06

512 54 0
                                    


Vegas Pov

"Pete..." စလာပြီ လေ အိမ်တော်ကြီးဆီကို ရောက်တာနဲ့ Pete... ဆိုပြီး အသံရှည်ကြီး ဆွဲပြီးတော့ ငါ့လူကို ဆွဲဖက်ဖို့ လုပ်တော့တာပဲ။

ဘယ်ရမလဲ ငါကလည်းသူဆွဲမဖက်ခင် Pete ကိုလက်ကနေဆွဲပြီး ငါ့ရင်ခွင်ထဲ ဆွဲသိမ်းလိုက်တယ်။

"အို မင်းကလည်း ဖြစ်ပျက်နေလိုက်တာ... နေ့တိုင်းတွေ့နေရတာကို ဖယ်စမ်းပါ ငါတို့က အခုမှတွေ့ရတာ"

"မရဘူး" အကိုကြီးက Pete ကိုဆွဲဖို့ လုပ်လေ ငါက Pete ကိုပိုပြီးတော့ ကျစ်ကျစ်ပါနေအောင်ဖက်ထားလေပဲ။

"Vegas လွှတ်ပါဦး မင်းကလည်း"

"ဟင့်အင်း"

"VEGAS!!!" Pete အသံမာလိုက်မှ ငါလည်းလွှတ်ပေးလိုက်တယ်။ အမှန်တိုင်းပြောရရင် နည်းနည်းမှ လွှတ်ပေးချင်စိတ်မရှိဘူး။ Pete က လူရှေ့သူရှေ့ရောက်ရင် အမြဲ ဒီလိုပဲ။ ငါကသာပိုင်စိုင်းပိုင်နင်းဆန်တာ Pete ကတော့ အဲ့လိုမဟုတ်ပဲ လိုက်လျောညီထွေ နေတာ။

"Porsche တို့ရော " သူက သူ့အရှေ့မှာ ရှိနေတဲ့ ပန်းရောင်ဝတ်စုံ ထူးထူးဆန်းဆန်းကြီးဝတ်ထားတဲ့ မေးနေပါရော။

"လာခဲ့ Pete ၊ Porsche တို့က ပွဲထဲမှာစောင့်နေပြီ ။ ထိပ်ဆုံးထပ်က ဘားမှာ မွေးနေ့ လုပ်မှာ လာခဲ့" အကိုကြီးက Pete ရဲ့လက်ကို ဆွဲပြီးတော့ ခေါ်သွားပါလေရော။ အဲ့ဒီနောက်ကိုတော့ အူကြောင်ကြောင်နဲ့ပါသွားတာကတော့ Pete ပေါ့။

ထိပ်ဆုံးထပ်ရောက်တော့ Kinn အကြိုက် အကုန်လုံး ကိုပြင်ဆင်ထားပုံရတယ်။ ဘာလို့ဆို အကုန်လုံးကသေသပ်သေချာပြီးတော့ အကောင်းဆုံးတွေကိုသာ သုံးထားတာ။ မိသားစုဝင်အချို့နဲ့ သူငယ်ချင်းအချို့ကိုပဲ ဖိတ်ထားပုံရတယ် ဘာလို့ဆိုလူလည်းအရမ်းရှုပ်မနေဘူးလေ။

တော်သေးတာက ဒီပွဲကို Phi Tankhun ကို မအပ်ထားလို့ပေါ့။ သူ့ကိုသာယုံကြည်ပြီး အပ်မိရင် ဘယ်လောက်တောင် အူကြောင်​ကြောင်အရောင်တွေနဲ့ ပြင်ဆင်ထားမလဲမသိဘူး။

"ရောက်လာပြီလား" Pete ကတော့ အကိုကြီးဆွဲခေါ်ရာပါသွားပြီး​တော့ သူ့ဘော်ဒီဂတ် သူငယ်ချင်းအချို့နဲ့ ပျော်နေပုံရတယ်။ ​အခြားသူတွေဆို ငါလည်းခွင့်မပြုပေမဲ့ Arm Pol လောက်မို့လို့ငါ လည်းခွင့်ပြုပေးထားတာ။

End Game (Completed)Where stories live. Discover now