"Ep-1"

1.6K 63 0
                                    

#Police Jeon#
Ep-1

..................

မြောက်များစွာရှိတဲ့ မှု့ခင်းတွေနဲ့ကြားနေရတဲ့သတင်းဆိုးတွေက တနေ့ထက်တနေ့ အိမ်မက်ဆိုးအဖြစ်ပြောင်းလဲလာခဲ့တယ် လျှို့ဝှက်ချက်တွေအလိမ်အညာတွေ သွေးစွန်းမှု့တွေ ပြန့်ကျဲနေတဲ့ ဒီခေတ်ကြီးမှာ သေနတ်ကိုင်ထားတာချင်း
တူရင်တောင် ကျတော်ကတော့ လက်ထိပ်ခက်ပေးမဲ့ပြည့်သူ့ဘက်ကရဲဘဲ

ခက်ခဲတယ်တော့ဘယ်ဟုတ်မလည်း ကျတော့်လက်ထဲရောက်လာတဲ့ အမှု့တွေကတော့ အကုန်အောင်မြင်တာဘဲလေ အားလုံးထက်ကျတော်ကအတော်ဆုံးဖြစ်နေပေမဲ့ အသက်က24နှစ်ဖြစ်နေတာမလို့အခုထိတော့ ရာထူးမတက်နိုင်သေးဘူးပေါ့ ဒါက‌လည်းနေ့စဉ်ရက်တိုင်းရဲ့သတင်းဆိုးတစ်ခုလိုပါဘဲ

လက်ထဲကစာရွက်အဖြူ တစ်ချို့ကိုကိုင်ကြည့်ရင်းစားပွဲပေါ်မေးထောက်ကာ အရှေ့မှာထိုင်နေတဲ့လက်ထိပ်နဲ့လူကိုပျင်းပျင်းရိရိနဲ့ ကြည့်နေမိသည် ပုခုံးထက်မှာကြယ်တစ်ပွင့်ရှိတဲ့ဗိုလ်က တော့Jeon Jungkookဆိုသည့်အသက်24နှစ်ကောင်လေးသာဖြစ်သည်။

:နေပါအုန်း မင်းကသူခိုးလား

:ဗျာ...ဟုတ်

:ခိုးစရာအဲ့လောက်ရှားလား ဘာလို့ကလေးဆီကပိုက်ဆံသွားနှိုက်တာလည်း

:ဟို....

:ကြီးကြီးမားမားခိုးလို့ အဖမ်းခံရရင်မင်းအတွက်မြတ်အုန်းမယ် အခုက၀မ်5000နဲ့အဖမ်းခံလိုက်ရတာလား

:ဆရာဘဲကျတော့်ကိုဖမ်းတာလေ

:ထားတော့ မင်းကို1ပတ်အချုတ်ထဲမှာ အိပ်ခိုင်းမယ်
အစာတော့မကျွေးဘူး မင်းခိုးလာတဲ့အိတ်ထဲကမုန့်တွေနဲ့ကို့ဘာသာအသက်ရှင်

လက်ထဲကစာရွက်ကိုစားပွဲပေါ်ပြန်တင်ပြီးအစောင့်တွေကိုခေါ်လိုက်ကာဆံပင်နီကြောင်ကြောင်နဲ့ကောင်ကိုထောင်ထဲထည့်ဖို့ အမိန့်ပေးလိုက်ရင်း စခန်းထဲကထွက်လာလိုက်သည် တံခါး၀ကတိုင်မှာ ကျောမှီရင်းအိတ်ထဲမှာရှိတဲ့ ဆေးလိပ်ကိုထုတ်သောက်လိုက်သည် တနေ့တနေ့ဘာမဟုတ်တဲ့ကောင်တွေကြောင့်အချိန်တွေကုန်နေရတာ တကယ်ကိုစိတ်ပျက်ရပါသည်

🎩 Police Jeon 🎩Where stories live. Discover now