Flash Back End
Doctor: ဟယ်..အစ်မခင်..အစ်မကိုပြောစရာရှိလို့...အခုdutyအပြန်အစ်မဆီလာတော့မလို့..အစ်မနဲ့တွေ့တာ..အတော်ပဲ..လူနာအကြောင်းပြောမလို့
Charm's Aunty: Charmဘာဖြစ်လို့လဲညီမ...ညီမက..ဒီလူနာကို.အစ်မဆွေမျိုးမှန်းဘယ်လိုသိတာလဲ
Doctor: ညက..သူ့ကိုဆေးရုံလိုက်ပို့တဲ့သူက..အစ်မတို့ဆေးရုံကnurseညီမလေးတစ်ယောက်..သူပြောပြလို့အစ်မ..တူမမှန်းသိတာ
Lwin,grace,C's Aunty,Thida: ဟမ်...အခုဘာဖြစ်လို့လဲ..ညီမ
Doctor: လူနာက..တော်တော်ကံကောင်းတာ..ဆေးရုံရောက်တာ..၅မိနစ်လောက်နောက်ကျရင်..သေနိုင်တယ်..ဆေးရုံကားအလာမစောင့်ပဲ..လူနာမှာကားပါလာမှန်းသိလို့..ဆိုင်ထဲကကားမောင်းတတ်တဲ့သူကိုအကူအညီတောင်းပြီးခေါ်လာတာလို့ပြောတယ်..အဲ့ညီမလေးကြောင့်အသက်ရှင်တာ..သတိမရသေးတာပဲရှိတယ်..တကယ်လို့..အဲ့ညီမလေးနဲ့Charm..မေတ္တာမျှနေတယ်ဆိုရင်လည်း..အစ်မတို့သဘောတူပေးလိုက်ပါ..ညကတစ်ညလုံးမအိပ်ပဲလူနာဘေးနားမှာ..ရောက်လာတာနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ပဲခဏခဏပြောနေတာ..သူတစ်ခုခုကိုကြိုသိလို့လိုက်သွားတာဖြစ်မယ်...အစ်မတို့ကိုအသိပေးတါပါ..ညီမကိုသွားခွင့်ပြုပါအုံး..
Charm's Aunty: Charmကိုကယ်ခဲ့တဲ့သူက..ငါတို့ဆေးရုံကဆိုတော့..ဘယ်သူများလဲ
Grace: မနေ့ကညနေ..တို့ထမင်းစားနေတော့..ရတနာဆိုတဲ့ကောင်မလေးလာတာမှတ်မိလား..အစ်မThidaတောင်မှ..Charmက..အခုချိန်Lilyဆိုတဲ့coffeeဆိုင်မှာလို့ပြောလိုက်သေးတယ်
Lwin: ဟုတ်တယ်..အဲ့လိုလည်းပြောလိုက်ရော..သူအလောတကြီးပြေးသွားတာ..ဘယ်ကိုပြေးသွားတာလဲမသိဘူး
Thida: ဟုတ်တယ်...ငါတို့လို..သူ့အထက်လူကြီးကို..Charmကိုသဘောကျနေပါတယ်လို့လာပြောရဲမှာမဟုတ်သလို..Charmဘယ်သွားတတ်လဲဆိုတာပါ..ပိုပြီးတော့မမေးရဲသေးဘူး
C's Aunty: သေချာပြီ..သူတစ်ခုခုကိုသိထားလို့..မေးတာဖြစ်မယ်
Nan Ying: ဟင်...အန်တီတို့ Charmသတိရလာပြီ..Charm.ငါခေါ်တာကြားလား
Charm: ကြားတယ်ဟ..အသံအကျယ်ကြီးမအော်နဲ့..ဒါကဆေးရုံ..နင့်အဖေရဲ့ကုမ္ပဏီမဟုတ်ဘူး