~Part_1~

530 38 3
                                    

"ချစ်ပန်းရနံ့! ဟိုဘက်ခြံထဲကျသွားတဲ့ ကြက်တောင် သွားကောက်စမ်း!"

စာဖတ်နေရင်းမှလှမ်းကြည့်လိုက်တော့ခပ်လှမ်းလှမ်းတွင်ရပ်ကာသူ့ကိုခိုင်းနေသော ဝတီနှင့်ရတီ ညီအစ်မနှစ်ယောက်ကိုတွေ့ရလေသည်။

"ငါဒီမှာ စာဖတ်နေတယ်လေ ကိုယ့်ဘာသာသွားကောက်လိုက်ကြပါလား.."

မကောက်ပေးချင်သည်ဆိုတာထက်ကိုယ့်ထက်အငယ်ကအထက်စီးဆန်စွာပြောဆိုလာသောကြောင့် မသိချင်ယောင်ဆောင်ကာဖတ်လတ်စစာအုပ်ကိုသာအာရုံထားလိုက်တော့သည်။

"ဝတီ‌ တွေ့လား.တွေ့လား အဲ့ကောင်မနင်ခိုင်းတာကိုမသိချင်ယောင်ဆောင်နေတာ..."

"အင်း တွေ့မယ် ဝတီ တဲ့တစ်ယောက်ပဲရှိတယ်။ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်..."

"အေး"

ဒေါသစိတ်ကိုလေနှင့်ပင့်ပေးလေတော့ မြှောက်ပေးတိုင်းမြောက်အောင်က,တတ်သည့်
ရွှန်းလဲ့ဝတီ ပီပီဘက်တံကိုလက်ကနေတင်းတင်းဆုပ်ကာ ခြေလှမ်းခပ်မြန်မြန်လှမ်းခဲ့လိုက်တော့သည်။

"ဟဲ့ကောင်မ! ငါခိုင်းနေတာမကြားဘူးလား!"

"..."

"မကြာဘူးလားလို့ ခွေးမရဲ့! မိမဆုံးဖမဆုံးဟာမ!"

"ငါ့ကိုအဲ့လိုမပြောနဲ့ ဝ‌တီ ငါကနင့်ထက်အကြီး..."

"အော်...အကြီးလား ဟုတ်လား!"

လက်ထဲရှိဘက်တံကိုအားပါပါလွှဲချလိုက်ရင်း ချစ်ပန်းရနံ့၏ကျော‌ကုန်းကိုရိုက်ချလိုက်တော့သည်။

ချစ်ပန်းနာပါသည်။သို့သော်လည်းမျက်ရည်တစ်စက်မ,ကျအောင်ထိန်းသည်။ပြန်မလုပ်မိအောင်ထိန်းသည်။

"မေမေရေ မေမေ...ဒီမှာချစ်ပန်းရနံ့ သမီးကခိုင်းတာကိုပြန်ခံပြောနေတယ် မေမေရေ..."

လျစ်လျူရှုဖို့ကြိုးစားလိုက်ပေမဲ့ ဝတီ၏အော်သံကိုထပ်ကြားသည်မို့ သက်ပြင်းကိုခပ်ပြင်းပြင်းရှုထုတ်လိုက်လေသည်။

"ရွှန်းလဲ့ဝတီ... နင်လိုချင်တာကဘာလဲ?"

"ဟိုဘက်ခြံကျသွားတဲ့ ငါ့ကြက်တောင်!"

Mg's Chit PannWhere stories live. Discover now