အုပ်...2
"ကဲ ဦးကြီးတို့ မုန့်ပေါင်းလေးစားပါအုံး"
"အေးကွာ ဒို့အရင်ကဆိုမင့်အဖေနဲ့ဦးကြီး ဟိုးရွာတောင်ပိုင်းကမပုဆီကမုန့်ပေါင်းသိပ်ကြိုက်ကြတာကွယ့်"
"ဟုတ်ပ့ဗျာ အဘကလေ မုန့်ပေါင်းဆိုအရီးပုမုန့်ပေါင်းမှစားသဗျ"
"အေးကွယ် ခုမပုရော် နေကောင်းသလားကွယ့်"
"ကောင်းတာမှာဒေါင်ဒေါင်မြည်လို့ဗျာ နို့အရင်တုန်းကလိုတော့ မုန့်ပေါင်းမလုပ်တော့ဘူးဗျ"
"အေးကွယ် အသက်အရွယ်ကလဲ ရလာပြီမလား"
"ဟုတ်ပ့ဗျာ ဟုတ်ပ့"
..ရွာသူကြီးဆိုသူမှာအလွန်ပင်အမ်းဒိတ် ကျလွန်းပါသည်
ပုဆိုးဆိုလဲဟိုးအရှည်ကြီးဝတ်လို့ ...နေသော်တာစွမ်းပြည့်တစ်ယောက် သူကြီးဆိုသူအားကြည့်ရင်းတွေးလိုက်သည်.
"ဒယ်ဒီ "
"ဘာတုန်း မြန်မာလိုပြောစမ်း"
"ဟုတ် အဖေ သားပျင်းလာလို့အဲ့တာ "
"မြို့သားကပျင်းနေပြီဆို ကျုပ်ရွာထဲလိုက်ပြမယ်လေ"
"အေးကောင်းသားကွယ့်မောင်ရင် မင်းညီကိုလိုက်ပြလိုက်ပါကွယ် "
"ဟုတ်ကဲ့ပါဗျ နို့ဒါဆိုကျုပ်တို့သွားကြမလား မြို့သား"
-မသွားးဘူး-
"ဟျောင့်မင်းကိုမေးနေတယ်လေ"
"အာ အင်းးသွားမယ်"
ဆိုကာရှေ့ကကော့တော့ကော့တော့ထွက်သွားသော်
မြို့သားလေး ..မြို့သားတွေကဒီ လိုပဲဆိုးသလား ဟု
တွေးမိလိုက်သည်.."ဟဲ့ အကြီးမမလိုက်သွားဘူးလား"
"လိုက်မှာပေါ့ အဖေကလဲ ဟို ကိုကြီး"
"ဘာများဖြစ်လို့လဲမြို့သူလေး"
"ဟိုလေမနက်က လာသွားတဲ့ အမနွေဦးမေပယ့်ရဲ့ အိမ်ကိုလိုက်ပို့ပေးပါလား"
"နို့ မြို့သူက နွေဦးအိမ်သွားချင်လို့လား"
"ဟီး ဟိုလေ ဒီမှာကအသိလဲမရှိတော့ မိန်းကလေးချင်းဖြစ်တဲ့ အမနွေဦးမေပယ် နဲ့များသူငယ်ချင်းဖြစ်လို့ရမလားလို့ပါ"
"ရပါ့ဗျာ နွေဦးကသိပ်သဘောကောင်းတာဗျ လာလာ ကျုပ်တို့ သွားကြမယ်"
*မမယေ မေလာပြီ*
"မြို့သား အောက်မှာဘာရှိလို့လဲ"
အောက်ကိုပဲတစိုက်မတ်မတ်ကြည့်နေသောမြို့
သားကြောင့် မေးလိုက်မိသည်"ကျွန်တော့ပါကျွန်တော ဘယ်ကြည့်ကြည့်ပေါ့ စပ်ကိုစုတယ်"
"ဟော် ဟုတ်ပါပြီဗျာ"
လမ်းခနလျှောက်ပြီးတော့ နွေဦးတို့အိမ်ရောက်လာသည်
"နို့ ဒါနွေဦးတို့အိမ်ပဲ"
"ဟီး "
"နွေဦး ရေနွေဦး"
သူကြီးခေါ်လိုက်ကြောင့် အထဲမှမိန်းမပျိုလေးထွက်လာသည်
"ခန့် ဘာကိစ္စတုန်း အော် ဧည့်သည်တွေလဲပါတာကို"
"အေး ဒီကမြို့သူက အဖော်မရှိလို့ နင့် အိမ်ခနထားခဲ့မယ်ဟာ"
"ရပါ့တော် ရပါ့လာ မြို့သူလေးကျုပ်နဲ့နေ"
*လာမှာ လာမှာ*
"ဒါဆို နွေဦးစိတ်ချမယ်နော့ ငါမြို့သားကိုရွာထဲလိုက်ပြလိုက်အုံးမယ်"
"စိတ်ချပါတော် စိတ်ချ လာမြို့သူလေးအိမ်ထဲဝင်မယ်"
"ဟုတ် မမ"
*ငါသိနေတယ်နော် မမ*
"ကျုပ်တို့သွားကြမယ်လေ မြို့သား"
"သိတယ် သိတယ် "
အတော်စွာတဲ့မြို့သာကို...!
-----------------------------
တော်တော်မှအဆင်မပြေဖြစ်သွားလား😗
YOU ARE READING
အုပ်....!
Fanfictionသူကြီးနဲ့မြို့သားအမွှေစိန်တို့ရဲ့ ဇာတ်လမ်းလေး! ခန့်သစ္စာမောင် ...နေသော်တာစွမ်းပြည့် နွေဦးမေပယ် ....မေသော်တာစွမ်းပြည့် #OC