TFW

3.8K 350 70
                                    

ㄴ That Feeling When ㄱ

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.


ㄴ That Feeling When ㄱ

စာမေးပွဲမဖြေခင် ဆောင်းဟွန်းက ဆောနူအိမ်
ရှေ့ကို ရောက်ခဲ့တယ်။ ဆောနူသိသိချင်း အိမ်
ပေါ်က ပြေးဆင်းမိတာပဲ။ နှင်းခဲတဲ့ထိ အေးနေ
တဲ့အချိန်မှာ ဆောင်းဟွန်းရဲ့ ချွန်ထက်တဲ့ နှာဖျား
ဟာ နီရဲနေပြီး နှုတ်ခမ်းတွေက ထူထဲလှတဲ့အပူ
ငွေ့တွေကို ထုတ်လွှတ်နေတယ်။ လက်နှစ်ဖက်
ကို ကုတ်အရှည်ထဲ ထည့်ထားပြီး အ‌ချမ်းသက်
သာအောင် လမ်းမပေါ်တွင် ဟိုဘက်ဒီဘက်ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေရဲ့။
ဆောင်းဟွန်းက ဆောနူကို ခံစားချက် မျိုးစုံပေး
စွမ်းနိုင်တဲ့ ပထမဆုံးသော လူပဲ။ သူတို့ရဲ့ပတ်သတ်မှုက လက်တွေ့မဆန်ဘူးလို့ ဆောနူအမြဲ
ခံစားနေရတာ။ သူတို့ရဲ့ စတင်ခြင်းကလည်း
အဆုံးသတ်တစ်ခုနဲ့ နီးစပ်နေခဲ့တယ်မဟုတ်လား။
ဆောနူဟာ သူ့ရဲ့တစ်ဦးတည်းသောပတ်ဆောင်း
ဟွန်းကို ရပ်ကြည့်နေမိတယ်။ သူ့မြင်ကွင်းထဲမှာ
ဆောင်းဟွန်းက သူ့မျက်ဝန်းတွေကိုပြန်ကြည့်လာ
ပြီး လက်နှစ်ဖက်ကို ဆန့်တန်းပေးလာတယ်။
သူတို့နှစ်ယောက်ရဲ့ အကွာအဝေးက မကြီးမား
လွန်းပေမယ့် ဆောနူကပြေးပြီး တိုးဝင်မိတယ်။
အဲ့ ဆောင်းရာသီကို စိန်ခေါ်နိုင်တဲ့ ရင်ခွင်တစ်
ခုဆီကို။ဆောနူဘက်က မဖော်ပြဖူးတဲ့ စိုးရိမ်မှုအစိတ်အပိုင်းတွေကို ဆောင်းဟွန်းက ဒီလိုဖြေတယ်။

"ဘာလို့လာတာလဲ"

တစ်နေ့တစ်နေ့ တစ်ဖက်လူ စိတ်မချမ်းသာအောင် တစ်ဆာဆာ ခေါ်နေတတ်သူက ဆောနူ
ပေမယ့် တကယ်ရောက်လာတော့လည်း ပျော်တဲ့
စိတ်ထက် ဝမ်းနည်းစိတ်က ပိုမိတယ်။

"မင်းက လွမ်းတယ်လို့ပြောနေတယ်မလား"

သူ့ရဲ့ ဆံပင်နောက်ဖျားကို ပွတ်သပ်ပေးနေတဲ့
လက်တွေဆီကနေ ဆောနူရုန်းထွက်ပြီး ဆောင်း
ဟွန်းကို စူးစူးရဲရဲ ကြည့်တော့တယ်။

High School Crush : tfwOnde histórias criam vida. Descubra agora