Part_6

34 12 8
                                    

#Unicode

၃နာရီကြာတော့ အတန်းတက်ခြင်းပြီးဆုံးသွားသည်

Tae _ '' ငါတို့အတန်းပြီးသွားပြီဆိုတော့ ဆိုင်တစ်ဆိုင်မှာ သွားထိုင်ကြမလား''

Jimin _  '' ငါတော့ ကိစ္စရှိလို့ မလိုက်နိုင်တော့ဘူး.. စိတ်မဆိုးနဲ့နော် ထယ်ယောင်း ''

Tae _ '' အေးပါ..ဒါဆိုလည်း yoongi မင်းနဲ့ငါပဲ သွားကြတော့မယ်လေ...မင်းတော့အားတယ်မလား ''

Suga _ '' ငါလိုက်လို့ရပါတယ် ''

Jimin _ '' ဒါဆို ငါသွားနှင့်ပြီနော် မင်းတို့တွေ တာ့တာ ''

Jimin မလိုက်နိုင်တော့ ထယ်ယောင်း နဲ့ ယွန်းဂီ Cake ဆိုင်တစ်ဆိုင်တွင် ထိုင်လိုက်သည်

Suga _ '' ထယ်ယောင်းရာ မင်းကို..ဆိုင်ကောင်းကောင်းပြပါဆိုတာ..ဘာလို့ ကလေးကလားကိတ်မုန့်ဆိုင်ကြီး ခေါ်လာရတာလဲ "

Tae _ '' မင်းပဲ ဆိုင်ကောင်းကောင်းလေးဆို ''

Suga _'' ငါပြောတဲ့ဆိုင်ကောင်းကောင်းဆိုတာက ဝိုင်ကောင်းကောင်းလေးနဲ ကောင်မလေးချောချောလေးတွေရှိတဲ့ ဆိုင်မျိုးကိုပြောတာကွ "

Tae _ '' ဟာ...မင်းကလည်း ဝိုင်နဲ့ ကောင်မလေးချောချောတွေက ဗိုက်မပြည့်ဘူးကွ...ဒီကိတ်မုန့်မှအရသာလည်းရှိတယ် ဗိုက်လည်းပြည့်တယ်..ဘယ်လောက်အဆင်ပြေလဲမင်းပဲကြည့်..ငါဒီဆိုင်က စတော်ဘယ်ရီကိတ်ကိုတအားကြိုက်တာ ကိတ်ပေါ်မှာစတော်ဘယ်ရီသီးလေးတွေတောင်  ပါသေး..ငါအရမ်းကြိုက်လို့ ဒီဆိုင်ကိုခဏခဏလာစားနေကျ..မင်းမစားကြည့်သေးပဲနဲ့ မကြိုက်ဘူးလို့ကုန်းအော်မနေနဲ့ "

Suga _'' မင်းဒီလောက်ထိချီးကျူးနေတော့လည်း မပြောတော့ပါဘူး..စားစရာမှာဖို့ Waiter ကိုခေါ်လိုက် ''

Yoongi စကားအပြီး ထယ်ယောင်း Waiter ကောင်မလေးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်

Waiter _ '' အကို ဘယ်လိုကိတ်မျိုးမှာမလဲရှင် ''

Tae _'' ကျွန်တော့်ကို စတော်ဘယ်ရီကိတ်မုန့် ၃ ခုပေးပါ..နောက်ပြီးရင် ကိတ်ပေါ်မှာစတော်ဘယ်ရီသီးများများလည်းထည့်ပေးပါဗျ''

Suga _ '' ဟေ့ယောင် ဘာလို့သုံးခုတောင်မှာလိုက်တာလဲ.. ငါတို့ကနှစ်ယောက်တည်းလေ ''

𝕀'𝕞 ℕ𝕠𝕥 𝕒 𝔾𝕒𝕪Kde žijí příběhy. Začni objevovat