Part 8

963 70 0
                                    

Flash back,
two weeks ago in Charm's home town,

Dr.Kg Khant: ဒီမြို့မှာနေတဲ့Charmဆိုတဲ့ကောင်မလေးကိုသိလားခင်ဗျ

Man: မသိဘူးဗျ...Charmနာမည်နဲ့တစ်ယောက်တော့..ရှိတယ်...သူကမိန်းကလေးလည်းမဟုတ်သလို..ယောက်ျားလေးလည်းမဟုတ်ဘူးဗျ..

Dr.Kg Khant: ကျွန်တော်မေးတာ..အဲ့တစ်ယောက်ပဲ

Man: Charmကိုဘာလို့မေးတာလဲဗျ

Dr.Kg Khant: သူကကျွန်တော့်သူငယ်ချင်းပါ..နိုင်ငံခြားမှာကျောင်းအတူတူတက်လာတာ..ပြည်ကိုသွားရင်းနဲ့လမ်းကြုံလို့သူ့ဆီဝင်လာတာ..သူကဒီမြို့မှာနေတာ..လမ်းကြုံရင်သူ့ဆီဝင်လည်လို့ပြောလို့

Man: သြော်..Charmက..အခုဒီမှာမရှိဘူး..ညီလေးရဲ့..ရန်ကုန်မှာနေတာ..သူ့မိဘတွေကလည်း Australiaမှာနေတာ..မြန်မာပြည်ကိုတစ်နှစ်နေမှတစ်ခေါက်ပြန်လာတာ..သူ့မိဘတွေကလည်းပြန်သွားတာ..သုံးလလောက်ရှိပြီ...သူ့အဖေက..စစ်သံမှူးအငြိမ်းစား

Dr.Kg Khant: အဲဒါဆိုလည်း..ဒီမှာသူ့သူငယ်ချင်းတစ်ယောက်လောက်နဲ့ဖြစ်ဖြစ်တွေ့ချင်တယ်..ကူညီပေးပါလား..ကျွန်တော်သူ့ဖုန်းနံပါတ်လေးမေးချင်လို့

Man: ဟိုနားက..ဆိုင်ကယ်Clickဘီးအပြာနဲ့ကောင်မလေးက..Charmသူငယ်ချင်းပဲ..သူ့သွားမေးကြည့်မလား..အကိုပြောပေးမယ်

Dr.Kg Khant: ကျေးဇူးပါ..အစ်ကို..

Man: နိုးနိုးရေ..ဒီကညီလေးက..Charmအကြောင်းမေးစရာရှိလို့တဲ့...ငါသွားပြီ..နင်ဖြေပေးလိုက်အုံး

Noe: အကိုက..ဘာသိချင်တာလဲမသိဘူးရှင့်

Dr.Kg Khant: Charmရဲ့ဖုန်းနံပါတ်သိချင်လို့ပါ

Noe: Charmရဲ့ဖုန်းနံပါတ်..ညီမမှာမရှိဘူးရှင့်..ညီမနဲ့လမ်းခွဲပြီးကတည်းက..အဆက်အသွယ်မရှိတော့တာ..ညီမတို့လမ်းခွဲတုန်းကသူUSမှာ..အခုပြန်လာတော့ဖုန်းကဒ်အသစ်လဲလိုက်ပြီထင်တယ်

Dr.Kg Khant: ညီမက..သူ့ရဲ့ရည်းစားဟောင်းဆိုတော့..အကိုနဲ့ညီမ..စကားပြောရတာ..အဆင်ပြေလိမ့်မယ်လို့ထင်တယ်..ညီမသူ့ကိုပြန်မလိုချင်ဘူးလား..

Noe: ညီမက..သူ့ကိုပြန်တော့လိုချင်တယ်..သူကအခု..သူချစ်တဲ့သူတွေ့နေပြီဆိုတော့...သူ့ကို..သူများကိုလည်းမပိုင်ဆိုင်စေချင်ဘူး..ကိုယ်လည်းမလိုချင်ဘူး

Love is a secretWhere stories live. Discover now