မနက်ကတွေ့ခဲ့သည့်ဂါဝန်ကားကားလေးကိုဝတ်ထားခြင်းမဟုတ်သည့်တိုင် foot chain လေးရယ်ရှည်လျားပြီးလှပလွန်းသောဆံနွယ်တွေကြောင့် သူမ ဟုတ်မှန်း သူသေချာသိလေသည်။
"ကိုကို..."
ဘေးကအသစ်စက်စက်ရထားသောကောင်မလေး၏ခေါ်သံကြားမှ အတွေးတို့ကိုသိမ်းဆည်းမိတော့သည်။
"အင်း အိမ့်မှူးလေး ပြောလေ..."
"ဒီနေ့က ကိုကိုနဲ့မှူးရဲ့ ပထမဆုံးနေ့ပေါ့နော်..."
"ဟုတ်တာပေါ့ အိမ့်မှူးလေးရဲ့"
နဖူးကိုဝဲကျလာသောဖြောင့်စင်းလွန်းလှသည့်ဆံပင်တွေကိုဘယ်ဘက်လက်သုံးကာသပ်တင်လိုက်ပုံက အခန့်သားဖြစ်မည်ဆိုတာ သေချာနေပြန်သည်။သူ့ကိုငေးကြည့်နေသော (၁၀)ယောက်မြောက်ရည်းစားအသစ်လေး၏ပါးလေးကိုကိုင်ပြီး အိမ်ပြန်ပို့ပေးရန်လုပ်ဆောင်ရမည်။လုပ်စရာအလုပ်တွေကျန်နေသေးသည်မဟုတ်လား...
"ကဲ အိမ့်မှူး ကိုကို အိမ်ပြန်လိုက်ပို့မယ် ဟုတ်ပြီလား."
"ဟုတ် ကိုကို.."
ရည်းစားအသစ်ကလေး၏ပါးဟာ သူထင်သလောက်မနူးညံ့တာပေ။ ဟိုကောင်မလေး၏ပါးဆိုအနီးကပ်ကြည့်ရုံတင်နူးညံ့ပြီးအိစက်နေသည့်ပုံပေါက်နေတာပင်...။
ရည်းစားတစ်ယောက်ကိုတစ်ပတ်ထပ်ပိုမတွဲတတ်သည့်သူ့အကျင့်ကြောင့် အထက်တန်းကျောင်းတွင် play boy ဆိုသောအမည်နာမကိုရနေခြင်းပင်။သို့သော်သူသည် တစ်ယောက်ပြီးမှတစ်ယောက်တွဲတတ်သောကြောင့် လူယုတ်မာ ဟုလို့တော့ဘယ်သူကမှမသမုတ်ကြပေ။
........
"ဘိုးဘိုး ချစ်ပန်း ရောက်ပါပြီ။"
"လာလေ မြေး... ဘိုးဘိုးဘေးထိုင်နော်။သူဇာရေ ငါ့မြေးအတွက်သံပုရာရည် ယူခဲ့စမ်း!"
ပြင်းထန်သည့်အမိန့်လိုအသံသည် စော်ဘွားမျိုးဖြစ်မှန်းအတပ်သိစေနိုင်လောက်အောင်အထိ ကြီးကျယ်ခမ်းနားသလို ဘိုးဘိုး၏အာဏာစက်သည် ဒီမိသားစုအပေါ်မနည်းပေ။
မိဘနှစ်ပါးပြီးလျှင် သူ့အပေါ်အလိုလိုက်နိုင်ဆုံး၊အချစ်နိုင်ဆုံး ကလည်း ဘိုးဘိုးပင်။သို့သော် ထိုအရာတွေသည် တစ်စုံတစ်ယောက်အပေါ်မှီတင်းပြီးဖြစ်လာသည့်အရာတွေဆိုတာ မိသားစုဝင်အနည်းအကျင်းသာသိလေသည်။
YOU ARE READING
Mg's Chit Pann
De Todo"မောင်တို့ ဒီတစ်ခါအတည်တွဲရအောင် ချစ်ပန်း..." Start date_25.9.2022