကိုစစရောက်ချင်းသားအဖနှစ်ယောက်မှာသင့်
မြတ်ကြသော်လည်းအချိန်ကာလတစ်ခုကြာသော
အခါမတူညီတဲ့သဘောထားများခံယူချက်များကြောင့်မျက်နှာချင်ဆိုင်ဆုံမိသည်ကသိပ်မရှိလှ
တော့။"ကျွန်တော်...လိုချင်တာလေးအဖေ့ဆီကတောင်း
မလို့ပါ"ကင်မ်ဗြောင်ဟွန်းမချိပြုံးပြုံးရင်းဆေးတံနက်ကြီး
အားတစ်ချက်ဖွာကာရိူက်လိုက်သည်။နောက်ဆုံး
တော့...သူ့သားပညာတတ်ကြီးကသူ့ဆီမှာတောင်း
ဆိုစရာကိစ္စတွေရှိလာခဲ့ပြီ။ဖခင်တစ်ယောက်
အနေနဲ့လည်းအရာရာအစွမ်းကုန်လိုက်လျှောဖို့
စဥ်းစားပြီးသား"ဘာလိုချင်လဲပြော...သားစာအုပ်တွေဝယ်ဖို့
ငွေလိုလား၊ဒါမှမဟုတ်အခုစီးနေတဲ့ ဂျစ်ကားကြီး
ကဟောင်းနေလို့နောက်ထပ်အသစ်တစ်စီးနဲ့လဲ
ပေရမလား၊ဒါမှမဟုတ်မြင်းပြိုင်ပွဲအတွင်မြင်းကောင်းကောင်းတစ်စီးရောလိုချင်လား"ဒါတွေက..လူချမ်းသာအသိုင်းအဝိုင်းက သခင်ငယ်လေးတွေပူဆာနေကျအရာတွေဖြစ်ပြီးအား
လုံးကတန်ဖိုးကြီးကာဂုဏ်ရည်လည်းတင့်သည်။
ထယ်ယောင်း...အဖေ့စကားများကိုခေါင်းခါကာ
ငြ င်းပစ်လိုက်သည်။သူ့အတွက်ကားသစ်တစ်
စီးလည်းထပ်မလိုသလိုခဏတာစိတ်အပန်းဖြေ
ပြိုင်ဆိုင်ရမဲ့မြင်းပြိုင်ပွဲအတွက်ပြိုင်မြင်းကိုလည်း
မလိုလားခဲ့။