the transition to love _end

627 94 19
                                    

"မင်းဘာလာလုပ်ပြန်တာလဲ! အခုချက်ချင်းငါ့အိမ်ကထွက်သွား"

"ဒီမှာအန်ကယ် ဟိုဆော့နဲ့ကျနော်နဲ့ကိုအန်ကယ်ခွဲပိုင်ခွင့်မရှိဘူး အခုချိန်ထိဟိုဆော့ကိုကျနော်ပိုင်တယ် အဲ့ဒါအန်ကယ်သိသင့်တယ်ထင်လို့လာပြောတာ"

"ဘာခွေးစကားပြောတာလဲ မင်းတို့နှစ်ယောက်ကွာရှင်းပြီးပြီစိုတာဟိုဆော့ကိုယ်တိုင်ပြောခဲ့တာ"

"ဟုတ်လား ဒါဆိုကျနော်တို့ကွာရှင်းထတယ်စိုတဲ့သက်သေပြပါအုန်း"

ထိုသို့ပြောလိုက်တော့အန်ကယ်ဂျောင်၏နဂါးမျက်စောင်းကသူ့ဆီသို့ဒိုင်းခနဲ

"အိမ်တော်ထိန်းကြီး သားကိုအောက်ဆင်းခဲ့ဖို့ပြောလိုက်ပါ အခုချက်ချင်းဆင်းခဲ့လို့"

အန်ကယ်ဂျောင်ကဒေါသကြီးသူပီပီဒေါသကိုဘဲရှေ့တန်းတင်တတ်တာမို့ သူပြေပြေလည်လည်ဖြေရှင်းဖို့တွေးလိုက်ကာရောက်လာခဲ့ခြင်း ဟိုဆော့ကိုပြန်ထည့်မပေးမချင်းသူတနည်းမဟုတ်တနည်းကြံနေအုန်းမည်သာ ဒေါသထွက်နေသောအန်ကယ်ဂျောင်ကသူ့အားအကောင်လိုက်ဝါးမြိုတော့မည့်ပုံ အရဲစွန့်ပြီသာလာခဲ့ရသည် အန်ကယ်ဂျောင်ကိုသူအရင်တည်းကကြောက်ပါသည် ဟိုဆော့ကသူ့အဖေကိုကြောက်ရသလို သူကလည်းဖေဖေ့ထက်အန်ကယ်ဂျောင်ကိုပိုကြောက်ခဲ့ရပါသည် အခုတော့သူအချစ်အတွက်အရဲစွန့်ဖို့စိတ်ပိုင်းဖြတ်ထားပြီးပြီမို့...

လှေကားပေါ်မှာစူးစမ်းသလိုကြည့်ကာဆင်းလာသောဟိုဆော့ ငိုထားသည်ထင်မျက်လုံးလေးတွေကဖောင်းအစ်လို့ ခနဘဲစောင့်ပါဟိုဆော့ ကိုယ်မင်းကိုရအောင်ပြန်ခေါ်သွားမယ်

"ဟိုဆော့! မြန်မြန်လာ"

အန်ကယ်ဂျောင်၏စကားအဆုံးပြေးဆင်းလာတဲ့လူသားကသူ့ကိုမြင်တော့ခြေလှမ်းတွေရပ်တန့်သွားကာအားနာသလိုမျက်လုံးဝိုင်း‌တွေဖြင့်လှမ်းကြည့်သည်

"ဟိုဆော့ မင်းတို့ကွာရှင်းထားတယ်စိုတဲ့စာချုပ် ဘယ်မလဲ သွားယူခဲ့"

"ဟမ် ဟို.."

"ဘာရပ်နေတာလဲသွားယူခဲ့လို့!"

"မရှိဘူး ဖေဖေ"

The transition to love (complete) Donde viven las historias. Descúbrelo ahora