⚠️^Ep-8^⚠️

2.9K 204 5
                                    

🎩 Police Jeon 🎩

Ep-8

.............

ဂျာဂင်အနက်နှင့် All black အပြည့်၀တ်ကာ မှန်ရှေ့ခါးပတ်ပတ်နေသူကိုဆိုဖာပေါ်တွင် ထိုင်ကြည့်နေတဲ့ကောင်လေးဟာတော့ Cigarettes လက်ကြားညှပ်ရင်း ငေးကြည့်လို့နေရဲ့ ထိုလူရဲ့စတိုင်ကိုကြည့်ရင်းစိတ်ထဲရေရွတ်မိပါသေးသည် "ခဗျားဟာသိပ်ကိုချောလွန်းနေပြီဆိုတာ"

:ဘာကြည့်တာလည်း

:ခဗျားက All black နဲ့သိပ်လိုက်ဖက်နေလို့လေ

:ငါ့ကိုဘဲကြည့်မနေနဲ့ ဆေးလိပ်ပြာတွေဆိုဖာပေါ်ကြနေပြီ

ဂျောင်ဂုလှန်းသတိပေးမှ‌ ထယ်ယောင်းလည်းဆေးလိပ်ကိုပြာခွက်ထဲ မီးညှိလိုက်ရပါတော့သည်နှစ်ယောက်လုံးပြင်ဆင်ပြီးတော့မှအဆောင်အောက်ကိုဆင်းလာခဲ့ကြသည်။

:ဟိတ် Jeon နေအုန်း

:ဘာလည်း

:Club ကို ဘက်စ်ကားနဲ့သွားမလို့လား

:ဒါဆိုမင်းကစက်ဘီးနဲ့သွားချင်လို့လား

:ဟ သွားစရာလား ကျတော်ကတော့ဆိုက်ကယ်နဲ့သွားမှာ

:ဘယ်မှာလည်းဆိုက်ကယ်

သူမေးတော့ထယ်ယောင်းက လမ်းမီးတိုင်အောက်ကတနေရာကိုမျက်လုံးဖြင့်ညွှန်ပြသည်။
အနက်ရောင်စလစ်သားနှင့် အနီရောင်လိုင်းဖြင့် ပုံဖော်ထားသော
ဆိုက်ကယ်တစ်စီးဟာ မီးတိုင်အောက်မှာလင်း
လျှက်ရှိနေသည်ကိုတွေ့မြင်ရသည်။

:ဒါက?

:ကျတော့်ဆိုက်ကယ်လေ

:ခိုးလာတာလား

:ရားးးခိုးစရာလား ကျတော့်ဟာပါဆို

:အရင်တုန်းကမင်းစီးတာမမြင်ဖူးပါဘူး

:Jinသိမ်းထားလို့

:ထားပါတော့

လူကိုပလစ်ကာ ဆိုက်ကယ်နားကိုဂျောင်ဂုဟာအရင်လျှောက်သွားသည် ဒီဆိုက်ကယ်ကိုလူဆိုးကောင်မောင်းမှာမလို့ အနောက်မှာဘဲဆေးအေး၀င်ထိုင်လိုက်ကာ အစကတော့ဖြေးဖြေးချင်းမောင်းနေပေမဲ့ အရူးထလာတဲ့သူကြောင့် ဂျောင်ဂုမှာထယ်ယောင်းရဲ့ခါးကိုအမြန်ပင်ဖက်ထားရတော့သည်
သူ ဒီလောက်ဆိုက်ကယ်စီးကြမ်းလို့ဘဲဆရာjinကသိမ်းထားရသည်ထင်ပါရဲ့"

🎩 Police Jeon 🎩Where stories live. Discover now