အုပ်...3
"ဝါးးလှလိုက်တာ"
"ဒါက ရွာရဲ့ ချောင်းငယ်လေ စမ်းရေကြည်တဲ့"
"ရွာမှာဒီလိုရိုမန့်တစ် နေရာတွေရှိသေးလား"
"ရှိပ့ဗျာ ရှိ့ပ့ ရွာအနောက်ဘက်မှာ တောပန်းလေးတွေပေါက်တဲ့ နေရာရှိတယ် "
"ဟုတ်လား ဟုတ်လား သွားရအောင်"
"မြို့သားတွေက ဒီလိုပဲအပြောင်းလဲမြန်တာလား"
"ဘာဗျ"
"အယ် "
"ခများနော် ကျုပ်စိတ်ကြည်နေချိန်ကောင်းကောင်းနေပါ"
"ဟုတ်ကဲ့ အယ် ကျုပ်ကိုအမိန့်ပေးနေတာလား"
"ဘာဖြစ်ဖြစ် ခများသိပ်ရှည်တာပဲ"
သူ့မှာဘာမှဆက်မပြောနိုင်တော့ပေ
"ကဲပါ လာ နေမဝင်ခင်အိမ်ပြိုင်ရောက်မှဖြစ်မယ်"
"ဘာလို့လဲ"
သူ့အားမျက်လုံးဝိုင်းဝိုင်းကြီးများနှင့်ကြည့်လာသော
မြို့သား ပြောချင်တာကသူသိချင်တယ်ပေါ့"အော် ဘာမှမဟုတ်ပါဘူး လူကြီးတွေမျှော်နေမှာဆိုးလို့"
"မသိပါဘူး ကျွန်တော်ကသရဲတွေဘာတွေ"
"အဟားးးမြို့သားကနောက်တက်တာပဲ"
"နောက်နေတာမဟုတ်ပါဘူးး"
"ကဲပါ့မြို့သားရာသွားရအောင်ပါ"
"ခများပဲစကားမျာနေတာကို"
ကျုပ်အမှားဖြစ်သွားတာလား~
~~~~~
"တောပန်းဆိုတာဒါလေးတွေလား လှလိုက်တာ"
"တောပန်းမမြင်ဖူးတာလား"
"ဟုတ်တယ် ဒါပထမဦးဆုံးပဲ"
"အော် ဒီနေရာကရာဇဝင်ရှိတယ်မြို့သားရဲ့"
"ဟင် "
"မြို့သားသိချင်လား"
"သိချင်တယ် ပြောပြ"
"မပြောပြတော့ပါဘူးဗျာ"
"ဘာဗျ ခများနော်အကျင့်မပုတ်နဲ့ သိချင်အောင်လုပ်ပြီး
မပြောလို့ဘယ်ရမလဲ ပြောဆိုနေ""ဟားးးကျုပ်ကစတာပါဗျာ"
"--"
"ချစ်သူနှစ်ယောက် ဒီရွာမှာ ဖြစ်ခဲ့တဲ့အဖြစ်
တစ်နေ့ လပြည့်ကျော်၂ရက်နေ့လောက်ပေါ့ မိန်းမပျိုလေးတစ်ဦး ရဲ့မွေးရက် .....မိန်းမပျိုလေးကသိပ်ကိုနူးညံ့တာ
အသားအရည်ကဖြူဖွေးနုဖက်ပြီး ပါးစပ်ဖျားကထွက်လာတဲ့ သူမ အသံကလေးက ပိုးသားလိုနူးညံ့ပြီး
လက်ယာမြောက် စောင်းတီးဆရာတစ်ယောက်တီးနေတဲ့
စောင်းသံလေးပမာတင်စားရတဲ့သူမအသံကလေး
မျက်လုံးဝိုင်းဝိုင်းကလေး နှာတံကသွယ်လျလျ မဟုတ်ပေမယ့် အလွန်လှပတင့်တယ်တဲ့မိန်းမပျိုလေးက
မွေးဖွာသည့်ရက်မှာပဲ အချစ်ဦးကိုတွေ့ခဲ့တယ်"ထိုစကားကြားတော့ နေသော်တာစွမ်းပြည့် မစပ်စုပဲမနေနိုင်တော့သောကြောင့် စကားကြားဖျက်ပြောလိုက်သည်
" ဟမ် ခုမှမွေးတာကို မွေးခါစကလေးကအချစ်ဦးတွေ့တယ်တဲ့လား"
"အင်း သူမမွေးတဲ့နေ့မှာ ရွာကို ဓားပြတွေလာတိုက်ကြတယ် ဓားပြဗိုလ်ဟာ ငယ်ရွယ်ခန့်ညားတဲ့ဓားပြဗိုလ်
မိန်းမငယ်ကလေးအိမ်ကိုဓားပြဗိုလ်ဝင်လိုက်တဲ့အချိန်မှာ
မွေးခါစမို့ငိုနေတဲ့ကလေးငယ်ဟာ ချက်ချင်းဆိုသလို
အငိုတိတ်ပြီး မျက်နှာလေးဟာပြုံးရယ်လာတော့တယ်
ကံဆိုးစွာပဲ ကလေးငယ်မိခင်ဟာ မီးတွင်းထဲမယ်ဆုံးပါးခဲ့တယ် ဖခင်ဟာလည်းဓားပြသတ်လို့သေသွားရှာတယ်
ဒါတွေကိုမသိတဲ့ကလေးငယ်ဟာတော့ ဖြူစင်စွာပြုံးနေဆဲ ထိုကလေးငယ်ကိုမြင်တော့ ဓားပြဗိုလ်ဟာ
ချစ်ခင်တွယ်တာစိတ် အလျင်ဖြစ်လာတယ်
ပြီး ကလေးငယ်ကို ဓားပြဗိုလ်ဟာ ကိုင်လိုက်သည့်အချိန်မှာ ကလေးငယ်ဟာ ဓားပြဗိုလ်ရဲ့လက်ကလေးကိုသူ့ပါးစပ်ကလေးထဲထည့်ပြီး သကြားလုံးလေးကိုအရသာခံသလို နေနေတယ် ဓားပြဗိုလ်ဟာ စိတ်မဆိုးသည့်အပြင်
ထိုကလေးငယ်အား ချစ်မိကာ သူ့စခန်းကိုခေါ်လာခဲ့တယ်"ထိုတွင်လည်းနေသော်တာစွမ်းပြည့်တစ်ယောက်စပ်စုမိပြန်သည်.......!
------------------------------------
အဆက်ကလေးနောက်တစ်ပိုင်းမှဆက်တင်ပေးမယ်နော်
ပျော်ရွှင်ဖွယ် သတင်းကျွတ်လပြည့်နေ့ကလေးဖြစ်ပါစေ..

YOU ARE READING
အုပ်....!
Hayran Kurguသူကြီးနဲ့မြို့သားအမွှေစိန်တို့ရဲ့ ဇာတ်လမ်းလေး! ခန့်သစ္စာမောင် ...နေသော်တာစွမ်းပြည့် နွေဦးမေပယ် ....မေသော်တာစွမ်းပြည့် #OC