#Zawgyi
"တီတောင် တီတောင် "
အိမ်ကိုဧည့်သည်ရောက်လာတာကို အချက်ပေးတဲ့ Bell ကြောင့် ဂျီမင်သွားပြေးကြည့်လိုက်သည်။
" ဘာအလိုရှိလို့လဲဗျ "
"ဒီကအကိုက ဒီတိုက်ခန်းကို ငှားနေတဲ့ Park Jimin လားရှင့်"
'' ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲဗျ "
''_ဟုတ်ကဲ့..ဒီတိုက်ခန်းကို သူဌေးတစ်ယောက်က စရံငွေပေးချေပြီး ဝယ်သွားပါပြီ "
'' ဟာဗျာ ဘာလို့ရောင်းလိုက်ကြတာလဲ ကျွန်နော်လည်း ပုံမှန်လကုန်တိုင်း အခန်းခငွေချေပေးတာပဲလေ"
'' အဲ့ကိစ္စအတွက် ကျွန်မဘက်က တောင်းပန်ပါတယ်ရှင်။လာဝယ်တဲ့ လူကလည်း မက်လောက်တဲ့ပိုက်ဆံနဲ့လက်ငင်း ငွေချေတာမို့ ကျွန်မတို့လိုစီးပွားရေး လုပ်နေတဲ့သူတွေအနေနဲ့ ငြင်းဖို့ခက်နေလို့ပါ"
'' တော်ပါတော့ဗျာ ခင်ဗျားငြင်းဖို့ခက်နေတာနဲ့ပဲ အခုကျွန်တော်ကနေစရာဘုံပျောက်ပြီ။အကုန်လုံးက ပိုက်ဆံမက်တဲ့လူတွေချည်းပဲ။ခင်ဗျားသွားလို့ရပြီ
ဒီအခန်းထဲကပစ္စည်းတွေသိမ်းရဦးမှာမို့ ၂ ရက်လောက်တော့ စောင့်ပေးပါ "'' ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်။သွားလိုက်ပါဦးမယ်ရှင့် "
Jimin pov _ဘာကျေးဇူးလဲ *သောက်ပိုတွေ*
We don't talk anymore...We don't talk any anyone (ဖုန်းခေါ်သံ)
စိတ်ညစ်နေရတဲ့အထဲ ဝင်လာသော ဖုန်းCall တစ်ခု။
'' Hello.. သားလား "
'' ဟုတ်ကဲ့"
'' မနက်ဖြန် အိမ်ကိုပြောင်းလာခဲ့တော့ အရင်ကမင်းအိမ်နဲ့ကျောင်းနဲ့ဝေးလို့ဆိုတဲ့အကြောင်းပြချက်ကြောင့် အဖေခွင့်ပြုပေးထားတာ.. အခုမင်းကျောင်းပြီးတာ ၂ လလောက်ရှိပြီ ခုထိအိမ်မလာသေးဘူး "
'' အဖေ ကျွန်တော်ဒီမှာအဆင်ပြေပါတယ် တိုက်ခန်းကလည်းကျောင်းတက်ကတည်းကနေလာခဲ့တာအိမ်လိုတောင်ဖြစ်နေပြီ''
'' အခုမင်းမှာ တိုက်ခန်းမှမရှိတော့တာ အဲ့တာကြောင့်အိမ်ကိုလာခဲ့တော့ "