Part..6

6.5K 1K 265
                                    

တိမ်တွေဟိုမှဒီလွင့်မျောရင်း
နက်ပြာရောင်ကောင်းကင်တံတားက
နီအို့အို့အာရုဏ်လေးမခို့တရို့လင်းချိန်
တစ်ဖြည်းဖြည်းပြာလွင်လတ်ဆတ်သည့်
တိမ်စိုင်သမီးပျိုအသွင်ပြောင်းလဲလာခဲ့၏

ဂျောင်ကု၏လေးလံတဲ့မျက်ခွံတွေမှိတ်တစ်ခါဖွင့်
တစ်လှည်။မနေ့ညကဖျားထားတဲ့ဒဏ်ကြောင့်အခု
ထိကိုယ်စိတ်နှစ်ပါးလုံးပင်ပန်းနွမ်းနယ်နေစဲ။
မီးဖိုချောင်နဲ့မကင်းကွာနိုင်သည့်ဘဝပေးအခြေ
အနေကြောင့်ဖန်​​ကွဲစထိရှထားတဲ့ခြေထောက်ဒဏ်
ရာမှာအညှော်မိကာငန်းဝင်သည့်အခြေနေသို့ရောက်ရှိခဲ့တယ်။

ထိုအချိန်ထိဂျောင်ကု က ကံကောင်းခြင်းဆိုတဲ့
စကားလုံးကိုမယုံကြည်သေးပေ။ထိုကံကောင်း
ခြင်းဆိုတဲ့စကားစုမှာမွေးကတည်းကဂျောင်ကုနဲ့ကင်းကွာလာခဲ့တာဖြစ်ပြီးလူမှန်းမသိသေးတဲ့အရွယ်မှာပင်ငတ်မွတ်မူ့ကြောင့်မိဘနှစ်ပါးကစွန့်ပစ်ပြီးဖြစ်နေခဲ့သည်။

ထိုနောက်ပိုင်းဘဝတစ်ဆစ်ချိုးကတော့ကံဆိုးမူ့
တွေ၊ဝမ်းနည်းမူ့တွေနဲ့သာနပန်းလုံးခဲ့ပြီးမနေ့ည
ကမှသာလျှင်ကံကောင်းခြင်းမည်သောဆုလာဘ်
လေးက..တံခါးတိုးတိုးခေါက်ကာခြေသံဖော့ဖော့လေးနင်းရင်းဘုရားပေးတဲ့ဆုလဘ်ပမာသူ့ဘဝထဲသို့ပထမဆုံးချည်းနှီးဝင်ရောက်လာခဲ့သည်။ဖျားနေတဲ့လူတစ်ယောက်ကိုလူသားဆန်စွာနွေးထွေးသောလက်တစ်စုံဖြင့်ပွေ့ဖက်ခဲ့ပြီးဆေးတိုက်ပြု
စုစောင့်ရှောက်ခဲ့သည်။
ရေပတ်ဝတ်တိုက်ပြီးနောက်ဂျောင်ကုအဖျားရှိန်ကြောင့်ထပ်မံအိပ်ပျော်သွားသော်လည်းပြန်နိုးလာချိန်တွင်ချွေးစို့နေသောအင်္ကျီဟောင်းတွေကိုလဲ
ပေးထားတဲ့အပြင် ခြေထောက်ကဒဏ်ရာကိုပါပတ်တီးအသစ်တစ်ခုဖြင့်လဲလှယ်ကာစီးနှောင်ပေး
ပြီးသား။

ကင်မ်ထယ်ယောင်းဆိုတဲ့လူကသူ့ဘဝထဲဝင်
လာခဲ့သောကံကောင်းစေသည့်အကြောင်းတရားလေး။ထို့အကြောင်းတရားလေးကြောင့်ပင်ခံစား
ချက်တွေဖြစ်ပေါ်လာရပြီးအကျိုးသည်ကားအချစ်မည်၏။

ဂျောင်ကု၏ ကုတင်သေးသေးလေးပေါ်ခေါင်းတင်
ရင်းကင်မ်ထယ်ယောင်းခများအိပ်ပျော်နေရှာသည်။အိမ်မက်ကမ္ဘာအတွင်းရောက်နေသောကင်မ်ထယ်ယောင်းမှာအပြင်ဘက်တွင်မနက်မိုးလင်းနေထွက်ပြီဖြစ်မှန်းမသိသေးသလို၊ဂျွန်ဂျောင်ကုဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးသူ့အားချစ်မြတ်နိုးစွာဖြင့်စိုက်ကြည့်နေသည်ကိုလည်းမသိ။

1920 (Completed) Where stories live. Discover now