အပိုင်း - ၁ -
အချိန်ကား ၁၂နာရီတိတိ။
နားထဲမှာတဖြည်းဖြည်းဆူလာသည့် တီးတိုးရွတ်ဆိုသံတွေကြောင့် ဝမ်ရိပေါ်မှာအိပ်နေရာက လန့်နိုးလာလေသည်။
ကိုယ်ပေါ်မှာခြုံထားသည့်စောင်တွေကို စိတ်တိုတိုနှင့်ကန်ထုတ်ပစ်လိုက်ပြီး အပေါ်တည့်တည့်ရှိမျက်နှာကျက်ကို စူးစူးဝါးဝါးစိုက်ကြည့်နေမိသည်၊ လုံးဝသည်းမခံနိုင်သည့်အဆုံးမှာတော့ အိပ်ရာပေါ်ကနေ ဝုန်းခနဲ ပြေးဆင်းသွားလေ၏။
ဝမ်ရိပေါ်က အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ဧည့်ခန်းဘက်ကိုအရင်လှမ်းကြည့်သည်၊ ပြီးတော့မှ ခေါက်မွေ့ရာလေးပေါ်မှာထိုင်ပြီး ပုတီးစိတ်ရင်းတရားစာရွတ်နေသည့်အမျိုးသမီးကို အော်ပြောလိုက်သည်။
"မား..အဲ့ဟာတွေချည်းဘဲ တစ်နေ့လုံးရွတ်နေတော့မှာလား?"
နေ့ခင်းဘက်ဖြစ်နေတာတောင် သူ့မားက အိမ်ဧည့်ခန်းကို နေရောင်တစ်စက်လေးမှ အဝင်မခံပေ၊ ဖယောင်းတိုင်ကိုပဲ ၂၄နာရီပတ်လုံးထွန်းထားတတ်သည်၊ ဖယောင်းတိုင်က အလင်းတစ်ခုကိုပဲ အားပြုပြီးနေတာကြောင့် အခန်းကအမြဲတမ်းသုန်မှုန်နေခြင်းသာ။
လူငယ်တစ်ယောက်ဖြစ်တာကြောင့် ဝမ်ရိပေါ်က ခေတ်မီသည့်အတွေးအခေါ်ရှိသူဖြစ်၏၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ပြည်မကိုပြန်လာတာကလည်း ရက်ပိုင်းလေးတင်ရှိသေးတာ ဖြစ်သည်၊ ဒါကြောင့် သရဲတစ္ဆေဆိုတာမျိုးကိုတော့ လုံးဝအယုံအကြည်မရှိပါ၊ ဘယ်လိုနေနေ သူ့မာမားကိုတော့ အစွဲချွတ်ပေးလို့မရပေ။
ကမ္ဘာပေါ်မှာ သရဲဆိုတာမရှိကြောင်းပြောပြလည်း မားကတော့နားမဝင်ပါ၊ စိတ်မကျန်းမာသည့် လူတွေ သပ်သပ်ထင်ယောင်ထင်မှားဖြစ်ပြီး လျှောက်ပြောနေတာဖြစ်ကြောင်း ရှင်းပြလျှင်လည်း မကြားသလို လုပ်နေတတ်၏။
ဝမ်ရိပေါ်ဘက်ကပြောတာ သိပ်များလာပြီဆိုလျှင်တော့ အလိုမကျတော့ဟန်ဖြင့်မျက်မှောင်လေး ကျုံ့သွားပြီး လေသံခပ်အေးအေးဖြင့် တုံ့ပြန်တတ်သည်။
"သားငယ်လေး.. ဒီလောကမှာ မင်းနားမလည်သေးတဲ့ကိစ္စတွေအများကြီးရှိတယ်.. နားမလည်ဘူးဆိုတိုင်း မရှိဘူးပြောလို့မရဘူး.. အရာအားလုံးကို ကံကြမ္မာကသတ်မှတ်ပေးထားတာ"
YOU ARE READING
𝐖𝐡𝐢𝐬𝐩𝐞𝐫𝐬 [ 夜半无人轻私语 ] • COMPLETED •
Fanfiction⚠️ Supernatural, BJYX , Yizhan. I do not own this story. Translated with permission. All rights reserved to the original author : PrimSix Cover : 画娃娃的里斯x