"ceo jeon ကျေးဇူးပြုပြီး~~
ကူညီပါ ~~
ဦးလေး အနူးအညွှန်မေတ္တာရပ်ခံပါတယ် "လောကကြီးရဲ့ နိယာမ လိုဖြစ်နေတဲ့
ကြီးနိုင် ငယ်ညှင်း ၊ အပေါ်ဖား ၊ အောက်ဖိအဟက်!!
အခုလည်း မနက်ဖြန်လား? သဖက်ခါလား
မသိပေမယ့် သေချာဒေဝါလီခံတော့မယ့်
ကင်မ်ဂရုရဲ့ စီအီးအိုက သူရဲ့ အခွံသာရှိတော့တဲ့ company ကို ကယ်တင်ပေးဖို့
သူ့ကို ခြေထောက်ကိုင်မတက် ခခယယ ပြောဆိုနေခြင်းပင်။ဒီလို စကားမျိုးတွေကြားရတော့မသနားတဲ့အပြင် ပြုံးစိစိတော့ဖြစ်မိသား ။
တချိန်က မောက်မာထောင်လွှားနေတဲ့
ဘိုးတော်က တမဟုတ်ခြင်းပြောင်းလဲသွားတာကို ကြားရမြင်ရတော့ပေါ့။" ဦးလေး လာရင်အနှောက်အယှက်ဖြစ်မှာဆိုလို အခုလိုဖုန်းနဲ့ပြောရတာပါ စီအီးအိုရယ်
လာတေွ့ရင် လာတွေ့ပါ့မယ်!!""ဟင်းအင်း မလာနဲ့ ကျုပ်လာမယါ!!"
ခက်ပျက်ပျက်သာပြောရင်း ဖုန်းချလိုက်ရင်း
အရင်ထဲက မျက်စိကျနေသော ကင်မ်ဂရုဆီ
ဦးတည်လိုက်မိသည်။"မဂ်လာပါ စီအီးအို ဂျွန်!!"
နှုတ်ဆက်လာသည့် ဝန်ထမ်းတွေကို အသိအမှတ်ပြုရုံခေါင်းငြိမ့်ပြရင်း ကားရှိရာသိုထွက်လာခဲ့လိုက်သည်။
အင်းး သူနမည်က ဂျွန်ဂျောင်ကု
ဒါပေမယ့် ဒီနမည်ကိုခေါ်မယ့်သူက မရှိသလောက်ကိုရှားသွားလေပြီ။မိဘတွေမရှိတော့ထဲကပေါ့
Company တွေကို ဦးစီးပြီး CEO jeon ဆိုတဲ့
ဂုဏ်ပုဒ်နဲ့အတူ နမည်အရင်းက တိမ်မြုတ်နေခဲ့တာ။အသက်က အခု(၃၀)ကျော်ပဲရှိသေး
Company သုံးလေးခုကို ဦးစီးရတဲ့သူအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်သလို
ခက်ခဲနေတဲ့ ကိစ္စမျိုးကြီးလည်း မဟုတ်ပြန်ဘူး။ဒါပေမယ့် သူမှာအားနည်းချက်တွေတော့ရှိသား။
စတိုင်ကျပြီး အရမ်းမိမိုက်နေတာရယ်ယောက်ကျားလေးရော မိန်းကလေးကြားမှာပါ ရေပန်းစားနေတာရယ်ပေါ့