Part B

5.6K 590 44
                                    

အပိုင်း - ၈ -

ရှောင်းကျန့်အမေးကြောင့် ဝမ်ရိပေါ်ခန္ဓာကိုယ်က တောင့်တင်းပြီးမလှုပ်ရှားနိုင်တော့သလို ဖြစ်သွားခဲ့သည်၊ ပါးပြင်နှစ်ဖက်ကပါ ပူတက်လာတာကြောင့် မျက်နှာကရဲတွတ်နေမှာ အသေအချာပင်။

ရှောင်းကျန့်နှင့် အတူရှိရသည့်အချိန်တွေမှာ ကျေနပ်နေမိတာရယ်၊ စကားပြောနေရသည့်အချိန်တိုင်း ပျော်ရွှင်နေမိတာကိုပါ ဝမ်ရိပေါ်ပြန်တွေးမိသွားမိသည်၊ သူကိုယ်တိုင်တောင် သေချာသတိမထားမိသေးသည့် လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခု မမျှော်လင့်ဘဲပေါ်သွားသလိုခံစားနေရပြီး ဘာပြန်ဖြေပေးရမှန်းမသိတော့ဘဲ ထိတ်လန့်သွားခဲ့တာဖြစ်သည်။

သဘောမကျဘူးပြောလျှင်တော့ ကျိန်းသေပေါက်ညာတာပဲဖြစ်သည်၊ သူ့အိပ်မက်၏ပဲ့ကိုင်ရှင် ပန်းကလေးက ရှောင်းကျန့်ဖြစ်နေခဲ့ကတည်းက၊ ရှောင်းကျန့်ကိုငြင်းနိုင်ဖို့နေနေသာသာ၊ ရှောင်းကျန့်နှင့်ပိုပြီးနီးကပ်ချင်စိတ်တွေသာ တဖွားဖွားပေါ်ပေါက်နေခဲ့တာဖြစ်သည်။

ကြိုက်နေတဲ့သူရှိကြောင်း ရှောင်းကျန့်ပြောလာတုန်းက ဝမ်ရိပေါ်မှာဝန်တိုစိတ်နှင့် ပူလောင်ရသည်၊ သေချာတွေးကြည့်လိုက်တော့မှ ရှောင်းကျန့်ကိုမြင်ကတည်းက သူပဲပိုင်ဆိုင်ရမည်ဟု စိတ်ထဲမှာ တိတ်တိတ်လေးသတ်မှတ်ထားလိုက်မိတာ ဖြစ်ရမည်။

ဝမ်ရိပေါ်ဘက်က အတန်ကြာတိတ်ဆိတ်နေတော့ ရှောင်းကျန့်လည်း စိတ်ပျက်သွားဟန်တူပြီး ပြန်ထဖို့ လုပ်လိုက်သည်၊ သို့ပေမဲ့ ဝမ်ရိပေါ်ကပြန်ဖမ်းဆွဲထားပြီး ခန္ဓာကိုယ်ကိုပါ တစ်ပတ်လှိမ့်လိုက်တာကြောင့် ရှောင်းကျန့်မှာ ကြမ်းပြင်နှင့်ကျောကပ်လျက်လေး ပြုတ်ကျသွားတော့သည်။

ဝမ်ရိပေါ်က အပေါ်စီးကနေ ပိုင်စိုးပိုင်နင်းဆန်စွာဖြင့်ကြည့်လာပြီး တုန်ယင်ချင်နေသည့် ရှောင်းကျန့်၏ နှုတ်ခမ်းလေးတွေကို သိမ်းယူငုံထွေးလိုက်တော့သည်။

လူခြေတိတ်နေသည့်အချိန် ကြီးမားလှသည့်ပြဇာတ်ရုံကြီးအတွင်းမှာတော့ သူတို့နှစ်ယောက်၏ နှုတ်ခမ်းချင်း ရောထွေးပူးကပ်နေရာမှထွက်လာသည့် အားမလိုအားမရအသံတွေနှင့်သာ ဖုံးလွှမ်းသွားလေ၏။

𝐖𝐡𝐢𝐬𝐩𝐞𝐫𝐬 [ 夜半无人轻私语 ]  • COMPLETED •Where stories live. Discover now