Dream

3.7K 214 24
                                    

"DREAM " မှာ စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည် ​။ စာရေးသူအနေနှင့်လည်း တခါမှ မရောက်ဖူးသည့် နိုင်ငံကို စိတ်ကူးကာ ရေးရသည့်အတွက်လည်း အမှားများ ပါဝင်နိုင်ပါသည် ။ ဘာသာစကား ကူညီပေးသည့် italyက စာသင်ပေးသည့် တီချယ်နဲ့ ယဥ်ကျေးမှုများ ပြောပြခဲ့သည့် don ကို လည်းကျေးဇူးတင်ပါတယ်။


Seong Martinez





"vieni qua ...giovanni ,pss psss "

"ဒီကိုလာ ချိုဗားနီး ၊ pss pss "

အိပ်ယာမှ လန့်ကာ နိုးလာသည့် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး။ အသက် ၄၀ တန်း ရောက်လာသည် ဖြစ်သည့်အတွက် ထိုအရွယ်တွင် ရှိရမည့် အလှနှင့်လည်း ပြည့်စုံကာ အသားဖြူဖြူ ၊ အရပ်မှာ မရှည်လွန်းသလို မပုလွန်းသည့်အထဲ တွင်ပါပြီး သွားတက်များလည်း ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး သူမ၏ နာမည်က နှင်းနု ။ တစ်ယောက်တည်း သမားဖြစ်သည့်အတွက် သူမနေ နေသည့် တိုက်ခန်း၏ အကျယ်မှာ သူမ တစ်ဦးတည်းအတွက် ကျယ်လို့တောင်နေ၏။ အချိန် အားဖြင့် မနက် ၅ နာရီ ခွဲနေလေပြီ။ အိပ်ယာမှ ထလာသည့်နှင့်အမျှ ဦးတည်သွားရာ နေရာမှာ မီးဖိုခန်း ဖြစ်ပြီး ကော်ဖီ ဖျော်ရန် ရေနွေးပြင်နေပုံကို ကြည့်ချင်းဖြင့် သူမ ဟာ ကော်ဖီစွဲလန်းနေသူ တစ်ဦး​ ဒါမှမဟုတ် ကော်ဖီ သောက်ခြင်းဖြင့် နေ့တစ်နေ့ကို အစပျိုးသူ တစ်ဦး ဖြစ်နေကြောင်းကို တွေ့နိုင်သည်။ ရေနွေးမှာလည်း ပွက်ပွက် ဆူလာသည့်အတွက် ဗီဒိုထဲမှ ကော်ဖီထုပ်ကို ထုတ်ကာ မနက်ခင်း ကော်ဖီသောက်တိုင်း သုံးမြဲဖြစ်သည့် အဖြူရောင် မောက်ခွက်ထဲသို့ ထည့်နေပုံကို ကြည့်ခြင်းဖြင့် သူမဟာ စည်းစနစ် ရှိသူလား ဒါမှ မဟုတ် အစွဲကြီးသူ လားဆိုတာ တွေးစရာပင် ။ ကျစ်ကျစ်တောက်အောင် ပူနေသည့် ကော်ဖီ ခွက်ကို ကိုင်ရင်း မီးဖိုခန်းထဲရှိ ထမင်းစားပွဲတွင် ထိုင်ကာ ကော်ဖီ အရသာ ခံလျှက် သောက်နေမိသည် ။ ထိုင်နေရင်း အချိန်တွေဟာ တဖြေးဖြေးနှင့် ၆ နာရီ ခွဲလုနီးပါး ဖြစ်တော့မည် ။ မနက်မိုးသောက်၏ လင်းအာရုံမှာလည်း ထိန်ထိန်လင်းလာသည်။

ထို့နောက် သောက်နေသည့် ကော်ဖီမှာလည်း ခွက်၏ ဖင်ကပ်သာ ကျန်တော့သည် ။ ထိုအနေထားဆို ဆက်မသောက်တော့သည်မှာ သူမ၏ အကျင့် သာ ။ ထို့ကြောင့် ဘေစင်တွင် သွန်လိုက်ရင်း ကော်ဖီခွက်ကို ဆေးနေတော့သည် ။ ထိုအရာတွေမှာ သူမ တနေ့တာ ၏ ပုံမှန်လုပ်နေကြ အရာများ ဖြစ်နေသော်လည်း သူမ အတွက် ရိုးအီနေသည်မှာ အနှစ် ၂၀ ကျော်လာလေပြီ။ ထို့နောက် သူမ ၏ ကျောလယ်လောက်ရှိသည့် ဆံပင်များကို ညှပ်ကလစ်ကြီးကြီး တစ်ခုနှင့် ချည်နှောင်လိုက်ပြီး မီးဖိုခန်းထဲတွင် တစ်ယောက်စာ မပြင်ဆင်ခင် ဗုဒ္ဓဘာသာ တစ်ဦး ဖြစ်နေသည့်အတွက်လည်း မနက်အိမ်ရှိ ဘုရားအား ဆွမ်းကပ်ရန် ပြင်ဆင်နေသည် ။ ဘာလိုလို နှင့် အချိန်မှာ ၈ နာရီ ခွဲ ဖြစ်နေလေပြီ။ အကုန်ပြင်ဆင်အပြီး ဘုရားစင် ရှေ့ အရောက်အချိန် မှာ ၉ နာရီ တိတိ ပင်။ နေ့တိုင်း ထို အချိန်တွေမှာ စက္ကန့်လေးတောင် နောက်မကျပဲ ကွက်တိ ဖြစ်နေသည်မှာလည်း အနှစ် ၂၀ ကျော်ပြီ။

DreamTempat cerita menjadi hidup. Temukan sekarang